Related Posts Plugin for WordPress, Blogger...

ယူကရိန်းသမ္မတအသစ် Petro Poroshenko ကျန်းသစ္စာကျိန်ဆိုပွဲကို ယူကရိန်းစစ်သည်များ ရုပ်-သံမှ စောင့်ကြည့်နေကြစဉ်။
Crimea ကျွန်းဆွယ် ဒေသဟာ ယူကရိန်းပိုင် ဖြစ်တယ်၊ ဖြစ်ခဲ့တယ်၊ နောင်လည်း ဖြစ်သွား မယ်လို့ ယူက ရိန်း သမ္မတ Petro Poroshenko ကပြောလိုက်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စု ကနေ ယူကရိန်း နိုင်ငံကို ခွဲထွက် ထူထောင်ခဲ့ပြီး ကတည်းက ဆိုရင် ငါးဆက် မြောက် သမ္မတအဖြစ် လွှတ်တော် ရှေ့မှောက်၊ အမေရိကန်ဒုတိယ သမ္မတ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် တွေနဲ့ ဂုဏ်သရေရှိ လူပုဂ္ဂိုလ်တွေ ရှေ့မှောက်မှာ ဘီလီယံနာ စီးပွားရေးသမားဖြစ်သူ မစ္စတာပိုရိုရှန်းကိုက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။

Crimea ကို ရုရှားက သူပိုင်နယ်မြေအဖြစ်သွတ်သွင်းခဲ့တာ သူ လက်ခံမှာမဟုတ်ဘူးလို့ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းအတွင်း မစ္စတာ ပိုရိုရှန်းကိုက ပြောပါတယ်။ ပင်လယ်နက်ကျွန်းဆွယ်ဒေသဆီ ဒီနှစ်အစောပိုင်းမှာ ရုရှားက တပ်ဖွဲ့တွေစေလွှတ်ခဲ့ပြီး မတ်လမှာ ပိုင်နက်နယ်အဖြစ် သွတ်သွင်းခဲ့တာဖြစ်ပါတယ်။

ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံအရှေ့ခြမ်းက ယူကရိန်းနိုင်ငံသားတွေနဲ့ ဆွေးနွေး ပြောဆိုသွားမယ်လို့လည်း ခေါင်းဆောင်သစ်က ကတိပေးခဲ့ပါတယ်။
သမ္မတကိုယ်စားလှယ်လောင်း ၂၁ ယောက်ဝင်ပြိုင်တဲ့ မေလ ၂၅ ရက်နေ့က ရွေးကောက်ပွဲမှာ မစ္စတာပိုရိုရှန်းကိုးက မဲအများစုနဲ့ အနိုင်ရခဲ့တာပါ။ အခုဆိုရင် ဆိုးရွားတဲ့ စီးပွားရေးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး ရုရှားနိုင်ငံနဲ့ နယ်စပ်ဒေသမှာ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံတခုကို သူ ပဲ့ကိုင် ဦးဆောင်ရတော့မှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Posted by Unknown on 6/08/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ