Related Posts Plugin for WordPress, Blogger...

အ၀တ်အစားနှင့် မွေ့ရာများ အလိုအလျောက် မီးလောင်မှုဖြစ်ပွားနေသော နေအိမ်အား လာရောက်ကြည့်ရှုနေကြစဉ် 


မိတ္ထီလာ ပြည်သာယာရပ်ကွက် ၃ လမ်းရှိ နေအိမ်မှ အ၀တ်အစားနှင့်မွေ့ရာများ အလိုအလျောက် မီးထလောင်နေသည်မှာ လေးရက်ကြာမြင့်သည်တိုင် မရပ်သေးဘဲ ဆက်လက်ဖြစ်နေကြောင်း သိရသည်။

“ကောလာဟလတွေ ဖြစ်ပေါ်နေသလို အိမ်တစ်ခြမ်း လောင်သွားတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ခဏခဏ ဖုတ်ခနဲ၊ ဖုတ်ခနဲ လောင်တာပါ။ အိမ်ထဲမှာရှိတဲ့ အ၀တ်အစားတွေ၊ မွေ့ရာတွေပဲ လောင်တာပါ။ မီးတောက်ကြီးကြီးလောင်တာ မဟုတ်ပါဘူး။ လူကလည်း အမြဲတစေ စောင့်ကြည့်ငြှိမ်းသတ် နေရပါတယ်။ ပယောဂလိုလို ဘာလိုလို ပြောနေကြပါတယ်။ လွန်ခဲ့တဲ့ လပိုင်းက သူတို့အိမ်ကို သိန်း ၅၀ ခြိမ်းခြောက် ဖုန်းဆက်တောင်းတယ် ဆိုတာကလည်း ဖုန်းကိုစစ်ဆေးကြည့်တော့ ပြင်ပဖုန်းတစ်လုံးမှ မပါပါဘူး။ သူတို့အိမ်ဖုန်းကို လူမနေတဲ့ သူတို့ပိုင် ဟိုဘက်အိမ်ကဖုန်းက လှမ်းဆက်ပြောနေတယ်။ အဲဒီတုန်းက ကောလာဟလတွေဖြစ်ခဲ့လို့ ရှင်းခဲ့ရပါတယ်။ မီးလောင်အ၀တ်အစားတွေကို စစ်ဆေးဖို့တော့ စီစဉ်နေပါတယ်။ ဓာတုဗေဒကြောင့် လောင်သလား။ မယုံကြည်နိုင်တဲ့ အကြောင်းအရာကြောင့် လောင်သလား မပြောတတ်သေးပါဘူး။ သက်သေခံပစ္စည်း အနည်းအကျဉ်းတော့ ယူထားပါတယ်” ဟု မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မန္တလေးတက္ကသိုလ် ဓာတ်ခွဲခန်းကို စစ်ဆေးကြည့်ဖို့ ပို့ထားပါတယ်။ ထွက်လာတဲ့ အဖြေပေါ်မှာ မူတည်ပြီး ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်လို့ ရမှာပါ။ လောလောဆယ် နေ့ဆိုင်းညဆိုင်းနဲ့ တာဝန်ချထားပါတယ်။ ထူးခြားမှု ရှိမရှိ စောင့်ကြည့်နေပါတယ်။ နေ့ခင်းပိုင်းမှာ မီးလောင်မှုဖြစ်ပြီးတော့ ညပိုင်းကို လုံးဝမဖြစ်ပါဘူး။ နေ့ခင်းပိုင်းတောင် တစ်ခါတစ်ရံ လူနည်းတဲ့အချိန်မှာ မီးထတောက်တာတွေ ဖြစ်တာများပါတယ်။ ဇွန် ၂ ရက်က နှစ်ကြိမ်လောင်ပေမယ့် ဇွန် ၃ ရက် မနက် ၁၀ နာရီထိတော့ မလောင်သေးပါဘူး” ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောကြားသည်။

“အခုလို အုတ်အော်သောင်းတင်း ဖြစ်နေတာ မကောင်းပါဘူး။ လိုအပ်သလို လုပ်သင့်ပါတယ်။ ဥပမာ-ဒီလူတွေ အကုန် ခဏထွက်ခိုင်းပြီး နေ့ခင်းပိုင်း စောင့်ကြည့်တာမျိုး၊ ဓာတုဓာတ်ခွဲတာမျိုး လုပ်သင့်ပါတယ်။ အခုဆိုရင် အမြဲတမ်း အိမ်ရှေ့မှာ လူစည်ကားနေတော့ မလိုလားအပ်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကောလာဟလက အမျိုးမျိုး ထွက်နေတာလည်း လုံးဝမကောင်းပါဘူး။ အုပ်ချုပ်ရေးပိုင်း အနေနဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို အမြန်ဆုံး ဖော်ထုတ်သင့်ပါတယ်” ဟု ရတနာမာရ်အောင်ရပ်ကွက်မှ လာရောက်ကြည့်ရှုသူတစ်ဦးက ပြောပြသည်။

မိတ္ထီလာမြို့ ပြည်သာရပ်ကွက် (၃)လမ်း အိမ်အမှတ် (၁၅၇) မှာ နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်စိန် (ဒုဗိုလ်မှူးကြီးငြိမ်း) နှင့်ဇနီး ဒေါ်မြင့်မြင့်မေ၏ညီမ ဒေါ်မြင့်မြင့်စိုး အသက် (၄၈) နှစ် နေထိုင်သူဖြစ်ပြီး မိသားစုဝင်လေးဦး နေထိုင်ပြီး မေ ၃၀ ရက်တွင် အလိုအလျောက် မီးလောင်မှု ကိုးကြိမ်၊ မေ ၃၁ ရက်တွင် လေးကြိမ်၊ ဇွန် ၁ ရက်တွင် တစ်ကြိမ်၊ ဇွန် ၂ ရက်တွင် နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

- Eleven

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ