Related Posts Plugin for WordPress, Blogger...

ဇွန်လ၁၅ရက်တွင် ကျရောက်သော အဖေ
များနေ့၌ ဖခင်ဂီတသမားကြီး ဦးစောဘွဲ့မှူး 
အုတ်ဂူရှေ့တွင် ဖခင်အတွက် ရည်စူးကာ ကိုယ်တိုင်ရေးစပ်ထားသောသီချင်းဖြင့် 
သီဆိုဂုဏ်ပြုခဲ့ကြောင်း သမီးဖြစ်သူ 
အဆိုတော် မီးမီးခဲကပြောသည်။
ဇွန်လ ၁၅ရက် နံနက်က မိသားစုနှင့်အတူ သွားရောက်ကာ ဖခင်အုတ်ဂူရှေ့တွင် မီးမီးခဲက ‘‘Daddy I Miss You’’ သီချင်းကို သီဆိုခဲ့သည်။ ဇွန်လ ၁၅ ရက်သည် တနင်္ဂနွေနေ့နှင့် တိုက်ဆိုင်သဖြင့် ဘုရားကျောင်းတွင် ထိုသီချင်းကို သီဆိုခဲ့ကြောင်း သိရသည်။
‘‘ဒီသီချင်းက အဖေ့အတွက် ရည်စူးပြီး ရေးထားတာကြာပါပြီ။ တစ်ခါမှ အုတ်ဂူရှေ့မှာ သွားမဆိုဖူးတော့ မိသားစုနဲ့အတူ အမှတ်တရဖြစ်အောင်သွားဆိုတယ်။ အဖေအနားမှာ မရှိတော့တာ ၀မ်းနည်းပေမယ့် သူ့သမီးတစ်ယောက်အနေနဲ့ ခံစားသက်ဝင်ပြီး ဆိုပေးရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။  အစ်မဆိုပြတော့လည်း မိသားစုနဲ့ အမေပါ မျက်ရည်ဝဲကြတယ်။ မနက်တုန်းကလည်း ဘုရားကျောင်းမှာလည်း  သွားဆိုတယ်။ အားလုံးက ၀မ်းနည်းကြတယ်။ ဒီသီချင်းလေးကို ကြားတော့ နှလုံးသားထဲမှာ ထိတယ်’’ဟု မီးမီးခဲကပြောသည်။
မီးမီးခဲ၏ Misscall အယ်လ်ဘမ်ဗီစီဒီအတွက် သီချင်းများရိုက်ကူးထားကာ အမြန်ဆုံးထွက်ရှိနိုင်အောင် ပြင်ဆင်နေပြီး ကိုယ်တိုင်ရေး၊ဆိုကာ  အခွေသစ်များလည်း ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ