Related Posts Plugin for WordPress, Blogger...

ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ထိုင်းလယ်သမားတွေကို အရင်အစိုးရက ပေးဖို့ ရှိတဲ့ စပါးကြွေးတွေကို အခု ထုတ်ပေးနေလို့ လယ်သမားတွေလည်း ပြုံးပျော်ရွှင်နေကြပါတယ်။ 

 လုပ်ငန်းခွင်ဝင်နေတဲ့ ထိုင်း လယ်သမား တဦး၊ ဓာတ်ပုံ- Saad Masood

ထိုင်း စိုက်ပျိုးရေး သမဝါယမ ဘဏ်ကနေ လယ်သမား စုစုပေါင်း ၃ သိန်းခွဲကို ပြီးခဲ့တဲ့အပတ်ကတည်းက သူတို့ရစရာ ရှိတဲ့ ငွေတွေကို ပြန်ထုတ်ပေးနေတာ အခုဆို ထိုင်း ဘတ်ငွေ ၃၅ ဘီလျံ လောက်ရှိပြီလို့ ဘန်ကောက်ပို့စ်က ရေးထားပါတယ်။ 

ထိုင်း စစ်ကောင်စီက လယ်သမားတွေရဲ့ စပါးကြွေးတွေပြန်ပေးဖို့ ထိုင်းဘတ်ငွေ ဘီလျံ ၉ဝ လျာထား တယ်လို့ သိရပါ တယ်။ 

အခု ကနဦး ဘီလျံ ၄ဝ ကို ဘဏ်ကို ပထမအရစ်အနေနဲ့ ထုတ်ပေးဖို့ ဗိုလ်ချုပ်ကြီး ပရာယုဒ်က အမိန့်ပေး ထားတာ ဖြစ်ပါတယ်။ နောက်ထပ် ဘတ်ငွေ ဘီလျံ ၅ဝ ကိုလည်း မကြာမီ ထပ်ထုတ်ပေးဖို့ စီမံထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းစစ်ကောင်စီကတော့ လယ်သမားတွေရဲ့ အခက်အခဲနဲ့ နစ်နာမှုကို သိပြီး လျော်ကြေးငွေတွေကို အခုလိုပေးနေတာဖြစ် ပါတယ်။ တချို့ဝေဖန်မှုတွေကတော့ ထိုင်းစစ်ကောင်စီဟာ လယ်သမားတွေကို အခုလို အလျော်ပေးပြီး စည်းရုံးသိမ်းသွင်း လိုက်တာဖြစ်တယ်လို့လည်း သတင်းတချို့က ဆိုကြပြန်တယ်။ 

မစ္စယင်လတ်အစိုးရလက်ထက်က စပါးအကြွေးတွေပေးဖို့ ပျက်ကွက်ခဲ့လို့ လယ်သမားတွေလည်း မစ္စယင်လတ် အစိုးရကို ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လူဦးရေ ၇ဝ ရာခိုင်နှုန်းကျော်က တောင်သူ လယ်သမားတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာ လယ်သမားတွေဟာ သူတို့ရဲ့ လယ်မြေ၊ ယာမြေတွေလည်း အရင်စစ်အစိုးရလက်ထက် ကတည်းက သိမ်းဆည်းခံရမှုတွေ ကြောင့် လယ်ယာမြေဆုံးရှုံးမှုတွေ အမြောက်အများရှိနေကြတာပါ။ 

အိမ်နီးချင်းထိုင်းနိုင်ငံမှာ စစ်အစိုးရတက်တာ လယ်သမားတွေ ပြုံးပျော်ခွင့် ရကြပေမယ့် မြန်မာနိုင်ငံမှာ စစ်အစိုးရတက် တော့ လယ်သမားတွေ မျက်ရည်သုတ်၊ ဘဝပျက်နေရတာဆိုတော့ ကွာခြားချက်က ကြီးမား ပါတယ်။ 


http://blog.irrawaddy.org
အိမ့်သံစဉ် ~

Posted by Unknown on 6/03/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ