Related Posts Plugin for WordPress, Blogger...

ဓာတ်ပုံ - maesainewsonline
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ တယ်လီဖုန်းကောလ်စင်တာ ဖွင့်ပြီး ခရက်ဒစ်ကတ် အတုတွေနဲ့ ငွေလိမ်ယူနေတဲ့ ဂိုဏ်းတဂိုဏ်းကို ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

မယ်ဆိုင်မြို့ ဘန့်မိုင်လုံးခွန်ရပ် ကွက်ထဲ မှာ တယ်လီဖုန်းကနေရော၊ ခရက်ဒစ် (ငွေထုတ်ကတ်) အတုတွေနဲ့ ပါ ငွေလိမ်စားနေတဲ့ အဖွဲ့ရှိကြောင်း သတင်းပေးချက်အရ အမှတ် ၄၃၆/၂၁ က သုံးထပ်တိုက်ကို ဇွန်လ ၁၅ ရက်နေ့က ၀င်ရောက်စစ်ဆေးပြီး ကျူးလွန်သူတွေကို ဖမ်းမိခဲ့တာလို့ ချင်းရိုင်းခရိုင် အမှတ် ၃ စစ်ဒေသ ဗျူဟာမှူး ဗိုလ်မှူးကြီး ယုံယုဒ် လော်ခစ်ကန်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေကြတဲ့ ထိုင်ဝမ်နိုင်ငံသား ၄၇ ဦး၊ မြန်မာ လူမျိုး ၂ ဦး နဲ့ ထိုင်းလူမျိုး ၂ ဦး၊ စုစုပေါင်း ၅၁ ဦးကို သူတို့အသုံးပြုနေတဲ့ ကွန်ပျူတာတွေ၊ ရေဒီယိုစကားပြောစက် အလုံး ၃၀ ကျော်၊ အင်တာနက်ကြိုး၊ တရုတ်နိုင်ငံအပါအ၀င် နိုင်ငံခြားခရက်ဒစ်ကတ်မျိုးစုံတွေပါ သိမ်းဆည်းထားတယ်လို့ ဗျူဟာမှူးက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ထိုင်းအာဏာပိုင်တချို့လည်း ပါဝင်ပတ်သက်နေတဲ့အတွက် အမှုကို ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ သွားရောက်စစ်ဆေးမယ်လို့ ဗျူဟာမှူးကပြောကြောင်း မယ်ဆိုင်သတင်းမှာ ဖော်ပြသွားပါတယ်။

By ဒီဗွီဘီ

Posted by Unknown on 6/17/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ