Related Posts Plugin for WordPress, Blogger...

 ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် ယခုလ (၃၁) ရက်နေ့က ၂၀၀၈ ဩစည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အင်အား (၄၀၀၀) ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ကနီမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့  လူငယ် အလုပ်အမှုဆောင် အဖွဲ့ မှ သိရသည်။

                ဆန္ဒထုတ်ဖော်မှုကို ကနီမြို့ အမျိုးသား ဒီမိုကရေစီ အဩချုပ်ရုံးမှ စတင်ကာ ကမ်း နားလမ်းမကြီးတစ်လျှောက် မြို့လယ်လမ်းနှင့် သီတာဦး လမ်းတို့မှတစ်ဆင့် အမျိုးသား ဒီမို ကရေစီ အဩ ချုပ်ရုံး အထိ နံနက် (၁၀) နာရီမှ (၁၁း၃၀)နာရီအထိ လမ်းလျှောက်ချီတက် ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။

                  ပြည်သူလူထု တစ်ရပ်လုံး တောင့်တ နေတဲ့ ခေါင်းဆောင် တစ်ယောက်ပေါ် ထွန်းဖို့ အတွက် ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်မှ ဖြစ်မှာပါ။ ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိဖို့ အတွက် ပြည်သူတွေရွေးချယ် တင်မြှောက် တဲ့ သမ်္မတတစ်ယောက်ဖြစ်ဖို့လည်း လိုပါ တယ်။ (၅၉) (စ) (ဃ) ကို ပြင်မှ ဒီမိုကရေစီ အသက်ဝင်လာမယ်လို့ထင်ပါတယ်။ ငြိမ်းချမ်း ရေးအတွက်လည်း ပါတယ်။ အမျိုးသား ပြန်လည်  ရင်ကြားစေ့ရေး အတွက်လည်း ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်မှ ဖြစ်ပါ့မယ်။ပြင်ကိုပြင်သင့်တယ်လို့ယူဆလို့ အခုလို ဆန်္ဒ ထုတ်ဖော်ခဲ့ကြတာပါ  ဟု ကနီမြို့နယ် အမျိုးသားဒီမိုကရေစီ လူငယ်အမှုဆောင် အဖွဲ့ မှကိုရာဇာထွန်းကပြောသည်။

                 အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် ကနီမြို့တွင် ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် လူထုဆန်္ဒထုတ်ဖော်ပွဲတစ်ခုဖြစ်ကြောင်းလည်း ၄င်းက ဆက် ပြောသည်။  ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒထုတ် ဖော်ရာတွင် ပုဒ်မ ၄၃၆၊ ၅၉ (စ) (ဃ) ပြင် ဆင်ပေးရေး၊ ပြည်တွင်းစစ် ငြိမ်း ချမ်းရေး၊ အ မျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် မတရား သိမ်းဆည်းထားသည့် လယ်ယာမြေများကို ပြန်ပေးရေးစသည့် ကြွေးကြော်သံများဖြင့်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း အဆိုပါ လူငယ်အလုပ် မှုဆောင်အဖွဲ့ ထံမှ သိရသည်။

Messenger News Journal

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ