Related Posts Plugin for WordPress, Blogger...

တကျော့ပြန်ဖြစ်ပွားနေတဲ့  မြန်မာပြည်
 မြောက်ဖျားက စစ်ပွဲတွေကြောင့်   လူဦးရေ
သိန်းချီ ထွက်ပြေးတိမ်းရှောင်နေရသလို
အစိုးရတပ်တွေက  သတ်ဖြတ်မှု၊ အဓမ္မကျင့်မှု၊
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ စနစ်တကျ


ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်နေတယ်လို့ အမျိုးသမီးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်မှာ လူထုအပေါ် အစိုးရလက်နက်ကိုင်အဖွဲ့တွေက စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိနေတယ်လို့ ဒေသတွင်း လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ ဘန်ကောက်အခြေစိုက်  Fortify Rights အဖွဲ့က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

Fortify Rightsအစိုးရနဲ့ ကချင်လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေပြန်ဖြစ်တဲ့ ၂၀၁၁ ဇွန်လ ကနေ ၂၀၁၄ ဧပြီလအတွင်း စစ်တပ်၊ ရဲနဲ့ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ (၆၀) ကျော်ရဲ့ အကြောင်းကို  မှတ်တမ်းပြုစုပြီး ထုတ်ပြန်လိုက်တာပါ။

နှိပ်စက်ခံရသူတွေအများစုဟာ စစ်ကြောရေးမှာ ညို့သကျည်းပေါ် သံလုံးနဲ့ ကြိတ်ခံရတာ၊ ခေါင်းပေါ်မှာ ၀ါးလုံးကို ကန့်လန့်တင် တက်ခုန်ခံရတာ၊ ရိုက်နှက်ညှဉ်းဆဲခံရပြီး ထွက်လာတဲ့ သွေးတွေကို လျှာနဲ့ လျက်ခိုင်းတာ အပါအ၀င် လူသားမဆန်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်တမ်းပြုစုတဲ့အထဲပါတဲ့ အဖြစ်အများဆုံးပုံစံကတော့ မြန်မာအစိုးရ တပ်ဖွဲ့တွေဟာ ရွာကိုဝင်ပြီး ကေအိုင်အေကို  စာနာတဲ့သူတွေ၊ ဒါမှမဟုတ် ကေအိုင်အေလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေကို ထိန်းသိမ်းဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ fortify rights အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မက်သရူးစမစ်က ဒီဗွီဘီကို ပြောပါတယ်။

“ညှဉ်းပန်းနှိပ်စက်တဲ့ အလေ့အထတွေ  အဆုံးသတ်ရေး အမြန်ဆုံးကြားဝင်ကိုင်တွယ်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အကြံပြုတိုက်တွန်းပါတယ်။ အာဏာပိုင်တွေအနေနဲ့ အရင်ဆုံး အများယုံကြည်လက်ခံမှုရှိရှိနဲ့ စုံစမ်းစစ်ဆေးပြီး ဆက်ဖြစ်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေမှာ တာဝန်ရှိသူတွေကို  တရားဥပဒေအရ အပြစ်ပေးအရေးယူသင့်တယ်။”

အလားတူ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးသမီးအဖွဲ့ကလည်း ၃ နှစ်အတွင်း ကချင် အမျိုးသမီး ၇၀ ကျော်ကို အစိုးရတပ်က အဓမ္မကျူးလွန်ပြီး အဲဒီထဲက တ၀က်လာက်ဟာ အဓမ္မပြု ကျင့်ခံရပြီး သတ်ဖြတ်ခဲ့ရတယ်လို့ ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ကချင်အမျိုးသမီးအဖွဲ့ဝ် ဆိုင်းဇင်က တိုင်းရင်းသူအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေမယ်၊ အရေးယူပေးမယ့် ပုဒ်မတွေလည်း မရှိဘူးဆိုရင် တိုင်းသားသူတွေအတွက် ရှေ့ဆက်အန္တရာယ်တွေ ထပ်ဖြစ်စေဦးမယ်လို့ ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၉ ၇က်နေ့ဟာ  ကချင်စစ်ပွဲဖြစ်ပွားတာ ၃ နှစ်တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။  စစ်ပွဲ ၃ နှစ်ပြည်မှာ နိုင်ငံအသီးသီးက အဖွဲ့ပေါင်း ၅၅ အဖွဲ့ကလည်း  ကချင်ပြည်နယ်ကို ထိုးစစ်စင်တာ ချက်ချင်းရပ်ဖို့၊ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ အပါအ၀င် အချက် ၁၀ ချက်ကို ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သူတို့ရဲ့စီရင်ခံစာမှာ ၂၀၁၁ ခု ဇွန်လ ၉ ရက်နေ့ကစပြီး ကချင်လူထု ၁ သိန်း ၂ သောင်း ကျော် မိမိနေရပ်စွန်ခွာထွက်ပြေးနေကြရပြီး ရွာပေါင်း ၂၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ပွဲတွေကြောင့် မြေတွေ၊ သီးနှံတွေနဲ့ လူနေမှုဘ၀အပြင် ကလေးငယ်တွေရဲ့ ပညာရေးတွေ နစ်နာဆုံးရှုံးရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစိုးရပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ အစိုးရရော၊ တပ်မတော်မှာပါ  နှိပ်စက်ညှဉ်းပန်းတဲ့ မူဝါဒမရှိကြောင်းနဲ့ တဦးတယောက်ချင်းက ကျူးလွန်ရင် အချိန်မရွေး တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။

“နှိပ်စက်ညှဉ်းပန်းမှုက အစိုးရအနေနဲ့ရော၊ တပ်မတော်အနေနဲ့ရော မူဝါဒမဟုတ်ပါဘူ။ တကယ်လို့ တဦးတယောက်ချင်းက အဲလိုကျူးလွန်တယ်ဆိုရင်လည်း ကျနော်တို့ကို အချိန်မရွေး တိုင်ကြားလို့ရပါတယ်။ ဒါမှမဟုတ် လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားလို့ရပါတယ်။ အဲလိုဖြစ်တဲ့လူတွေကိုလည်း ကျနော်တို့ ထိထိရောက်ရောက် အရေးယူခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ နောက်တချက်က fortify rights အဖွဲ့ရဲ့ အစီရင်ခံစာကို အသေးစိတ် ကျနော် မဖတ်ရသေးဘူး။ သို့သော် အရင်တုန်းက အတွေ့အကြုံအရ ပြောရင်တော့ ဒီ fortify rights အဖွဲ့ဟာ တဆင့်စကားတွေ၊ အတည်မပြုနိုင်သေးတဲ့သတင်းတွေကို အခြေခံပြီးတော့ တပ်မတော်နဲ့ မြန်မာနိုင်ငံအစိုးရကို သိက္ခာကျအောင် ရေးနေတဲ့အဖွဲ့အစည်းပါပဲ။”

DVB (မြန်မာပိုင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ