Related Posts Plugin for WordPress, Blogger...

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် တွင် အုတ်ဂူများကို ဖောက်ထွင်း၍ ရုပ်အလောင်းများကို ခိုးယူ စားသောက် ခဲ့သည့် ညီအစ်ကို နှစ်ဦးကို အာဏာပိုင် များက ထောင်ဒဏ် ၁၂ နှစ် ချမှတ် ခဲ့ကြောင်း ဗြိတိန်နိုင်ငံထုတ် သတင်းဌာနကြီး တစ်ခုက ဖော်ပြခဲ့သည်ဟု သိရသည်။

မိုဟာမက်ဖာမန်အလီ နှင့် မိုဟာမက်အာရစ်ဖ်အလီ (ပုံ) အမည်ရှိ အဆိုပါ ညီအစ်ကို နှစ်ဦးသည် နိုင်ငံအတွင်း ပြစ်မှုအဖြစ် သတ်မှတ်ခဲ့သည့် အုတ်ဂူများကို ဖျက်ဆီးမှုနှင့် ၄င်းတို့၏ နေအိမ်အတွင်း ကလေးငယ် တစ်ဦး၏ ဦးခေါင်းခွံ တစ်ခုကို သက်ဆိုင်ရာက ယခုနှစ် ဧပြီလ အတွင်းက ရှာဖွေတွေ့ရှိ ခဲ့ရာမှ ၄င်းတို့၏ လုပ်ဆောင်ချက် များကို ရဲတပ်ဖွဲ့ က ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ညီအစ်ကို နှစ်ဦးသည် သင်္ချိုင်းအတွင်းရှိ အုတ်ဂူများကို ဖျက်ဆီးမှုဖြင့် ၂ဝ၁၁ ခုနှစ်ကလည်း အရေးယူ ခံခဲ့ရပြီး ယခုကျူးလွန်ခဲ့သည့် အမှုတွင် ၄င်းတို့သည် ကလေးငယ် တစ်ဦး၏ အုတ်ဂူကို ဖောက်ပြီး ယင်း ကလေးငယ်၏ ရုပ်အလောင်း ကို ချက်ပြုတ် စားသောက် ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

အဆိုပါ ပြစ်မှုနှင့် စပ်လျဉ်း၍ ၄င်းတို့ ညီအစ်ကို နှစ်ဦးလုံးက ဝန်ခံထားပြီး ပတ်ဝန်းကျင်ရှိ အိမ်နီးချင်း များသည် ယခုနှစ် ဧပြီလအတွင်းက ရုပ်အလောင်းမှ ထွက်ပေါ် လာသည့် အပုပ်နံ့ တစ်မျိုးကို ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့ရာမှ တာဝန်ရှိ သူများက ၄င်းတို့၏ နေအိမ် အတွင်းသို့ စီးနင်း ဝင်ရောက်၍ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးကို ပန်ဂျပ်ပြည် နယ်ဆာဂိုဒါမြို့ ရှိ တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ အနေဖြင့် ပြည်နယ် တရားရုံးချုပ် သို့ အယူခံဝင်ခွင့် ရှိကြောင်း သိရှိရသည်။
 
 
http://pyichit-thar.blogspot.com/

Posted by Unknown on 6/16/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ