Related Posts Plugin for WordPress, Blogger...

From : .. 7day


ရန်ကုန်- ရန်ကုန်ယူနိုက်တက်ဘောလုံးကစားသမားကြည်လင်းသည် အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကိုခိုးယူပေါင်းသင်းမှုစွပ်စွဲချက်ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရကြောင်း သတင်းရရှိသည်။

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းကွင်းလယ်ကစားသမားကြည်လင်းသည် ဇွန်လ ၇ ရက်တွင် အသက် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေးက ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ယင်းအမှုတွင် အမှုဖွင့်ခံထားရသူမှာ သာမန်လူတစ်ဦးမဟုတ်ဘဲ နိုင်ငံ့လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သောကြောင့် တရားလိုဘက်မှတိုင်ကြားချက် ဖြစ်စဉ်ကို ကမာရွတ်မြို့နယ်ရဲစခန်းက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။ အဆိုပါမိန်းကလေးငယ်သည် ဒဂုံအရှေ့မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာ အလှပြင်သင်တန်းတက်ရောက်နေသူတစ်ဦးလည်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘တရားလိုဘက်ကတော့ စွပ်စဲတိုင်တန်းထားတဲ့သဘောပဲရှိသေးတယ်။ အမှုဖွင့်ခံထားရတဲ့ ကြည်လင်းကို မစစ်ရသေးတော့ ပြောလို့မရဘူး။ ဟိုဘက်ကို လည်း စစ်ဆေးပြီးမှမေးတဲ့ မေးခွန်းတွေကိုဖြေလို့ရမယ်။ မပြောနိုင်သေးဘူး။ စွပ်စွဲခံထားရတုန်းဆိုတော့ နောက်လုပ်ထုံးလုပ်နည်းအရ ဝန်ကြီးဌာနနဲ့ အသင်းကိုတော့ အကြောင်းကြားထားပြီးပြီ။ ဖြစ်တုန်းက အလိုတူလား၊ မတူလားဆိုတာ စစ်ဆေးရဦးမှာ’’ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်မျိုးမင်းအောင်က ပြောသည်။

‘‘အခုလက်ရှိတော့ ကြည်လင်းက အသင်းမှာပဲရှိနေသေးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမသိသေးဘူး’’ဟု ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးအောင်ပိုင်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ကြည်လင်းထံသို့ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။ ယင်းအမှုကို ကမာရွတ်မြို့ နယ် ရဲစခန်းတွင်ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ အရ အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်းမှုဖြင့် စွပ်စွဲတိုင်ချက်ဖွင့်ထားကြောင်း သတင်းရရှိသည်။

ကြည်လင်းသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင်ရရှိခဲ့သော ဒဏ်ရာကြောင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲကို တစ်ပွဲမှဝင်ရောက်ကစား နိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူပြီး အနားယူခဲ့ရသည်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ