Related Posts Plugin for WordPress, Blogger...

From : .. eleven



အီးယူလို နိုင်ငံတကာ အဖွဲ့အစည်းတွေ ငွေကြေး ကျောထောက်နောက်ခံ ပြုထားတဲ့ MPC (Myanmar Peace Center) ကို ၂ဝ၁၂ ခုနှစ်မှာ သမ္မတရုံးဝန်ကြီးတွေက ဦးဆောင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ MPC လိုပဲ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ EBO (Euro Burma Office)၊ UNFC (United Nationalities Federal Council) နဲ့ PI (Pyidaungsu Institute) အဖွဲ့တွေဟာ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ ငွေကြေးထောက်ပံ့မှုတွေကို ဘယ်သူတွေဆီက ရထားတယ်၊ ဘယ်လိုသုံးစွဲမှုတွေ လုပ်ထားတယ်ဆိုတာကို အကြမ်းဖျင်း ပြောဆိုတာတွေ ရှိပေမယ့် သမ္မတရုံးဝန်ကြီးတွေ ဦးဆောင်နေတဲ့  MPC က တိတိကျကျ ထုတ်ပြောတာမျိုး မရှိပါဘူး။ မလွှဲသာလို့ ထုတ်ပြောတဲ့ အခါမှာလည်း ရေရေရာရာ မရှိပါဘူး။

EBO၊ UNFC နဲ့ PI လို အဖွဲ့အစည်းတွေကို တိုင်းရင်းသားတွေက ဦးဆောင်ပြီး ပြည်ပမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေ ဖြစ်တာကြောင့် သူတို့ရဲ့ ငွေကြေးသုံးစွဲမှုကို အစိုးရနဲ့ လွှတ်တော်က စိစစ်ပိုင်ခွင့် မရှိသေးပါဘူး။ ဒါပေမဲ့ MPC ဟာ ပြည်တွင်းမှာ ရပ်တည်နေတဲ့ အဖွဲ့ဖြစ်ပြီး သမ္မတရုံးရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတာကြောင့် အစိုးရနဲ့ လွှတ်တော်ကို အစီရင်ခံဖို့ လိုပါတယ်။ MPC ဟာ သီးခြားကင်းလွတ်ခွင့်ရတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။

MPC ပေါ်ပေါက်ပြီး နှစ်နှစ်တာကာလ ရောက်ချိန်အထိ ဒီအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ ငွေကြေးသုံးစွဲမှုတွေကို လွှတ်တော်မှာ လာရောက်အစီရင်ခံတာမျိုး မရှိသေးပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် လွှတ်တော်တွင်း ဖွဲ့စည်းထားတဲ့ ကော်မတီအဖွဲ့ဝင်တွေ ကိုယ်တိုင် MPC ဘာတွေလုပ်နေလဲဆိုတာ မသိတဲ့သူတွေ အများကြီး ရှိနေပါတယ်။
ဒီနိုင်ငံတကာ ဝန်ထမ်းတွေဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ကိစ္စတွေအပြင် အခြားထိပ်တန်းလုံခြုံရေးနဲ့ တပ်မတော်ကိစ္စတွေကိုပါ အလွယ်တကူ သိရှိနိုင်ကြပါတယ်။ သူတို့ သိရှိထားတဲ့ အချက်အလက်တွေ၊ အစီရင်ခံစာတွေ မြန်မာနိုင်ငံ ပြင်ပကို ပေါက်ကြားမှု မရှိနိုင်ဘူးလို့ ဘယ်သူမှ အာမခံနိုင်ခြင်း မရှိပါဘူး။ ပေါက်ကြားခဲ့ပြီ ဆိုရင်တော့ ယူနတီဂျာနယ် ကိစ္စဟာ အဆပေါင်းများစွာ သေးငယ်တဲ့ကိစ္စ ဖြစ်သွားပါလိမ့်မယ် . . . . . .
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ DVB Debate အစီအစဉ်တစ်ခုမှာ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက MPC နဲ့ လွှတ်တော်ကြားက ချိတ်ဆက်မှု မရှိတာတွေကို ထောက်ပြဝေဖန် ခဲ့ပါတယ်။

MPC ရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားဆောင်ရွက်မှုတွေကို လွှတ်တော်က သဲသဲကွဲကွဲ မသိသလို ငွေကြေးအထောက်အပံ့ ကိစ္စတွေကိုလည်း လွှတ်တော်က မသိပါဘူး။

(၃)
MPC ရဲ့ ဖွဲ့စည်းပုံအရ သူ့ရဲ့အထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ရှိပါတယ်။ ဒီနှစ်ဖွဲ့ကို သမ္မတက ဦးဆောင်ဖွဲ့စည်းပေးထားတာပါ။ MPC ရဲ့ ဘေးတိုက်ဆောင်ရွက်မှုမှာ အထူးအကြံပေး အဖွဲ့နဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ၊ နိုင်ငံတကာ အလှူရှင်တွေ ရှိပါတယ်။ MPC ရဲ့အောက်မှာ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး၊ အစီအစဉ် ညွှန်ကြားရေးမှူးများ၊ တွဲဖက်အစီအစဉ် ညွှန်ကြားရေးမှူးများ၊ လက်ထောက်အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးဆိုပြီး ခွဲထားပါတယ်။  

အဲဒီလူတွေက အပစ်ရပ် ညှိနှိုင်းဆွေးနွေးရေး အစီအစဉ် (CFN)၊ ငြိမ်းချမ်းရေးစကားဝိုင်း (PD)၊ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေး အစီအစဉ်၊ ပေါင်းကူးနှင့် လူထုဆက်ဆံရေး အစီအစဉ် (ODP)၊ မြေမြှုပ်မိုင်းဖော်ထုတ်ရေး စင်တာ (MMAC)၊  အုပ်ချုပ်ရေးနှင့် အထောက်အကူပြုဌာန (ASD) ဆိုတာတွေ ခွဲပြီး လုပ်ဆောင်ရပါတယ်။

 
ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနအား တွေ့ရစဉ်
နှစ်နှစ်တာ ကာလအတွင်းမှာ အပစ်ရပ် ညှိနှိုင်းဆွေးနွေးရေး အစီအစဉ်ကိုပဲ သိသိသာသာသာ တွေ့ရပါတယ်။ ကျန်တာတွေက မထင်ရှားသလို ဘယ်လောက်အတိုင်းအတာအထိ ပြီးမြောက်အောင်မြင်နေသလဲ ဆိုတာလည်း မသိရသေးပါဘူး။

သူတို့ရဲ့ လုပ်ငန်းအစီရင်ခံစာ၊ ငွေကြေးသုံးစွဲမှု အစီရင်ခံတွေက အလှူရှင် အဖွဲ့တွေဆီပဲ သွားနေသလား၊ သမ္မတရုံးကိုပဲ ရောက်နေသလားဆိုတာ မသိရပါဘူး။ လွှတ်တော်နဲ့ ပြည်သူတွေကလည်း ဘာတစ်ခုမှ သိရတာ မရှိသေးပါဘူး။

လွှတ်တော်က မသိလိုက်တဲ့ ကိစ္စတွေထဲမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ကားပါမစ်ထုတ်ပေးတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။ ဒီလို ကားပါမစ် ထုတ်ပေးတဲ့အခါ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်မှတ်ထိုး ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေး ကားပါမစ်တွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အခြေအနေ တိုးတက်လာတာ မရှိပေမယ့် ပြည်သူတွေအတွက် အခွန်ငွေ ဘီလျံ ရာနဲ့ချီပြီး ဆုံးရှုံးခဲ့ရပါတယ်။

(၄)
MPC ကို ပြောတဲ့အခါ နိုင်ငံတကာ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေကြေးနဲ့ လုပ်ငန်း၊ ဝန်ထမ်းအသုံးစရိတ်တွေကို ပြောရပါလိမ့်မယ်။

နိုင်ငံတကာရဲ့ အထောက်အပံ့လို့ ပြောတဲ့အခါ MPC ဖြစ်ပေါ်လာဖို့ အဓိက ငွေကြေးကူညီခဲ့တာက အီးယူ (ဥရောပသမဂ္ဂ) ဖြစ်ပါတယ်။ နော်ဝေအခြေစိုက် Peace Doner Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ နီပွန်ဖောင်ဒေးရှင်း အပါအဝင် Myanmar Egress ကတစ်ဆင့် ရောက်လာတဲ့ နိုင်ငံတကာ အလှူငွေကိုလည်း ရရှိနေပါတယ်။

အီးယူက MPC ကို ကနဦး လှူဒါန်းမှုအဖြစ် အမေရိကန်ဒေါ်လာ ကိုးသိန်းပေးထားပါတယ်။ ၂ဝ၁၃ ခုနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၉ သန်း အထောက်အကူ ပေးမယ်လို့ ကတိပြုထားပါတယ်။ PDSG၊ MPSI တို့က အခုချိန်အထိ ဘယ်လောက်ပေးထားပြီလဲဆိုတာ မသိရသေးပါဘူး။ MPSI ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ အမေရိကန်ဒေါ်လာ သန်း ၇ဝ ထောက်ပံ့ဖို့ ရှိပါတယ်။

၂ဝ၁၃ ခုနှစ် မတ်လထဲမှာ MPC အထူးအကြံပေး ဦးတင်မောင်သန်းရဲ့ ထုတ်ဖော်ပြောကြားချက်အရ PDSG က တစ်ဖွဲ့ချင်း၊ တစ်နိုင်ငံချင်းစီက ကတိပြုထားတဲ့ အမေရိကန်ဒေါ်လာ ငါးသန်းစီနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃ဝ လှူဒါန်းဖို့ ကတိပြုထားတယ်လို့ ဆိုပါတယ်။
အကြမ်းဖျင်း အချက်အလက်တွေအရ MPC ဟာ ၂ဝ၁၃ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ သန်း ၁၃ဝ ထက်မနည်း ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘယ်လောက် ရရှိထားသလဲ ဆိုတာနဲ့ ဘယ်လိုသုံးစွဲနေသလဲဆိုတာ သူတို့ကိုယ်တိုင်သာ အသိဆုံး ဖြစ်မှာပါ . . . . .
ဒါပေမဲ့ MPC ရဲ့ ဘတ်ဂျက်နဲ့ အခြားရရှိထားတဲ့ နိုင်ငံတကာ ငွေကြေးအထောက်အပံ့ အတိအကျကို ဦးတင်မောင်သန်းက အသေးစိတ် ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။ MPC ရဲ့ ဘတ်ဂျက်ကို အဓိက ထောက်ပံ့နေတာက အီးယူဖြစ်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နေတဲ့ Myanmar Peace Monitor ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ MPC ဟာ အီးယူအပြင် ကုလသမဂ္ဂ UNOPS ကနေ အမေရိကန်ဒေါ်လာ ၄၇၇၄၂၆ နဲ့ ဂျပန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် နိုင်ငံတကာက လှူဒါန်းထားတဲ့ ငွေကြေးပမာဏနဲ့ ချေးငွေကတိပြုမှုက ၂ဝ၁၃ ခုနှစ် မေလက စက်တင်ဘာအထိ ငါးလတာ ကာလထဲမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိနေပါတယ်။

ဒီအထဲမှာ MPC က ဘယ်လောက်ရရှိထားသလဲဆိုတာ မသိရသေးပါဘူး။ နောက်တစ်ချက်က သမ္မတရုံးကပဲ ဦးဆောင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟိုကော်မတီရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒီကော်မတီက ပုံမှန်အစည်းဝေးတွေ လုပ်နေပေမယ့် ရရှိငွေ၊ သုံးစွဲငွေတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပြည်သူတွေ မသိရှိရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရရှိထားတဲ့ အကြမ်းဖျင်း အချက်အလက်တွေအရ MPC ဟာ ၂ဝ၁၃ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ သန်း ၁၃ဝ ထက်မနည်း ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘယ်လောက် ရရှိထားသလဲ ဆိုတာနဲ့ ဘယ်လိုသုံးစွဲနေသလဲဆိုတာ သူတို့ကိုယ်တိုင်သာ အသိဆုံး ဖြစ်မှာပါ။

ဒါပေမဲ့ ပြည်ပငွေကြေး အထောက်အပံ့တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လွှတ်တော်ကို လာရောက်အစီရင်ခံတာ ရှိပေမယ့် MPC က တစ်ကြိမ်မှ လာရောက်အစီရင်ခံခြင်း မရှိတာက အံ့ဩစရာ ဖြစ်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၉၆ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၁၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍမှာ ဖော်ပြထားချက်အရ နိုင်ငံခြားသုံးငွေ ထိန်းသိမ်းကြီးကြပ်ရေးနဲ့ ပြည်ပမှ ငွေကြေးအကူအညီနှင့် အထောက်အပံ့ ကိစ္စတွေမှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြု၊ ပြင်ဆင်၊ ပယ်ဖျက်ပိုင်ခွင့် ရှိပါတယ်။

(၅)
MPC ရဲ့ လစာပေးမှုကလည်း အခုချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ MPC ရဲ့ အစီအစဉ် ညွှန်ကြားရေးမှူး တစ်ဦးရဲ့ လစာဟာ အမေရိကန်ဒေါ်လာ ၁၂ဝဝဝ ကနေ ၁၅ဝဝဝ အထိ ရနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အဲဒီသတင်းတွေကို မှန်၊ မမှန် တရားဝင်ငြင်းဆိုတာမျိုး မတွေ့ရသေးပါဘူး။

သူတို့ရဲ့ ဘတ်ဂျက်သုံးစွဲမှုကို တရားဝင် မေးခွန်းမေးတဲ့ အခါတွေမှာလည်း အီးယူ ဒါမှမဟုတ် နိုင်ငံတော်သမ္မတရုံးကို မေးဖို့ ပြန်ဖြေတာတွေ ရှိခဲ့ပါတယ်။ သူတို့ကိုယ်တိုင် ပြတ်ပြတ်သားသား ဖြေဆိုတာ မရှိပါဘူး။

နောက်တစ်ချက်က အီးယူကနေ ခန့်အပ်ထားတဲ့ နိုင်ငံတကာ ဝန်ထမ်းတွေနဲ့ MPC ရဲ့ ဆက်နွှယ်မှုမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှိနေပါတယ်။ ဒီကြားထဲမှာ MPC နဲ့ဆက်နွှယ်သူတွေလို့ ယူဆနိုင်တဲ့ The Office of Tony Blair က ဝန်ထမ်းတွေဆိုရင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ရုံးမှာ ရုံးထိုင်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီနိုင်ငံတကာ ဝန်ထမ်းတွေဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ကိစ္စတွေအပြင် အခြားထိပ်တန်းလုံခြုံရေးနဲ့ တပ်မတော်ကိစ္စတွေကိုပါ အလွယ်တကူ သိရှိနိုင်ကြပါတယ်။ သူတို့ သိရှိထားတဲ့ အချက်အလက်တွေ၊ အစီရင်ခံစာတွေ မြန်မာနိုင်ငံ ပြင်ပကို ပေါက်ကြားမှု မရှိနိုင်ဘူးလို့ ဘယ်သူမှ အာမခံနိုင်ခြင်း မရှိပါဘူး။ ပေါက်ကြားခဲ့ပြီ ဆိုရင်တော့ ယူနတီဂျာနယ် ကိစ္စဟာ အဆပေါင်းများစွာ သေးငယ်တဲ့ကိစ္စ ဖြစ်သွားပါလိမ့်မယ်။

အသေးစိတ် တရားဝင် ထုတ်ဖော်ပြောဆိုတာ မဟုတ်ဘဲ အခြားရရှိတဲ့ သတင်းတွေအရ MPC မှာ နိုင်ငံခြားသား အကြံပေး ၆ဝ၊ ၇ဝ လောက် ရှိနေတယ်လို့ သိရပါတယ်။

MPC ရဲ့ တရားဝင်ပြောဆိုချက်တွေမှာတော့ MPC မှာ အထက်ပိုင်းကနေ အောက်ခြေအထိ အချိန်ပိုင်းဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်းအင်အား ၃ဝ-၄ဝ လောက်ရှိပြီး သူတို့တွေကို အီးယူက လစာပေးထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် နိုင်ငံတကာက လှူဒါန်းထားတဲ့ ငွေကြေးပမာဏနဲ့ ချေးငွေကတိပြုမှုက ၂ဝ၁၃ ခုနှစ် မေလက စက်တင်ဘာအထိ ငါးလတာ ကာလထဲမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိနေပါတယ် . . . . .
လောလောဆယ်မှာ သမ္မတရုံး ကျောထောက်နောက်ခံပြု MPC ရဲ့ ဘတ်ဂျက်ကို ထောက်ပံ့ထားတဲ့ အီးယူက ဝေဖန်ခံနေရပါတယ်။ ဒီအကြောင်းတွေကို ဧရာဝတီ မဂ္ဂဇင်းရဲ့ အယ်ဒီတာ ကိုအောင်ဇော်က ‘ဦးနေဝင်းရဲ့ အိမ်နီးချင်းသစ်’ ဆိုပြီး ဧရာဝတီမဂ္ဂဇင်းမှာ ဆောင်းပါးရေးခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်ဇော်ရဲ့ ဆောင်းပါးထဲမှာ အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Roland Kobia ဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းရဲ့ ဆွေမျိုးတွေ ပိုင်ဆိုင်တဲ့ အေဒီလမ်း နေအိမ်တစ်ခုကို တန်ဖိုးမြင့်ဈေးနှုန်း (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈ဝဝဝဝ-၁ဝဝဝဝဝ ကြား ဖြစ်နိုင်ပါတယ်) နဲ့ ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အီးယူလေက်အောက်ခံဖြစ်တဲ့ ဥရောပ ကော်မေရှင်ရုံးကိုလည်း လှည်းတန်းစင်တာ ခြောက်ထပ်မှာ ပြောင်းရွှေ့ဖွင့်လှစ် ထားပါတယ်။ လှည်းတန်းစင်တာကို ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါလ်လုပ်ငန်းစုက ပိုင်ဆိုင်ပါတယ်။ လှည်းတန်းစင်တာ ဆောက်လုပ်ဖို့အတွက် အဓမ္မ ဖယ်ရှားခံထားရတဲ့ မူလပိုင်ရှင်တွေနဲ့ အေးရှားဝေါလ် ကုမ္ပဏီကြားမှာ လျော်ကြေးမရမှုတွေ အပါအဝင် အခြားမမျှတမှုတွေကို မဖြေရှင်းနိုင်သေးတဲ့ ကာလမှာပဲ ဥရောပကော်မရှင်ရုံးကို လှည်းတန်းစင်တာမှာ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါတွေဟာ MPC ကို ဘတ်ဂျက်ထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ အီးယူရဲ့ လက်ရှိအခြေအနေ ဖြစ်ပါတယ်။ MPC ကို ကူညီမှုတွေ ပေးနေတဲ့ နော်ဝေအစိုးရ ဆိုရင်လည်း မြန်မာ့အရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ သူ့နိုင်ငံတွင်းမှာ ဝေဖန်ခံနေရပါတယ်။

(၆)
လွှတ်တော်အမတ်တွေကတော့ MPC ဟာ လွှတ်တော်ကို ဂရုမစိုက်ဘဲ သမ္မတရုံးနဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ မျက်နှာကိုပဲ ကြည့်တယ်လို့ ဝေဖန်ခဲ့တာတွေ ရှိပါတယ်။ MPC ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာလည်း ဒီဝေဖန်မှုတွေကို အားကောင်းစေပါတယ်။ MPC ထဲမှာ အဓိက လှုပ်ရှားနေသူတွေဖြစ်ပြီး တစ်ချိန်က တတိယအုပ်စုလို့ နာမည်ကြီးသူတွေဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဦးသီဟန်မျိုးညွန့်တို့ဟာ နိုင်ငံတော်သမ္မတရဲ့ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးအကြံပေး ကောင်စီမှာ ပါဝင်နေသူတွေဖြစ်ပြီး မကြာသေးမီ အချိန်ကပဲ ဒေါက်တာကျော်ရင်လှိုင်ဟာ သမ္မတရဲ့ ပညာရေးအကြံပေး အဖွဲ့ဝင် ဖြစ်လာပါတယ်။

 
နေရပ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ရှောင်တိုင်းရင်းသားများ နေထိုင်သည့် ကချင်ပြည်နယ် မန်ဝိန်းကြီး ဒုက္ခသည်စခန်း တစ်နေရာ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဘယ်လိုပဲဖြစ်ဖြစ် MPC ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတိုင်းဟာ သမ္မတနဲ့ သမ္မတရုံးနဲ့လည်း သက်ဆိုင်နေပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခြင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြီးသွားရင် MPC ကို ဖျက်သိမ်းမှာလား ဆိုတာလည်း မသေချာပါဘူး။ တပ်မတော်၊ အစိုးရနဲ့ လွှတ်တော်က မသိဘဲ MPC ဘာတွေလုပ်နေလဲ ဆိုတာကို သိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ နိုင်ငံတကာ ငွေကြေးထောက်ပံ့မှုတွေ ဘယ်လောက်ရရှိနေပြီလဲ ဆိုတာနဲ့ အဲဒါတွေကို ဘယ်လိုအချိုးကျ သုံးစွဲနေသလဲ ဆိုတာကို တာဝန်ခံ ရှင်းလင်းဖို့ လိုအပ်နေပါတယ်။ ငြိမ်းချမ်းရေးအတွက် ငွေကြေးသုံးစွဲမှုတွေမှာ အဂတိလိုက်စားမှု မရှိဘူးဆိုရင်လည်း မရှိတဲ့အကြောင်းကို စာရင်းအတိအကျနဲ့ ဖော်ပြဖို့ လိုအပ်ပါတယ်။

အကယ်၍ အလွဲသုံးစား ပြုလုပ်မှုတွေ၊ အဂတိလိုက်စားမှုတွေ ရှိနေပြီ ဆိုခဲ့ရင်တော့ ဒီအစိုးရလက်ထက်မှာတင် မကဘဲ နောက်အစိုးရ လက်ထက်မှာပါ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ MPC က မဖြေရှင်းတဲ့ ကိစ္စတွေ၊ စာရင်းမရှင်းတဲ့ ကိစ္စတွေကို မီဒီယာတွေက မှတ်တမ်းတင်ထားမှာပါ။

မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး မရသေးသလို MPC ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကလည်း ရလဒ်မထွက်သေးပါဘူး။ ဒီအချိန်မှာ MPC နဲ့ တိုင်းရင်းသား အဖွဲ့တွေအကြား၊ MPC နဲ့ နိုင်ငံတကာ အလှူရှင် အဖွဲ့တွေအကြား၊ MPC နဲ့ သမ္မတအကြား၊ MPC နဲ့ သမ္မတရုံးအကြား လွှတ်တော်ကို အစီရင်မခံဘဲ ဘယ်လို အပေးအယူတွေ ရှိနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ အခုထက်ပိုတဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင်တော့ MPC ဟာ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုအဖြစ် မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ