Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၈

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လိုက်လျောညီထွေမှု ရှိစေရေးအတွက် အရည်အချင်းမြှင့် သင်တန်းများ ပံ့ပိုးပေးရန် အမေရိကန်အစိုးရက အစီအစဉ် ရေးဆွဲလျက်ရှိကြောင်း ဇွန်လ ၈ ရက်နေ့တွင် အာရှပစိဖိတ် ဒေသတွင်းဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Daniel Russel က ပြောကြားသည်။

မြန်မာနိုင်ငံရှိ လူငယ်များနှင့် ရန်ကုန်မြို့တော်ရှိ အမေရိကန်စင်တာတွင် တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အစိုးရ အနေနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် စီးပွားရေးနှင့် ပညာရေးတို့တွင် အထောက်အပံ့များစွာ ပေးထားခဲ့ကြောင်း၊ ထပ်မံ၍ အသွင်ကူးပြောင်းရေးကာလ အဓိကကျသော တပ်မတော်အတွက်လည်း ကဏ္ဍတစ်ခုအဖြစ် ထည့်သွင်း စဉ်းစားထားကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကြောင့် ယခုနှစ် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအတွက် အသုံးစရိတ်တွင် မြန်မာ့တပ်မတော်သားများ အရည်အသွေး မြှင့်တင်ရေးအတွက် အသုံးစရိတ် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းသည်။

မြန်မာ့တပ်မတော်အတွက် ပံ့ပိုးမှုများနှင့် ပတ်သက်၍ အမေရိကန် လွှတ်တော်တွင် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် အုပ်စုတို့အကြား အယူအဆ ကွဲပြားမှုများ ရှိနေပြီး ၂၀၁၃ နှစ်ကတည်းက နှစ်နိုင်ငံ တပ်မတော်ချင်း ပြန်လည်ပူးပေါင်းရေးအတွက် အဆိုပါ လွှတ်တော်နှစ်ရပ်တွင် ညှိနှိုင်းခဲ့ကြသည်။

“တစ်ဖက်က လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရှိသလို နောက်တစ်ဖက်မှာလည်း ဦးစားပေး စဉ်းစားရမယ့် ကိစ္စတွေနဲ့ တိုင်းတာပြီး လုပ်နေရတယ်” ဟု Mr.Daniel Russel က ဆက်လက် ပြောကြားသည်။

အမေရိကန်အနေနှင့် ၁၉၈၈ မတိုင်မီ မြန်မာနိုင်ငံမှ တပ်မတော်သား ၁၆၀ ကျော်ကို အမေရိကန် စစ်သင်တန်းကျောင်းတွင် နှစ်နိုင်ငံ သံတမန်ရေးအရ ခေါ်ယူ သင်ကြားပေးခဲ့ပြီး ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်ကြားတွင် အမေရိကန်က မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း လေးသန်းကျော် ရောင်းချပေးခဲ့ဖူးသည်။

၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့ထိပ်တန်း အမေရိကန်ပြည်ထောင်စု အပါအဝင် ဗြိတိန်နိုင်ငံတို့က မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍ မြှင့်တင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။

၂၅ နှစ်ကျော်ကြာ ရပ်နားထားသော အမေရိကန်-မြန်မာ နှစ်နိုင်ငံ တပ်မတော် ပူးပေါင်းရေးသည် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင်မှ ပြန်လည် အသက်ဝင်လာခဲ့သည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ