Related Posts Plugin for WordPress, Blogger...

မြန်မာ−ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များဆွေးနွေးပွဲမြင်ကွင်း(ဓာတ်ပုံ−အောင်သစ်လွင်)
 မောင်တောနယ်စပ် ပြဿနာနှင့်ပတ်သက်၍ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိချင်း  တွေ့ဆုံ ဆွေးနွေး၍ ပြေလည်မှုရပြီဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သော် လည်း နှစ်နိုင်ငံနယ်စပ်တစ် လျှောက်တွင် လုံခြုံရေးတင်းကျပ် ထားဆဲဖြစ်ကြောင်း အမှတ်(၁) နယ်ခြားစောင့်    ရဲတပ်ရင်းများ ကွပ်ကဲမှုဦးစီးဌာနမှ သတင်းရရှိ သည်။
‘‘ပြဿနာမကြာခဏဖြစ် ပွားတဲ့ မိုင်တိုင် ၅၀ ကနေ ၅၂ ကြားထဲမှာ လုံခြုံရေးကင်းက တော့ အထူးတင်းကျပ်ထားတယ်။ သူတို့ဘက်ကလည်း လက်နက် တွေ တပ်ဆင်ထားတာတွေ့နေရ သေးတဲ့အပြင် အုန်းကျွန်းနားမှာ လည်း စစ်သင်္ဘောတွေနဲ့ ကင်း လှည့်နေတုန်းပဲ။ မြေပြင်မှာတော့ အမြဲသတိထားနေရတာပေါ့။ ဟို ဘက်ကနေကျူးကျော်ပြီး နောက် တစ်ကြိမ်ဝင်ပစ်တာမျိုးအဖြစ်မခံ တော့ပါဘူး’’ဟု အမှတ်(၁)နယ် ခြားစောင့်ရဲတပ်ရင်းများကွပ်ကဲမှု ဦးစီးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။
နယ်စပ်ပြဿနာကို နေပြည် တော်တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိချင်း ပထမဆုံး အကြိမ်ဆွေးနွေးပွဲ၌ မောင်တော နယ်စပ်အရေးနှင့်ပတ်သက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို လုပ် ပိုင်ခွင့်အပြည့်ပေးထားပြီး လိုအပ် ပါကလည်း တပ်မတော်၏ အကူ အညီကို ယူရမည်ဖြစ်ကြောင်း နယ်စပ်ဖြတ်ကျော်မှုခင်းဌာနမှ ရဲအရာရှိကြီးတစ်ဦးက 7 Day Daily သတင်းစာ၏ မေးမြန်းချက် ကို ဖြေကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဘက်တွင် ဖမ်းထား သည့် ၎င်းတို့၏ နိုင်ငံသားအချို့ ကို ပြန်လွှဲပေးရန် တောင်းဆိုခဲ့ သည်။ သို့သော် ဖမ်းဆီးထားသူ များသည် မြန်မာနိုင်ငံရေပိုင်နက် အတွင်းသို့ ခိုးဝင်၍ တရားမဝင် ငါးဖမ်းခြင်းကြောင့် လူဝင်မှုကြီး ကြပ်ရေးဥပဒေဖြင့် အရေးယူ ထားကြောင်း တုံ့ပြန်ခဲ့သည်။
‘‘နယ်မြေအေးချမ်းရေးကို တကယ်လိုအပ်ရင် ဟိုတုန်းက အဖြစ်အပျက်တွေကို   ပြန်အစ မဖော်ဖို့နဲ့ နယ်ခြားစောင့်ရဲချင်း အောက်ခြေမှာ အဆင်ပြေအောင် ညှိနှိုင်းဖို့အကြောင်းပြန်လိုက် တယ်။ ဗဟိုကျမှ လာရှင်းလို့ အဆင်မပြေဘူး။ သူတို့ဘက်က ဟိုတုန်းက ဖမ်းထားတဲ့သူတွေကို ပါ ပြန်လွှတ်ပေးဖို့ တောင်းဆို တာ။ ကျွန်တော်တို့ဘက်ကလည်း တည်ဆဲဥပဒေအတိုင်း အရေးယူ ရမှာပဲ’’ဟု အဆိုပါရဲအရာရှိကြီး က ပြောသည်။
မောင်တောနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တင်းမာမှုများနှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲတပ် ဖွဲ့ချင်း မောင်တောနယ်စပ်တွင် သုံးကြိမ်ခန့်   ဆွေးနွေးခဲ့သော် လည်း ပြေလည်မှုမရသော ကြောင့် နှစ်နိုင်ငံအဆင့်မြင့်အရာ ရှိချင်း နေပြည်တော်တွင် ပထမ ဆုံးအကြိမ်ဆွေးနွေးခဲ့သည်။ ဇွန်လ ၁၀ ရက်မှ ၁၂ ရက်အထိ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ  ဒါကာမြို့တွင်  ဆွေးနွေးပွဲ ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

http://www.7daydaily.com/j

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ