Related Posts Plugin for WordPress, Blogger...

 ပြည်တွင်းစစ်ရပ်ပေးရန် နှင့် ကချင်ဒေသတွင်
 တစ်ကျော့ ပြန်ထိုးစစ်ဆင်မှုရပ်ဆိုင်းပေးရန်
 မလေးရှားရောက် ကချင်တိုင်းရင်း သားများ
ဦးဆောင်၍ မလေးရှား နိုင်ငံ မြန်မာသံရုံးရှေ့


တွင် ဇွန်လ ၉ ရက်က ဆန္ဒပြတောင်းဆိုခဲ့ ကြသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ရပ်ပေးရန်နှင့် အစိုးရက ကချင် ဒေသကို တစ်ကျော့ပြန်ထိုးစစ် ဆင်မှုရပ်ပေးရန် ကချင်တိုင်းရင်း သားများဦးဆောင်ကာ မလေးရှား နိုင်ငံရောက် မြန်မာတိုင်းရင်းသား များစုပေါင်း၍ မြန်မာသံရုံးရှေ့ တွင် ဆန္ဒပြတောင်းဆိုခြင်းဖြစ် သည်။ ထိုဆန္ဒပြပွဲတွင် ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများလည်း ပါဝင် ကြောင်း သတင်းရရှိသည်။

ဆန္ဒပြရာတွင် မလေးရှား ရောက် မြန်မာတိုင်းရင်းသားတစ် ထောင်ခန့်ပါဝင်ဆန္ဒပြမည်ဟု ကြေညာထားသော်လည်း မလေး ရှားအာဏာပိုင်များက ခွင်မပြု သောကြောင့် လူဦးရေ ၂၀၀ ဝန်း ကျင့်ဖြင့်သာ   ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြတောင်းဆိုရာတွင်   ဦးဆောင်သူ  Lachid Kachin က ပြောသည်။

‘‘ကချင် တစ်ကျော့ပြန်စစ်ပွဲ ပြန်ဖြစ်ရတာက အစိုးရမှာပဲမူ တည်တယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ဒီစစ်ပွဲဟာ ကချင်တွေ KIA က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကို လာကျူးကျော်လို့ဖြစ်တာမဟုတ် ဘူး။ KIA က သူ့နေရာ (အရင် စစ်အစိုးရနှင့် သဘောတူသတ် မှတ်ထားသည့်နေရာ)နယ်မြေထဲ မှာသူနေတာကို အစိုးရစစ်တပ် က ကျူးကျော်လို့ဖြစ်နေတာပါ။ KIA နယ်မြေထဲကျူးကျော်နေတဲ့ အစိုးရတပ်တွေသာ ပြန်ပြီးသူ့နေ ရာသူ ပြန်နေလိုက်ရင် ငြိမ်းချမ်း ရေးလက်မှတ်တောင် ထိုးနေစရာ မလိုဘူး။ အလိုလိုငြိမ်းချမ်းပြီး သားဖြစ်သွားမှာပါ’’ဟု ၎င်းက ပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင် ‘‘ငြိမ်းချမ်းမှုတည်ဆောက်ရေး ဒို့ အရေး၊ တိုင်းရင်းသားတန်းတူညီ မျှရေး ဒို့အရေး၊ ကချင်၊ ရှမ်းဒေသ ထိုးစစ်ဆင်မှု ချက်ချင်းရပ်ပေး ရေး ဒို့အရေး’’ စသည့်ကြွေးကြော် သံများအော်ဟစ်ကာ ဆန္ဒပြခဲ့ ကြောင်း  ၎င်းက  ပြောသည်။ ဆန္ဒပြရာတွင် မလေးရှားစံတော် ချိန် နံနက် ၉ နာရီမှ ၁၀ နာရီခွဲထိ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

ကချင်စစ်ပွဲ   သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ် ဖော်ပွဲနှင့် ဆုတောင်းပွဲများကို ဇွန်လ ၇ ရက် နံနက်က မဟာဗန္ဓု လပန်းခြံရှေ့တွင် စတင်ပြုလုပ်ခဲ့ သည်။ ယင်းနေ့နံနက်တွင် ပြည် သူ့ရင်ပြင်၊ ညနေတွင် အင်းလျားကန်ပေါင်တို့၌ ငြိမ်းချမ်းရေးသီချင်းများသီဆိုခြင်း၊ လက်ကမ်းပိုစတာများပေးဝေခြင်း၊ အနုပညာသရုပ် ဖော်ဖန်တီးမှုများနှင့် စစ်ပြေးဒုက္ခ သည်များက ရင်ဖွင့်ပြောဆိုခြင်း စသည့်အစီအစဉ်များ ပြုလုပ်ခဲ့ ကြသည်။

7 Day News Daily

Posted by Unknown on 6/11/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ