Related Posts Plugin for WordPress, Blogger...

ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများ နယ်စပ်ကိုဖြတ်၍ နေရပ်သို့ပြန်ရန် လမ်းလျှောက်လာကြသည်ကို ဇွန်လ ၁၅ ရက်က တွေ့ရစဉ်။ ထိုင်းနိုင်ငံမှ နေရပ်သို့ပြန်သွားသော ကမ္ဘောဒီးယားလုပ်သားဦးရေမှာ ရက်ပိုင်းအတွင်း ၁၂၀,၀၀၀ ရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံတကာရွှေ့ပြောင်းလုပ်သားအဖွဲ့ချုပ်ကခန့်မှန်းသည်။ (ဓာတ်ပုံ − ရိုက်တာ) 

အာဏာသိမ်းထိုင်း စစ် အစိုးရက တရားမ၀င်မြန်မာလုပ် သားများကို ဆက်တိုက်ဖမ်းဆီး နေသည့် သတင်းများထွက်ပေါ် နေသဖြင့် မြန်မာအစိုးရက စတင် စုံစမ်းနေကြောင်း အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

ထိုင်းနိုင်ငံတွင် စစ်အစိုးရ တက်လာပြီးနောက် မြန်မာအပါ အဝင် တရားမဝင်အလုပ်သမား များကို ယခုလဆန်းပိုင်းမှစ၍ ဆက်တိုက်ဖမ်းဆီးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထိုကြောင့် မြန်မာအစိုးရက ယင်း ဖြစ်ရပ်အပေါ် မှန်ကန်မှုရှိ၊ မရှိ စုံစမ်းနေပြီး မှန်ကန်မှုရှိပါက နှစ် နိုင်ငံညှိနှိုင်းဆွေးနွေးမှု ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သံအရာရှိကို အသေးစိတ် မေးခိုင်းထားတယ်။ အခုကြားနေ တာက လူမှုအဖွဲ့အစည်းတွေ ဘက်ကပဲ သတင်းတွေ တက်သေးတယ်။ အစိုးရဘက်က သတင်းမတက်သေးဘူး။ အခုမှ နိုင်ငံခြား က ပြန်လာတာဆိုတော့ သိပ် တော့ သတင်းအတိအကျမရ သေးဘူး။ ခိုင်မာမှုရှိအောင်တော့ လုပ်ရမယ်။ ကိုယ့်နိုင်ငံသားအ တွက်ပဲ။ တကယ်အဖမ်းခံနေရရင်တော့ ဆောင်ရွက်ရမှာပေါ့။ လောလောဆယ် သေချာမသိ သေးဘူး။ သိရင်တော့ အထက်ကို တင်ပြပြီး လုပ်မှာပေါ့’’ဟု အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ပြော ကြားသည်။

ထိုင်းရောက် မြန်မာအလုပ် သမားများ ဖမ်းဆီးခံရမှုသည် ဇွန် လ ဆန်းမှစ၍ ဖမ်းဆီးနေမှု သိသိသာသာ ဆောင်ရွက်လာကြပြီး ဇွန်လ ၁၆ ရက်အထိ မြန်မာအလုပ်သမား ၄၀၀ ကျော် ဖမ်းဆီးခံနေရပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ သတင်းရရှိသည်။

ဇွန်လ ၃ ရက်က ထိုင်း နိုင်ငံ မဲဆောက်မြို့ရှိ တရားမ၀င် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေး တို့က ၀င်ရောက်ဖမ်းဆီးခဲ့ရာ တရားမ၀င်နေထိုင်သော မြန်မာ လုပ်သား ၁၆၃ ဦးဖမ်းဆီးခံခဲ့ရ သည်။ ထိုဖမ်းဆီးခံရသူများကိုနေ့ချင်း မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။

ထို့နောက် ဇွန်လ ၁၁ ရက်တွင် ချင်းမိုင်မြို့၌ အလုပ်လုပ်ကိုင် သော တရားမ၀င် မြန်မာနိုင်ငံ သားများကို ထိုင်းနိုင်ငံစစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတို့က ထပ်မံ ၀င်ရောက်ဖမ်းဆီးခဲ့ရာ တရားမ ၀င်နေထိုင်သော မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံခဲ့သည်။ ထို့ အပြင် ဇွန်လ ၁၃ ရက်ကလည်း မဲဆောက်မြို့အနီးတွင် မြန်မာ အားလုံး ၁၈၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ စုစုပေါင်းလေးရာကျော် ပြီဖြစ်သည်။ ဖမ်းဆီးနေမှုများကြောင့် မြန်မာလုပ်သားများလည်း နေရပ်ပြန်မှုပိုများလာသည်။

မြန်မာ အလုပ်သမားများဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မြန်မာအ လုပ်သမားသံအရာရှိက ဖမ်းဆီးခံရမှုတွင် အထောက်အထားရှိသော မြန်မာအလုပ်သမားများဖမ်းဆီးခံရပါက အလုပ်သမားသံအရာရှိထံ အချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံနိုင်သည်ဟု ဇွန် လ ၁၆ ရက်က ထုတ်ပြန်သည်။ သို့သော်ယင်းကိစ္စနှင့် ပတ်သက် ၍ ထိုင်းနိုင်ငံမှ မြန်မာသံအရာရှိ ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

‘‘ထိုင်းလက်ရှိအာဏာရှိတဲ့ သူက တရားမ၀င်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ် လို့ ပြောထားတယ်။ ဟိုနေ့က လည်း မြန်မာ ၃၀ အဖမ်းခံရတယ် လို့ သိရပါတယ်။ သူတို့နေထိုင်တဲ့ နေရာတွေလည်း ဖျက်ဆီးသွား တယ်လို့ ထိုင်းသတင်းစာတွေက ရေးထားပါတယ်။ ပြီးခဲ့တဲ့အပတ် ကလည်း မြန်မာတွေ အဖမ်းခံရသေးတယ်’’ ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော် သောင်းကပြောသည်။

‘‘ဟိုတစ်လောတုန်းက ဆန္ဒ ပြတုန်းက မြန်မာတွေက ရှေ့ကပါ တယ်လေ။ ဒီတော့ အခုကျတော့ အငြိုးနဲ့ လိုက်ဖမ်းနေတာလို့ ထင်တယ်။ အခုဗီဇာရှိနေတဲ့ သူတွေတောင် ပြေးနေရတယ်။ တချို့တွေဆိုရင် တောတောင် တွေထဲမှာနေနေရတယ်။ ကျွန် တော်တောင် ပြေးရသေးတယ်။ အလုပ်တွေကို ခဏနားပြီး ရှောင်နေတယ်ဗျ။ နေရေးထိုင်ရေးကတော့ အခက်အခဲလေးတွေရှိတာပေါ့။ မြန်မာသံရုံးကို ဖုန်းဆက်တာမရပါဘူး။ အခု ဒုက္ခဖြစ်နေတာတောင် မရဘူး’’ဟု လုပ်သက်သုံးနှစ်ကျော် ရှိသော ထိုင်းရောက် မြန်မာအလုပ်သမား တစ်ဦးကပြောသည်။

လက်ရှိထိုင်းနိုင်ငံတွင် မြန် မာအလုပ်သမား သုံးသန်းနှင့် အထက်ရှိပြီး တရားဝင်လုပ်သား စာရင်းမှာ ၁ ဒသမ ၇ သန်းခန့်သာရှိသည်။ မြန်မာအလုပ်သ မား အများစုသည် နယ်စပ်မှတစ် ဆင့် ထိုင်းနိုင်ငံသို့ တရားမ၀င် လမ်းကြောင်းဖြင့် သွားရောက်မှု အများဆုံးဖြစ်သည်။ ယခုအခါ ထိုင်းအလုပ်ရှင်များက နိုင်ငံရေး ပဋိပက္ခကို အကြောင်းပြုပြီး လုပ် သားများကို လုပ်ခလစာ အပြည့် အ၀မပေးဘဲ ခေါင်းပုံဖြတ်လျက် ရှိကြောင်း သတင်းရရှိသည်။

ထို့အပြင်ထိုင်းအစိုးရက တ ရားမ၀င်မြန်မာအလုပ်သမားများ ကို လက်ခံထားသည့် အလုပ်ရှင် များကိုပါ တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံတွင် အာဏာ သိမ်းမှု မဖြစ်ပွားမီ မေလဆန်း က မြန်မာအစိုးရက ထိုင်းအစိုး ရထံသွားရောက်၍ လက်ရှိမြန်မာ အလုပ်သမားများ ခေါင်းပုံဖြတ် ဖိနှိပ်ခံရမှုနှင့် ထိုင်းရဲတို့ ဖမ်း ဆီးငွေညှစ်တောင်းခံမှုများကို တားဆီးပေးရန် ကတိတောင်းခံခဲ့ ကြောင်း ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

ထိုင်းအစိုးရက မြန်မာသာမက နိုင်ငံအတွင်းရှိ တရားမ၀င်ပြည်ပအလုပ်သမားများကို အရှိန်မြှင့်ဖမ်းဆီးအရေးယူနေရာ ကမ္ဘောဒီးယားမှ လုပ်သားတစ်သိန်းကျော်မှာ ရက်ပိုင်းအတွင်း နေရပ်ပြန်သွားသည်။ 
7Day Daily

Posted by Arakan News on 6/18/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ