Related Posts Plugin for WordPress, Blogger...

From : 7day

ဒီချုပ်အနေဖြင့် တတ်နိုင်သရွေ့ အဆင့်မီသော၊ ပြည်သူက လေးစားအားကိုးနိုင်သော နိုင်ငံရေးပါတီစနစ်တစ်ခု အမြစ်တွယ်ရေး၊ နိုင်ငံရေးပါတီစနစ်ဖြစ်သဖြင့် ဒီချုပ်သာမက ဒီမိုကရေစီစနစ်အောက်တွင် ပြည်သူလူထုက လက်ခံနိုင်သော နိုင်ငံရေးပါတီများ၏ ရှင်သန်ရေး၊ ကောင်းစားရေးတို့ကို ဦးတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်ထိန်းကျောင်းမှု အားကောင်းလျှင် ပြည်သူလူထု အခြေပြု နိုင်ငံရေးပါတီစနစ်တစ်ခု တည်ဆောက်နိုင်ရေး မြန်ဆန်နိုင်သော်လည်း ဦးဆောင်မှုမထိရောက်လျှင် နိုင်ငံရေးပါတီစနစ် တည်ဆောက်ရေးသည် အပြောသက်သက်သာဖြစ်နိုင်သည်ကိုလည်း သတိပြုသင့်သည်။

ပါတီဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး၊ ပါတီအဆင့်ဆင့်ပြုပြင်ဖွဲ့စည်းရေး၊ ပါတီညီလာခံ ပြန်လည်ခေါ်ယူရေး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုကော်မတီဝင်များကို ဒီမိုကရေစီနည်းကျ ရွေးချယ်ရေးတို့သည် ဒီချုပ် ပါတီတည်ဆောက်ရေးနှင့်ဆက်စပ်သော သေရေးရှင်ရေးလုပ်ငန်းစဉ်များ ဖြစ်သည့်အလျောက် ဒေါ်အောင်ဆန်း စုကြည်၏ ခေါင်းဆောင်မှုနှင့်အတူ ပါတီတည်ဆောက်ရေးကို တထစ်ချင်း၊ တစ်လှမ်းချင်း ပုံဖော်လာနိုင်ခြေရှိ၊ မရှိကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ဒီချုပ်ပါတီကို ပြည်သူက လေးစားအားကိုးနိုင်သော နိုင်ငံရေးပါတီတစ်ခုအဖြစ် တည်ဆောက်လျက်ရှိကြောင်း မိန့်ကြားချက်နှင့်အတူ စကားနောက်တရားပါရန် လိုအပ်သည်။ ပါတီဥက္ကဋ္ဌ၏ မိန့်ခွန်းအလွန် ကာလတွင် ဒီချုပ်ပါတီအနေဖြင့် ဆန်းသစ်ထူးခြားသော ပါတီတည်ဆောက်ရေး ခြေလှမ်းများကို ဗျူဟာမြောက် လှမ်းလာနိုင်မှသာ အပြောနှင့်ညီမည်ဖြစ်သည်။

ဥက္ကဋ္ဌ၏မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲနိုင်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ အနိုင်ရရှိမည်ဟု တွက်ချက်မှုများကို မေးခွန်းထုတ်ခဲ့သည်။ အကယ်စင်စစ် အောက်ခြေပြည်သူလူထုအများစု၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ထောက်ခံမှုကြောင့် ဒီချုပ်ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရမည်ဖြစ်ပြီး ဒီချုပ်ရွေးကောက်ပွဲအောင်ပွဲ သည် အခြေခံဥပဒေပြုပြင်ပြောင်းလဲနိုင်ခြေနှင့် တိုက်ရိုက်ဆက်စပ်သည်ဟု မှတ်ချက်ပြုနိုင်ရန် ခဲယဉ်းသည်။

ပါတီတွင်းပြောရဲဆိုရဲရှိရေး နှင့် ဝေဖန်ရေး၊ အပြုသဘောဝေဖန်ရေးကို ဦးစားပေးရေး၊ လုပ်သင့်လုပ်ထိုက်သောကိစ္စများကို အကြံပြုရေး၊ မလုပ်သင့်ဟုထင်သော ကိစ္စများကို အကြောင်းရင်းများ နှင့်တကွ ဘာလုပ်သင့်သည်ကိုပါ စဉ်းစားအကြံပြုလျက် ပွင့်ပွင့်လင်းလင်းဝေဖန်ရေးတို့အပေါ် အခြေပြုသော ဒေါ်အောင်ဆန်းစုကြည်၏မိန့်ကြားချက်များသည် အားရကျေနပ်ဖွယ် ဖြစ်သည်။ ပါတီတွင်း ပြောရဲဆိုရဲဝေဖန်ရဲအောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လက်တွေ့ကျကျ လမ်းဖွင့်မပေးနိုင်လျှင် မည်ကာမတ္တအဆင့်ထက် မပိုနိုင်ဟုသုံးသပ်မိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် အားနည်းချက်များရှိနေသည်ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အသိအမှတ်ပြုခဲ့သော်လည်း အဆိုပါအားနည်းချက်များကို ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် လိုအပ်သောလမ်းညွှန်မှု၊ တာဝန်ပေးမှုများကို မိန့်ခွန်းတွင် ထည့်သွင်းမပြောကြားခဲ့ပေ။ ပါတီဝင်များအနေဖြင့် ပါတီ၏ စည်းမျဉ်းစည်းကမ်းများလိုက်နာရေးကိုလည်း တိုက်တွန်းခဲ့သည်။ လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်၊ အတွေးအမြင်များကို ဖလှယ်နိုင်ပြီး ကြောက်၍မတင်ပြခြင်းကို ဆင်ခြေတစ်ခုအဖြစ် လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း လက်တွေ့ တွင် ကြောက်၍မတင်ပြခြင်းနှင့် မသိအောင်ထိမ်ချန်ခြင်းတို့ ခေတ်စားနေခြင်းကို မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်ကို လမ်းညွှန်ခဲ့ ခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည် သည် မိန့်ခွန်းများကိုကြိုတင်ပြင် ဆင်ရေးသားထားသင့်သည်။ နိုင် ငံရေးအရ အားကောင်းကျစ်လျစ် သောအသုံးအနှုန်းများ၊ လမ်းညွှန် ချက်များ၊ မူဝါဒများနှင့်လွှမ်းခြုံ ထားသောမိန့်ခွန်းများသည်သာ နိုင်ငံရေးအရအားကောင်းမောင်း သန်နိုင်မည်ဖြစ်သည်။ မူဝါဒများ၊ လမ်းစဉ်များနှင့် ဆက်စပ်သော အရေးကြီးမိန့်ခွန်းများကို ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် စနစ်တကျ ပြင်ဆင်တည်းဖြတ် ပြောဆိုသင့်ကြောင်းကိုလည်း အကြံပြုလိုသည်။

ပထမအကြိမ်ဗဟိုကော်မတီ ပထမအစည်းအဝေးကို ၂၀၁၃ခုနှစ် မေလ ၂၇ရက်နေ့၊ ဒုတိယအစည်းအဝေးကို ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၂၈ ရက်နေ့တို့တွင်ကျင်းပခဲ့သည်။ တတိယအစည်းအဝေးကို ၂၀၁၄ ခုနှစ်ဇွန်လ ၇ ရက်နှင့်၈ ရက်တို့တွင် ကျင်းပခဲ့ပြီး တက်ရောက်ခွင့်ရှိသော ဗဟိုကော်မတီဝင် ၁၁၅ ဦးအနက် ၁၁၀ ဦး တက်ရောက်ခဲ့သည်။ ပါတီမွေးကင်းစ တွင် ဗဟိုကော်မတီအစည်းအဝေးများအကြား ကာလသည် ခြောက်လ၊ ခုနစ်လရှိနေခြင်းထက် ပိုစိပ်စိပ်၊ ရက်ပိုကြာကြာ ကျင်းပသင့်သည်ဟုထင်မြင်မိသည်။

အချုပ်အားဖြင့်ဆိုသော် စစ်မှန်သောဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီဝင် တိုင်းတွင် တာဝန်ရှိသည်ဟု ဒေါ် အောင်ဆန်းစုကြည်၏မိန့်ကြားချက်နှင့်အညီ ဒီချုပ်ပါတီ၏ တိုင်းရင်းသားလူမျိုးစုများဆိုင်ရာ ဗျူ ဟာသစ်၊ ဥပဒေဘောင်ထဲမှ နိုင်ငံရေးကို အဆင့်မြင့်မြင့်လုပ်ဆောင်ရေး စီမံချက်သစ်၊ အဆင့်မြင့်နိုင်ငံ ရေးနှင့်ကိုက်ညီမည့် ပါတီဝင်များ အရည်အသွေးမြှင့်တင်ရေး အစီအမံသစ်၊ ပါတီတွင်းဝေဖန်ရေးကို အားပေးမည့် အစီအမံများနှင့်အတူ မြန်မာ့နိုင်ငံရေး ရှေ့ခရီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပြည်သူကလေးစား အားကိုးသည်ထက် အားကိုးလာနိုင်သော နိုင်ငံရေးပါတီတစ်ခုအဖြစ် တည်ဆောက်ရေးကို မျက်မှောက်ပြုနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိသည်။      ။


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ