Related Posts Plugin for WordPress, Blogger...

တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်
ဆိုင်မှု အငြင်းပွားနေတဲ့ ရေပိုင်နက်အ
တွင်းက ကျွန်းပေါ်မှာ တာဝန်ကျနေတဲ့
တရုတ် စစ်မှုထမ်းတွေရဲ့ သားသမီးတွေ

ကျောင်းတက်လို့ရနိုင်အောင် တရုတ်အစိုးရက စာသင်ကျောင်းတကျောင်း တည်ဆောက်နေပါတယ်။

 လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စတင် တည်ရှိခဲ့တဲ့ ဒီ စစ်စခန်းအတွက် အခုလို စာသင်ကျောင်း တည်ဆောက်လိုက်ခြင်းအားဖြင့် ဒီဒေသကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။

တခြား အာရှနိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက Yongxing လို့ခေါ်တဲ့ ကျွန်းပေါ်မှာ တရုတ်လူမျိုး ၁,၄၄၃ ဦးရှိပြီး အဲဒီကျွန်းကို တရုတ်အစိုးရက မြို့တမြို့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ကျွန်းမှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေအနေနဲ့ မိုင်ပေါင်း ထောင်သောင်းချီ ကျယ်ဝန်းတဲ့ ရေပိုင်နက်ကို ကြီးကြပ် အုပ်ချုပ်ရတာ ဖြစ်ပါတယ်။

အဲဒီကျွန်းကို မြို့တမြို့အဖြစ် တရုတ်တို့က သတ်မှတ်လိုက်ခြင်းအားဖြင့် ဒေသတွင်း တင်းမာမှုတွေ တိုးတက် ဖြစ်ပေါ်လာမယ်ဆိုပြီး  ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြစ်တင် ဝေဖန်လိုက်ပါတယ်။

VOA (မြန်မာပိုင်း)

Posted by Unknown on 6/16/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ