Related Posts Plugin for WordPress, Blogger...



ရန်ကုန်တိုင်းဒေသကြီး အင်စိန်မြို့နယ်တွင် မေလ ၃၀ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုင်းဘုတ် ဗီနိုင်စအား ဆွဲဖြဲသွားသူ မျိုးချစ်လူငယ်တစ်ဦးကို အင်းစိန်မြို့နယ် ရဲစခန်းက ပြစ်မှုပုဒ်မ ၂၉၄၊ ၅၀၀ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း အဆိုပါရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မြို့ပတ်လမ်း သောင်းထိုက် လက်ဖက်ရည်ဆိုင်ရှေ့တွင် ချိတ်ဆွဲထားသော အလျား သုံးပေ အနံ သုံးပေခန့်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနီရောင် ဗီနိုင်းစအား စိုးလင်းထွန်း (၄၃) နှစ် ယာဉ်မောင်း (ရွှေဧည့်သည်ယာဉ်လိုင်း) အင်းစိန်မြို့နယ် နေသူ "----" ဆိုကာ ဆွဲဖြဲသွားကြောင်း သိရသဖြင့် အဆိုပါ မြို့နယ် NLD မှ အလုပ်အမှုဆောင် တွဲဖက်အတွင်းရေးမှူး ဦးမျိုးမင်းဦးက ယင်းနေရာသို့ သွားရောက်ခဲ့စဉ် မျိုးချစ်လူငယ် စိုးလင်းထွန်းအား မတွေ့ရှိရတော့ပဲ ကြိုက်တဲ့နေရာရှင်းမယ်ဟု သတ္တိရှိရှိ စိန်ခေါ် ပြောဆိုကာ ထွက်သွားကြောင်း ပတ်ဝန်းကျင်နေသူများက ပြောပြသဖြင့် အရေးယူပေးရန် ဦးမျိုးမင်းဦးက တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရေးအတွက် လူထုဆန္ဒသဘောထားလက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် ကောက်ခံနေချိန်ဖြစ်ပြီး မျိုးချစ် ပြည်သူအများအပြားမှ ဆန့်ကျင်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

 www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ