Related Posts Plugin for WordPress, Blogger...

From : .. ပြည်သူ့အာဏာ


ရဟန်းသံဃာများ မဲပေးပိုင်ခွင့် ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လိုအပ်သည် ဟာ တောင်ငူမြို့နယ်တွင် ပြုလုပ်သည့် လူထု ဟောပြောပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားပြီးနောက် အဆိုပါ စကားမှာ သံဃာနှင့် ဓမ္မအတွက် အန္တရာယ် ရှိသည်ဟု ဝေဖန်လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဟောပြောပွဲတွင် ပြည်သူလူထုနှင့် အမေးအဖြေပြုလုပ်ရာ၌ သံဃာတော် တစ်ပါး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ၀ဲကြီးကျေးရွာမှ ဦးတိလောက ၏ မေးမြန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရဟန်းသံဃာတော်များ မဲပေးခွင့် ဖယ်ထားသည့် ဥပဒေပုဒ်မကို ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူများ ဆန္ဒအရ ပြောင်းလဲနိုင်ကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်လျှင် သံဃာတော်များ မဲပေးခွင့် ရရှိလာစေမည် ဖြစ်ကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် အရေးကြီးကြောင်း ပြောကြားသည်။

“ဒါကတော့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာကတည်းက ရဟန်းသံဃာတွေ နိုင်ငံရေးနဲ့ ကင်းရှင်းအောင်၊ သာသနာတော် တည်တံ့ပြန့်ပွား ရေးကိုပဲ ဇောက်ချလုပ်နိုင်အောင် ချမှတ်ခဲ့တာ လို့ ကျွန်တော် တော့ နားလည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်း ရဟန်းသံဃာတွေ ပါတီနိုင်ငံရေးကိစ္စတွေနဲ့ မရောထွေးဖို့ တိုင်းသိပြည်သိ ပြောကြားခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေ စိတ်ဝမ်းကွဲပြားပြီး ဟိုပါတီက ဘုန်းကြီး၊ ဒီပါတီက ဘုန်းကြီး ဒီလိုမျိုး အကွဲအပြဲတွေ ဖြစ်လာရင် ဗုဒ္ဓဘာသာ ဒုက္ခရောက်သွားမယ် ဆိုပြီး ရှုမြင်ခဲ့တာပဲ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘာသဘောနဲ့ ပြောသလဲ ဆိုတာတော့ အသေအချာ မသိဘူး။ သံဃာတွေ မဲပေးခွင့် ရအောင် လုပ်ပေးမယ်၊ ဒီလိုလုပ်ဖို့ ၄၃၆ ပြင်ပေး ဆိုတာကတော့ သိပ်ပြီး အန္တရာယ်များတယ် လို့ ထင်တယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

“သံဃာနဲ့ နိုင်ငံရေး၊ စည်းတားထားတာကို ဖယ်ရှားပစ်တော့မယ့် သဘောလား။ ဒါဆိုရင်တော့ ဘာသာ သာသနာအတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်သလား ဆိုရင်တော့ အများကြီး စဉ်းစားဖို့ လိုတယ်။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားက သံဃာနဲ့ ဓမ္မအတွက် အန္တရာယ် ရှိတယ် လို့ပဲ ပြောချင်တယ်။ နိုင်ငံရေး ကိစ္စတွေမှာ သံဃာတော်တွေ ပါဝင်သင့်သလား ဆိုတာကတော့ ၀ိနည်း၊ စည်းမျဉ်းတွေ အရ မပါဝင်သင့်ဘူး လို့ပဲ ဦးဇင်းကတော့ ယူဆတယ်။ ဆရာတော်ကြီးတွေ သွားမေးကြည့်ရင်တော့ ပိုပြီး တိတိကျကျ သိနိုင်မယ် ထင်တယ်။ ဘာပဲ ပြောပြော ဒီလိုစကားမျိုးက သေသေချာချာ လေ့လာသုံးသပ်ပြီးမှ ပြောသင့်တဲ့ စကား ဆိုရင် မမှားဘူး” ဟု ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် ရွေးကောက်ပွဲများတွင် ရဟန်းသံဃာများ မဲပေးပိုင်ခွင့် ရရှိအောင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဟူသော တိုက်တွန်းချက်နှင့်ပတ်သက်၍ ရဟန်းသံဃာများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။  

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ