Related Posts Plugin for WordPress, Blogger...

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ
 ငွေကမ္ဘာကျော် သတ္ထုတူးဖော်ရေးကုမ္ပဏီ
ဝန်ထမ်းအိမ်ရာ လိုင်းခန်းတစ်ခန်းမှ သေနတ်
များနှင့် ကျည်ဆန်တောင့်များ ဖမ်းဆီးရမိ


ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ဇွန် ၈ ရက် ည ၉ နာရီခန့်တွင် ဟိုပုံးမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် (ပ) ၃၃/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၈/၄၆၇ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားသည့် ကျူးလွန်သူ ညောင် ဖြူကျေးရွာ၊ ဟိုပုံးမြို့နယ်နေ ဂူးရှောင်ဟွ (၅၃)နှစ်အား စစ်ဆေးစဉ် လက်နက်ပုန်းကိုင်ဆောင်ကြောင်း သိရသဖြင့် ၎င်းနေထိုင်သည့် ဟိုပုံးမြို့နယ်၊ ပေါင်းလင်းကျေးရွာအုပ်စု၊ ညောင်ဖြူကျေးရွာရှိ ငွေကမ္ဘာကျော်သတ္ထု တူးဖော်ရေးကုမ္ပဏီ ၀န်ထမ်းအိမ်ရာ လိုင်းခန်းအား ၀င်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေရာ အိမ်ခန်းဝင်ပေါက် တံခါးကြားတွင် ကြွပ်ကြွပ်အိတ်အဖြူရောင် အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် စစ်ဆေး ရာ အနီရောင်ပိတ်စဖြင့် ထုပ်ထားသည့် ဂျာမနီနိုင်ငံလုပ် KURZ S-016759 နံပါတ်ပါ ၉ မမ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်နှစ်ခု၊ ၎င်းကျည် အတောင့် ၅၀ နှင့် DAA 536233 နံပါတ်ပါ အမေရိကန်နိုင်ငံလုပ် ၃၂ ဗို့ ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၇ ဒသမ ၆၂ ကျည် ၄၉ တောင့်တို့အား တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

ထိုသို့ လက်နက်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့သဖြင့် ဂူးရှောင်ဟွအား ဟိုပုံးမြို့မရဲစခန်းက (ပ) ၃၈/၁၄ ၁၉၄၂ခုနှစ် ရှမ်းပြည်နယ် လက်နက်ဥပဒေပုဒ်မ ၁၂ (က) အရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

Eleven Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ