Related Posts Plugin for WordPress, Blogger...

ဇွန်လပထမပတ်အ တွင်း ရန်ကုန်မြို့
တွင်း၌ စည်းကမ်း မဲ့မော်တော်ယာဉ်များ
ကို ကင်း လှည့်အဖွဲ့များက  ဖမ်းဆီးအရေး
ယူခဲ့ရာ အမှုပေါင်း ၃၂၀၀ ကျော် ဖမ်း


ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

  ဇွန်လ ၁ ရက်မှ ၇ ရက်အ တွင်း စည်းကမ်းမဲ့မော်တော်ယာဉ် များကို အဖွဲ့ကိုးဖွဲ့ဖြင့် လှည့်လည်အရေးယူခဲ့ကြောင်း  သတင်းရရှိသည်။

    ‘‘မထသအဖွဲ့တွေက မထသနဲ့ ဆိုင်တဲ့ ကားတွေကို စစ် ဆေးတယ်။  တခြားအဖွဲ့တွေ က အငှားယာဉ်၊   ကိုယ်ပိုင်ယာဉ်တွေ ကို စစ်ဆေးတယ်။ အများဆုံးကတော့ ယာဉ်မရပ်ရနေရာတွေမှာ ရပ်တဲ့ ကိုယ်ပိုင်ယာဉ်တွေကိုပိုပြီး ဖမ်းမိတယ်’’ဟု မထသ (ဗဟို) ဥက္ကဋ္ဌဦးလှအောင်ကပြောသည်။

 ရန်ကုန်မြို့တွင် ယာဉ်မရပ် ရနေရာများ  သတ်မှတ်ထားပြီး  ကိုယ်ပိုင်ယာဉ်များနှင့်  အငှားယာဉ်များမှာစည်းကမ်းလိုက်နာမှုမရှိဘဲ ရပ်တန့်ခြင်းကြောင့် ကရိန်းကားဖြင့် ဖယ်ရှားကာ ရဲတပ်ဖွဲ့ရုံးတွင် ဒဏ်ငွေပေးဆောင်စေကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

  ‘‘ယာဉ်မရပ်ရနေရာတွေ မှာ ကိုယ်ပိုင်ကားနဲ့ တက္ကစီတွေ အများဆုံးတွေ့ရတယ်။ အဲဒီ ကားတွေကို ကရိန်းနဲ့ ဖယ်ရှားပြီး ဒဏ်ငွေချတယ်။ ဒီလောက်ဖမ်းနေတဲ့ကြားက ရပ်နေတဲ့  ကားတွေရှိနေသေးတယ်’’ဟု  တာဝန်ရှိသူကပြောသည်။

 ကင်းလှည့်ဖမ်းဆီးခဲ့ရာတွင် မီးနီဖြတ်မှု ၄၂ မှု၊ လမ်းပိတ်ရပ်မှု ၁၆၉ မှု၊ လမ်းပြောင်းပြန်မောင်း နှင်မှု ၁၆၈ မှုတို့အပါအ၀င် တစ်နေ့လျှင် အမှုပေါင်း သုံးရာမှ လေးရာကျော် နေ့စဉ်ဖမ်းဆီးခဲ့ရကြောင်း ၎င်းကပြောသည်။

  ဇွန်လ ၁ ရက်မှ ၇ ရက် အတွင်း တစ်နေ့လျှင် ပျမ်းမျှ အမှု ပေါင်း သုံးရာမှ လေးရာအတွင်း ဖမ်းဆီးနေရပြီး ဇွန်လ ၅ ရက်တွင်အမှုပေါင်း ၅၇၅ မှု  စံချိန်တင်ဖမ်းဆီးခဲ့ရကြောင်း အဆိုပါ ယာဉ်ထိန်းအရာရှိကပြောသည်။
7Day News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ