Related Posts Plugin for WordPress, Blogger...


ဘိုကိုဟာရမ် အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားသည့် ကျောင်းသူလေးများထဲမှ ချီဘော့ အမျိုးသမီးငယ် ကျောင်းသူလေးမှ သူမ၏ ရင်နင့်ဖွယ်ဖြစ်ရပ်အား ပြန်ပြောပြခြင်းဖြစ်သည်။ အဆိုပါ ကျောင်းသူလေးမှာ မွတ်ဆလင်အကြမ်းဖက်သမားများ လက်ထဲက မလွတ်မြောက်ခင်အထိ အစ္စလမ္မစ် ၁၅ ယောက်က သူမကို တစ်နေ့ ၁၅ ကြိမ် နေ့စဉ် မုဒိမ်းကျင့်တာကို ခံခဲ့ရသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တသုံးပတ်က မိန်းကလေး များ ဖမ်းဆီးခံခဲ့ရခြင်းမှာ ၎င်းအဖွဲ့၏လက်ချက် ဖြစ်ပြီး ဖမ်းဆီးထားသည့် မိန်းကလေး များကို ကျွန်အဖြစ်ရောင်းစားမည်ဟု ဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင် အဘူဘာကာရှီကာယူက ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ဖမ်းဆီးခံရသည့် မိန်းကလေးများ၏ ကံကြမ္မာအတွက် စိုးရိမ်ပူပန် မှုများ မြင့်တက်လာခဲ့သည်။

ထို့ပြင် ဘိုကိုဟာရမ်အဖွဲ့သည် ဒေသတွင်း၊ သို့မဟုတ် နယ်ပယ်တစ်ခုရှိ အဆိုးရွားဆုံး အကြမ်းဖက် အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ် ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ ဧပြီလ ၁၄ ရက်နေ့ နိုက်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်း ချီဘို့ခ်မြို့ရှိ ကျောင်းတစ်ကျောင်းမှ က ဖမ်းဆီးသွားခဲ့သော အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား ကျောင်းသူ ၂၂၀ ကျော်ကို ချက်ဒ် နျင့် ကင်မရွန်းတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများသို့ ဘိုကိုဟာရမ်အဖွဲ့က ရောင်းစားလိုက်ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လျက် ရှိကြောင်း အမေ ရိကန်အရာရှိများကပြောကြားခဲ့သည်။

သို့သော် အဆိုပါ မိန်းကလေးများကို ယင်းတို့၏နိုင်ငံ များသို့ ရောင်းစားခဲ့ခြင်းမရှိကြောင်း ချက်ဒ်နှင့် ကင်မရွန်းအစိုးရတို့က ပြောကြားခဲ့သည်။ နိုက်ဂျီးရီးယားနိုင်ငံ၌ မိန်းကလေးများ အဓမ္မဖမ်းဆီးခံရခြင်း နှင့် ပတ်သက်ပြီး တစ်ကမ္ဘာလုံး စိုးရိမ်မှုများ မြင့်တက်နေသည့်အချိန်နျင့် လုံခြုံ ရေးပိုင်းစိုးရိမ်ရသည့် အခြေအနေတွင် ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို ယင်း၏မြိုကတော်ဖြစ်သော အဘူဂျာ၌ မေလ ၇ ရက်နေ့ က စတင်ကျင်းပခဲ့ သည်။

 .. www.MyanmarExpress.net
 

Posted by Unknown on 6/11/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ