Related Posts Plugin for WordPress, Blogger...

 နေပြည်တော်၊ ဇွန် ၁၆

 ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ နေ့လည် ၂ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်၊ ဆူးလေကုန်း ကျေးရွာနေ ဦးချင်း၏ နေအိမ် ၀င်းအတွင်းရှိ ရေတွင်းဟောင်းအား ပြန်လည် ပြုပြင်စဉ် ရေတွင်းအတွင်း ရေစုပ်စက်ချသူ ပြုတ်ကျသွား၍ ဆယ်ယူရာမှလူ(၂)ဦးသေဆုံး သွားကြောင်း သတင်းအရ ရေပြာနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ အချင်း(၆)ပေ၊ အနက်ပေ(၄၀)ခန့်ရှိ ကျောက်စီခွေချရေတွင်းဟောင်းအတွင်း ၎င်းကျေးရွာနေ မောင်ကျော်မင်းနိုင်(၁၉)နှစ်သည် ရေစုပ်စက်အားတပ်ဆင်၍ မောင်းနေစဉ် အောက်သို့ ပြုတ်ကျသွားသောကြောင့် ဦးထွန်းရွှေ(၃၀)နှစ်၊ ချစ်ဆွေ(၂၈)နှစ်၊ ရွှေအောင်(၂၈)နှစ်နှင့် ဦးကံမြင့် (၄၁)နှစ်တို့မှ ဆယ်ယူရာ မောင်ကျော်မင်းနိုင်နှင့် ဦးထွန်းရွှေတို့ ၂ ဦးမှာသေဆုံးသွားခဲ့ပြီး ချစ်ဆွေ၊ ရွှေအောင်နှင့် ဦးကံမြင့်တို့ ၃ ဦးမှာ သတိလစ်မေ့မျောသွားကြောင်းသိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ရေပြာနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ