Related Posts Plugin for WordPress, Blogger...

အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန ကနေ၊
နိုင်ငံခြား ပုံနှိပ်စက် တွေ ဝယ်ယူခဲ့ရာ မှာ၊
 ဈေးအဆမတန် ပိုတင်ပြီး၊ စာရင်းပြခဲ့တယ်
 ဆိုတဲ့ ဂျွန်လ ၂ ရက်နေ့ထုတ် အလဲဗင်း
 သတင်းစာရဲ့ ရေးသားမှု အပေါ်၊


တာဝန်မဲ့ သတင်းပေးပို့မှု အဖြစ်၊ အစိုးရက ပြစ်တင်လိုက် သလို၊ တရားစွဲဆို ခံရနိုင်တယ် ဆိုပြီးတော့ လည်း သတိပေး လိုက်ပါ တယ်။

ဒီလို ပြောဆို လိုက်တာ ဟာ၊ မနေ့ ဂျွန်လ ၆ ရက် နေ့၊ သတင်းမီဒီယာ သမားတွေ ကို၊ ပြန်ကြားရေး ဝန်ကြီးဌာန က၊ ခေါ်တွေ့ပြီး၊ သတင်းစာ ရှင်းလင်းပွဲ လုပ်စဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကို တက်ရောက်ခဲ့တဲ့ သတင်းစာ သမားတွေက၊ အစိုးရ ရဲ့ ဒီလို ပြောဆိုမှု ဟာ၊ မီဒီယာလောက တစ်ခုလုံး ကို သွယ်ဝိုက် ခြိမ်းခြောက် လိုက်တာပဲ ဆိုပြီး ပြောဆို ခဲ့ကြသလို၊ ပြန်ကြားရေးဌာန ရဲ့ ငွေသုံးစွဲမှုဟာ ပွင့်လင်း မြင်သာမှု မရှိတဲ့ အတွက် ဒီလို ပြဿနာ တွေ ဖြစ်လာရတာလို့ လည်း တုန့်ပြန် မေးခွန်း ထုတ်ခဲ့ပါတယ်။

ဒါပေမယ့်၊ ပုံနှိပ်စက်တွေ ဝယ်ယူတဲ့ အခါ၊ အစိုးရပိုင် သတင်းစာတွေ မှာ တင်ဒါတွေ ခေါ်ပြီးမှ၊ လုပ်ထုံး နည်းဥပဒေတွေ အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ် ဆိုပြီး၊ ပြန်ကြားရေး ဝန်ကြီးဌာန က ဖြေရှင်းခဲ့ပါ တယ်။

အဲဒီ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာပဲ၊ လာမယ့် ဇွန်လ ၁၀ရက်ကနေ ၁၂ရက်နေ့အထိ မြန်မာနိုင်ငံ မှာ ကျင်းပမယ့်၊ အာဆီယံ ပြန်ကြားရေး ဝန်ကြီးများအဆင့် အစည်းအဝေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ကို၊ အစိုးရဘက် က ထုတ်ပြန် ပေးခဲ့ပါတယ်။

ဒါ့အပြင်၊ အစိုးရက ရေးဆွဲနေတဲ့ အများပြည်သူ့ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း နဲ့ ပတ်သက်ပြီးတော့ လည်း ရှင်းပြခဲ့ပါတယ်။

ဒီဥပဒေဟာ အစိုးရ ရုပ်မြင်သံကြား ရေဒီယိုနဲ့ သတင်းစာတွေကို၊ အများပြည်သူ အတွက် ဝန်ဆောင်မှု လုပ်ငန်း အသွင် ပြောင်းလဲဖို့ နဲ့ ပုဂ္ဂလိကပိုင် မီဒီယာလုပ်ငန်းတွေ ကို မထိခိုက်ဖို့ အာမခံတယ် လို့လည်း ဆိုပါတယ်။

လက်ရှိ အစိုးရ မီဒီယာတွေမှာ အခကြေးငွေယူ ဖော်ပြပေးနေတဲ့ ကြော်ငြာ ကဏ္ဍဍရဲ့ ၃၀ ရာခိုင်နှုန်း ကို လျော့ချခြင်း အားဖြင့်၊ ပုဂ္ဂလိက မီဒီယာတွေဆီမှာ ကြော်ငြာလက်ခံ ရရှိနိုင်မှု မြင့်မားလာအောင် ပြုလုပ် ပေးမယ် ဆိုပြီး၊ ပြန်ကြားရေး ဌာနက ပြောခဲ့ပါတယ်။

BBC (မြန်မာပိုင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ