Related Posts Plugin for WordPress, Blogger...

 ပြည်တွင်း ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံ ပြင်မယ်လို့ ပြောတာဟာ မပြင်ချင်လို့ ပြောတာပဲလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁ ရက်က ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်တို့မှာ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး မေလ ၃၁ ရက်က သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းပါ ဖွဲ့စည်းပုံပြင်ရေး သဘောထားအပေါ် တုံ့ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“စစ်မှန်တဲ့ ဒီမိုကရေစီကို မလိုချင်တဲ့သူတွေက ဘယ်လိုပြောလဲဆိုတော့ အမျိုးမျိုးပြောတာတွေ ကတော့ အများကြီးပေါ့နော်၊ ဒီထဲမှာ တခုက ဘာလဲဆိုတော့ အခု ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးစားဖို့က အဓိကပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက နောက်ထားလို့ ရတယ်ဆိုတာ အဲဒါ တကယ်တော့ မပြင်ချင်လို့ ပြောတာဆိုတာကို သေသေချာချာ နားလည်ပါလို့ ကျမအနေနဲ့ ဆော်သြ ချင်ပါတယ်။ လုပ်ချင်လို့ရှိရင် ချက်ချင်းပြီးမယ့် ကိစ္စပါ။ မလုပ်ချင်ရင်တော့ ဆင်ခြေဆင်လက် ဆင်နားရွက်တွေက ရေလို့မရအောင် ပေါ်လာမှာ ဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခု ဖွဲ့စည်းပုံပြင်ရေး လုပ်ဆောင်ချက်တွေဟာ ဥပဒေဘောင် အတွင်းက လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း လူထုကို အသိပေး ပြောကြားခဲ့ပါတယ်။

မေလ ၃၁ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လစဉ် ရေဒီယိုမိန့်ခွန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေ ထွက်ပေါ်လာမှ ဖွဲ့စည်းပုံပြင်ဖို့ လုပ်သင့်တယ်လို့ သူ့သဘောထားကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ နေပြည်တော် ၈ မြို့နယ်ထဲက ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းမြို့တို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုး လှုပ်ရှားမှုတွေကို သွားရောက် အားပေးကြည့်ရှုရင်း လူထုကို ပုဒ် ၄၃၆ ပြင်ဖို့ ဘာလို့လုပ်ရသလဲဆိုတာ ဟောပြောဆွေးနွေး ရှင်းလင်း ပြောပြခဲ့တာဖြစ်ပြီး မြို့ ၃ ခုစလုံးမှာ လူထု သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွေကို မေလ ၁၇ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး လက်မှတ်ထိုးလှုပ်ရှားမှုကိုတော့ မေလ ၂၇ ရက်မှာ စတင်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ