Related Posts Plugin for WordPress, Blogger...

ရန်ကုန်မြို့တွင် မုတ်သုံမိုးရွာသွန်းနေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မြန်မာတစ်နိုင်ငံလုံးသို့ ဇွန်၈ရက်တွင် မုတ်သုံလေစတင်ဝင်ရောက်

ဘင်္ဂလားပင်လယ်အော် တွင် မုတ်သုံလေအားအလွန် ကောင်းနေသောကြောင့် ပဲခူး တိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်အချို့ဒေသများ တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မမှ ၈ လက်မအထိ မိုးရွာ သွန်းနိုင်ပြီး မိုးကြီးနိုင်ကြောင်း မိုး လေ၀သပညာရှင်ဒေါက်တာ ထွန်းလွင်က ဇွန်လ ၈ ရက်တွင် သတိပေးပြောကြားသည်။

‘‘မုတ်သုံလေက တစ်ကျော့ ပြန်အားကောင်းလာတာ။ ဒါ ကြောင့် ဒေသတချို့ နေရာကွက် ပြီး မိုးကြီးနိုင်လို့ ခန့်မှန်းသတိပေး ချက်ထုတ်ထားတာပါ’’ဟု ဒေါက် တာထွန်းလွင်ကပြောသည်။

ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သကဲ့သို့ မိုးနည်းနေ သည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအပါအ၀င် တစ်နိုင်ငံလုံးအနှံ့နေရာကျဲကျဲ (သို့)နေရာစိပ်စိပ်မိုးရွာသွန်းနိုင် ကြောင်း ပြောသည်။

ပြီးခဲ့သည့် မေလလယ်ခန့်က ဘင်္ဂလားပင်လယ်အော်တွင် မုတ် သုံလေအားကောင်းပြီး မုန်တိုင်း ငယ်အဆင့်သို့ ရောက်ရှိခဲ့ကာ ပြန်လည်အားလျော့သွားပြီး နောက် ယခုပြန်လည်အား ကောင်းလာခြင်းကြောင့် တနင်္သာ ရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင် သည့် သတိပေးချက်ထုတ်ပြန် ထားကြောင်း မိုး/ဇလဌာန ဒုတိ ယ ညွှန်ကြားရေးမှူး ဦးကျော် မိုးဦးကပြောသည်။

‘‘မွန်နဲ့ ကရင်ပြည်နယ်တွေ က ပုံမှန်မိုးရေချိန် သုံးလက်မ လောက်ပဲရွာလေ့ရှိတာ။ အခုက မုတ်သုံလေကြောင့် နေရာကွက် ပြီး မိုးကောင်းနေတယ်။ ရက် ဆက်ရွာမယ်ဆိုရင်တော့ သတိ ထားဖို့ လိုပါတယ်။ မိုးလိုနေတဲ့ အချို့ဒေသတွေအတွက်တော့ အဆင်ပြေနိုင်တယ်’’ဟု ဦးကျော် မိုးဦးက ပြောသည်။

ယခင်နှစ်များက ဇွန်လ ၅ ရက် နောက်ဆုံးအဖြစ် အနောက် တောင်မုတ်သုံလေမြန်မာတစ် နိုင်ငံလုံးသို့ဝင်ရောက်လေ့ရှိသော်လည်း  ယခုနှစ်တွင်မူ ဇွန်လ ၈ ရက်တွင် တစ်နိုင်ငံလုံးသို့ မုတ်သုံလေ၀င်ရောက်ခဲ့သောကြောင့် ပုံမှန်ထက် နောက်ကျခဲ့ကြောင်းဦးကျော်မိုးဦးက ပြောသည်။ ထို့အပြင် မုတ်သုံလေနှင့်အတူ ပါလာသည့် မိုးရွာသွန်းမှုကြောင့် မြန်မာ နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများအတွက် လိုအပ်နေ သော မိုးရနိုင်ကြောင်း ၎င်းက ပြောသည်။

မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က ကမ်းရိုးတန်း ဒေသများအတွက် လေပြင်း အန္တ ရာယ်ရှိကြောင်း သတိပေးထား ပြီး မွန်၊ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်တွင် လှိုင်းအမြင့် ၁၀ ပေခန့်အထိရှိနိုင်ကာ လေ တိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင် ကြောင်း သတိပေးထားသည်။ လေတိုက်နှုန်းများနေသော ကြောင့် ကမ်းနီးကမ်းဝေးငါးဖမ်း ရေယာဉ်များနှင့် ပင်လယ်ပြင် ခရီးသွားရေယာဉ်များ သတိပြု ရန်လိုနေကြောင်း ၎င်းက ဆက်လက် သတိပေးပြောကြားသည်။

Author: အောင်သစ်လွင်
7DAY DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ