Related Posts Plugin for WordPress, Blogger...



ယနေ့ နံနက်ပိုင်းက တောင်တွင်းကြီးခရိုင် မြိုသစ်မြို့နယ် ၊ နင်းဂျန်းရွာ အနီးယနေ့နံနက် ၁၀ နာရီ ခွဲခန့်က လေယာဉ်တစီး ပျက်ကျသွားကြောင်း သတင်းရသည်။ မြို့သစ်အနောက်တောင်ဘက် နင်ကြမ်းကျေးရွာအနီး တွင်MiG 29 အမောင်းသင်လေယာဉ် UB တစ်စင်းလေ့ကျင့်ရင်း ပျက်ကျခဲ့ကြောင်း သိရသည် ။

ယာဉ်ပေါ်ပါ လေယာဉ်မှူး ဒုမှူးကြီး နှင့် ဗိုလ်ကြီးတစ်ဦး အရေးပေါ် ထွက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ဒေသခံတစ်ဦးမှလည်း အဆိုပါလေယာဉ်မှာ ဇွန် ၁ဝ ရက် နံနက် ၈ နာရီနှင့် ၉ နာရီအချိန်ကတည်းက ပျံသန်း နေသည်ကို ရွာသားများကတွေ့ ရှိပြီး ဇွန် ၁၁ ရက်တွင် ပျက်ကျ ခဲ့ခြင်းဖြစ်ကာ လေယာဉ်၏ တောင် ပံတစ်ခုသည် ယောင်းမငရွာ၏ မြောက်ဘက်တွင်ကျခဲ့ပြီး လေ ယာဉ်မှူးနှစ်ဦးမှာ လေယာဉ်ပေါ် မှလေထီးဖြင့် ခုန်ချခဲ့ကြောင်း မျက်မြင်တွေ့ခဲ့ကြသည့် ဒေသခံ ရွာသားများကပြောသည်။
ယောင်းမငရွာမှဒေသခံဦး ဝင်းနိုင်ထွန်းက ''ယောင်းမငရွာ ကိုကျမှာစိုးတဲ့အတွက် ရွာနား က ရင်းချောင်းကြီးရှိတဲ့အထဲကို ထိုးကျအောင်မောင်းတယ်။ ဒါ ပေမဲ့ အဲနေရာထိမရောက်ဘဲ ရွာအကျော်က လက်ပံတောကန် ဘေးနားကို ပျက်ကျသွားတာလို့ ပြောတာကြားတယ်''ဟုပြောသည်။



ယခုလေယာဉ် ပျက်ကျမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လေယာဉ် ပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်အရာ ရှိကြီးတစ်ဦးက''အခုဖြစ်စဉ်က လေယာဉ်က ဟိုက်ဒရောလစ် ဖေးလ်ဖြစ်ပြီး ဖလိုက်ကွန်ထရိုး လုပ်လို့မရတော့လို့ ပျက်ကျတယ် လို့ယူဆလို့ရပါတယ်။ လေယာဉ် အနိမ့်ပျံသန်းမှုလေ့ကျင့်ခန်းဖြစ် လို့ အမြင့်ပေ ၂ဝဝဝ အောက် မှာသာ ပျံသန်းနေတာပါ။ ဒီအ မြင့်ပေမှာ လေယာဉ်မောင်းသူ တွေက ဘေးအန္တရာယ်ကင်းစွာနဲ့ ခုန်ချလွတ်မြောက်နိုင် ဖို့ဆို တာ အလွန်ခက်ခဲ ပါတယ်။ ဒါကို လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပြည့် ဝလို့သာ အခုလိုမျိုးအသက်ဘေး က လွတ်မြောက်ခဲ့ခြင်းလို့ဆိုနိုင် တယ်''ဟု သုံးသပ်ပြောကြားခဲ့ သည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ