Related Posts Plugin for WordPress, Blogger...

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် မှ မျိုးစောင့်ဥပဒေလေးမျိုးကို ကန့်ကွက်လှုပ်ရှား သူများအား ခြိမ်းခြောက်ခံရသည်ကို စိတ်ဓာတ်မကျပဲ ဆက်လက်လုပ်ဆောင်ရန် နှင့် လုံခြုံရေးအတွက် OIC နှင့် ကုလ လူ့အခွင့်အရေး အဖွဲ့များက အကူအညီပေးရန် တောင်းဆိုပေးမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ ဇွန် ၁၁ ရက်တွင် လွှတ်တော် အဆောက်အဦအတွင်းရှိ တရားဥပဒေ စိုးမိုးရေး ကော်မတီ အစည်းအဝေးခမ်းမတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေ ကန့်ကွက်ရေးအဖွဲ့များမှ ကိုယ်စားလှယ် ၁၀ ဦးတို့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးစဉ် ဒေါ်အောင်ဆန်းစုကြည်မှ ယခုလိုပြောကြားလိုက်ခြင်းဖြစ်သည်။

“ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ ကန့်ကွက်တယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ် ဒါလုံးဝမဖြစ်သင့်ဘူး လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ။ လုံခြုံရေးအကူအညီပေးဖို့ OIC ကိုပြောပေးမယ် ကုလသမ္မဂ္ဂ လူ့အခွင့်အဖွဲ့တွေကိုလည်း ပြောပေးမယ်။ သတ္တိရှိရှိနဲ့သာ ဆက်လုပ်ကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဆိုသည်။

မျိုးစောင့်ဥပဒေ ကန့်ကွက်ရေးကို ပေါ်ပေါ်ထင်ထင် ကိုယ်တိုင်ပါဝင် လုပ်ဆောင်ပါက နိုင်ငံရေးအရ တိုက်ခိုက်မှု တွေဖြစ်လာနိုင်တာကြောင့် မလုပ်တာဖြစ်ကြောင်း နဲ့ လုပ်ဆောင်နေသူများကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောဆိုခဲ့သည်။
ဒါ့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဒေါ်အောင်ဆန်းစုကြည်မှ လူနည်းစု အစ္စလာမ် ဘာသာဝင်များကို မြန်မာနိုင်ငံအနေဖြင့် ကူညီရမည်ဖြစ်ကြောင်း နှင့် အမျိုးစောင့်ဥပဒေ မလိုအပ်ကြောင်းကို လွှတ်တော် ကိုယ်စားလှယ်များအား ရှင်းပြသွားမည်ဖြစ်ကြောင်းကို အခုလို ပြောကြားခဲ့သည်။

“အဓိကကတော့ တရားဥပဒေ စိုးမိုးရေးမရှိလို့ဖြစ်တာပဲ၊ မြန်မာနိုင်ငံအနေနဲ့ လူနည်းစု အစ္စလာမ် ဘာသာဝင်တွေကို ကူညီရမယ့်အစား အနိုင်ကျင့်တာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်ဆိုတာ တရားဥပဒေစိုးမိုးမှု မရှိသေးဘူးဆိုတာ သက်သေပြတာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အခုချိန်မှာ မျိုးစောင့်ဥပဒေ မလိုသေးဘူးဆိုတာ သိအောင် တက်နိုင်သလောက် ရှင်းပြပေးမယ်။” ဟု ပြောဆိုခဲ့သည်။

ဥက္ကဌနှင့် တွေ့ဆုံခဲ့ခြင်းအပေါ် အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံမှ ဒေါ်သင်းသင်းအောင်မှ "မျိုးစောင့်ဥပဒေ အပိုင်းလေးပိုင်းလုံးဆိုရင် ဥပဒေက မလိုအပ်ပါဘူး၊ အကျိုးရှိမယ်ဆိုတာထက် အကျိုးမရှိပိုများတယ်။ ဒါကြောင့် အဓိကအချက်အလက်တွေကို လာတင်ပြဆွေးနွေးတာဖြစ်တယ်။ မျိုးစောင့် ဥပဒေဖြစ်ပေါ်လာရေး လှုပ်ရှားမှုတွေကဆိုရင် ပဋိပက္ခ ဖြစ်ပွားနိုင်တယ်။ ငြိမ်းချမ်းရေးကို ပျက်ပြားနိုင်တယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာကို လာပြီး တင်ပြတာဖြစ်ပါတယ်”ဟု မီဒီယာများကို ပြောသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ နှင့် လာရောက်တွေ့ဆုံခဲ့သူများမှာ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်မေစံပယ်ဖြူ၊ Rainfall အဖွဲ့မှ ဒေါ်ဇင်မာအောင်၊ မြန်မာ မွတ်ဆလင်အမျိုးသမီးများ ကွန်ယက် နှင့် အခြားကွန်ယက်များမှ ကိုယ်စားလှယ်များ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရမှုအပေါ် ကြေနပ်အားရကြောင်း ခေါင်းဆောင်များက ဆိုသည်။
 
 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ