Related Posts Plugin for WordPress, Blogger...


မွေးရာပါနိုင်ငံသား မဟုတ်ဘဲ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရထားသူများသည် တည်ဆဲဥပဒေများကို လေး စားလိုက် နာကျင့်သုံးနေထိုင်ကြရန်လိုပြီး ထိုကဲ့သို့လေးစားလိုက်နာခြင်းမရှိ ပါက မိမိတို့ အနေဖြင့် နိုင်ငံ သား ဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းခွင့် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ယခုလ ၁၄ ရက်က ရခိုင် ပြည်နယ်၊ မြေပုံမြို့ရှိ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့် တွေ့ဆုံပွဲ တွင် ဦးခင်ရီကအထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံအတွင်း နေထိုင် လျက်ရှိသော နိုင်ငံသားဆိုရာတွင် မွေးရာပါနိုင်ငံသားနှင့် ဥပဒေအ ရနိုင်ငံသား ဟူ၍ နှစ်မျိုးနှစ်စားရှိ သည့်အနက် ဥပဒေအရဖြစ်ပေါ် လာသည့် နိုင်ငံသားတစ်ဦးအနေ ဖြင့် နိုင်ငံတော်မှ ထုတ်ပြန်ထား သော တည်ဆဲဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးနေထိုင်ရမည်ဖြစ်ကြောင်း ပြည်ေ ထာင်စု ၀န်ကြီးက ပြောကြားသည်။

တည်ဆဲ ဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပ ဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ်ကာလအတွင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရှစ်နှစ်တစ် ဆက်တည်း နေထိုင်သူ၏ တတိ ယမျိုးဆက်သည် မွေးရာပါနိုင်ငံ သားမဟုတ်သော ဥပဒေအရ နိုင်ငံသားပြုခွင့်ရရှိမည်ဖြစ်သည်။

ဒေသခံတိုင်းရင်းသားများ၏ တောင်းဆိုမှုအရ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် မိုးပွင့်စီမံချက်ကို အဆင့်လိုက် ချမှတ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါ စီမံချက်အရ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးမှုကို မြေပြင်အထိ ကွင်း ဆင်း ဆောင်ရွက်ပေးခဲ့သဖြင့် တိုင်းရင်းသားဦးရေ သုံးသောင်းနီး ပါးအား နိုင်ငံသားစိစစ်ရေးကတ် ပြားထုတ်ပေးနိုင်ခဲ့ကြောင်း ပြည် ထောင်စုဝန်ကြီးကပြောသည်။

ထို့အပြင် လာမည့် ဇူလိုင်လ အတွင်း မိုးပွင့်အဆင့် (၆) အဖြစ် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် အညီ မြေပုံမြို့နယ်ကို စမ်းသပ် နယ်မြေအဖြစ် သတ်မှတ်ကာ စိစစ်ဆောင်ရွက်သွားမည်ဖြစ်၍ ဒေသခံများမှ ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း ဦးခင်ရီက ဆိုသည်။

7daydaily

Posted by Arakan News on 6/16/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ