Related Posts Plugin for WordPress, Blogger...


လွတ်လပ်ရေးတိုက်ပွဲဝင်နေချိန်တွေတုံးကသခင်ကိုယ်တော်မှိုင်းကဂျပန်တွေနဲ့ပတ်သက်ပြီ" အောင်ဆန်း
မင်းပင့်လာတဲ့ ဘုရားတွေမင်း ပြန်ပင့်သွားဆိုတော့ " ဗိုလ်ချုပ်အောင်ဆန်းကသခင်ကိုယ်တော်မှိုင်း ကို
"ဆရာကြီး အဲဒီဘုရားတွေက ကျနော်မပင့်လဲ သူ့ဟာသူ ကြွ လာမှာဘဲ"လို့ ပြန် ပြောခဲ့တယ်လို့ မှတ်သားခဲ့ပါတယ်။

သခင်ကိုယ်တော်မှိုင်းတောင် ဒီလိုပြောခဲ့ ရင် စစ်အတွင်းက ဖခင်ဆုံးရှုံးသွားခဲ့ရတဲ့ လူငယ်တစ်ယောက်ရဲ့ ခံစားချက်ဟာ ဘယ်လိုဖြစ်နေမလဲ!!

စကြာမယ်တော်ကြီးလည်း ဘိလပ်မှာ အနေကြာခဲ့လို့လား မြန်မာ စာပေတွေကို အထင်တကြီး ဖတ်ရှုခြင်း မပြုလို့လားတော့ မသိဘူး တည်ထောင်တာနဲ့ ဦးဆောင်တာ ဆိုတဲ့ ဗမာစကား ၂-လုံး ကို တောင် လေလုံး မကွဲတော့ဘူးကွယ်။

ဗမာ့လွတ်မြောက်ရေး တပ်မတော် (BIA) ကို ရဲဘော်သုံးကျိပ်က စလို့ တည်ထောင်ခဲ့တယ်။ ရဲဘော်သုံးကျိပ်ဟာ တို့ဗမာ အစည်းအရုံးရဲ့ ဥက္ကဋ္ဌ နာယကတွေ ဖြစ်တဲ့ သခင်ဗစိန်တို့ အဘ သခင်ကိုယ်တော်မှိုင်းတို့ ကြောင့် သန္ဓေတည်ခဲ့တာ။ လက်ဝဲလက်ယာ ၂-ဖက်စလုံးက လူချွန် လူတော်တွေနဲ့ ဖွဲ့စည်းခဲ့တာ။ အဲဒီတော့ ရဲဘော်သုံးကျိပ်ဟာ ဗမာတပ်မတော်ကို တည်ထောင် ခဲ့တာ ဆိုတာ မှန်တယ်။

ဦးဆောင်တာနဲ့ ပတ်သက်လို့ ပြောရမယ် ဆိုရင် မြန်မာပြည်ကို ဘီအိုင်အေ စဝင်လာခါစက ဗိုလ်ချုပ်အောင်ဆန်းက ၁၀၀% ဦးဆောင်ခဲ့တယ်လို့ ပြောလို့ မရဘူး။ ဘာလို့လည်း ဆိုတော့ ဘီအိုင်အေတပ်တွေကို ဂျပန်ဘုရင့်တပ်မတော်က အရာရှိတွေနဲ့ အတူတူ အုပ်ချုပ်ခဲ့ရတာ မျိုးတွေ ရှိတာ ကြောင့်ပဲ။ ဒါပေမယ့် ရဲဘော်သုံးကျိပ်ထဲက ခေါင်းဆောင် တစ်ဦးကို မဖြစ်မနေ ရွေးပြပါ ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကို ရွေးရလိမ့်မယ်။ ဗမာ့အမျိုးသားတပ်မတော် BNA ကို ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ အခါမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်သေနာပတိချုပ် ဖြစ်သွားပြီ။

ဂျပန်သတ်လို့ သူ့အဖေ သေရတဲ့ ကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဦးစီး ခေါင်းဆောင် ဖြစ်နေလို့ အဖိုးကြီးက တာဝန် ရှိတယ်လို့ ပြောတာ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဦးစီး ခေါင်းဆောင် ဖြစ်နေလို့ သူ့ကြောင့်လို့ ပြောတာ။ ဒါဟာ နိုင်ငံ တစ်နိုင်ငံ စစ်တပ် တစ်တပ်ရဲ့ ခေါင်းဆောင်ဖြစ်သူရဲ့ တာဝန် ရှိမှု ကို နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ ထောက်ပြတာပဲ။ ဗြိတိသျှတွေကလည်း စစ်ပြီးတဲ့ အခါ ဗိုလ်ချုပ် အောင်ဆန်း စစ်ခုံရုံးတင်ဖို့ လုပ်တာကလည်း စစ်အတွင်းက သူ့ရဲ့ ဦးဆောင်မှု အပေါ် ထောက်ပြပြီး စွတ်စွဲခဲ့တာပဲ။

အခု လက်ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံးမှာ ဆိုလည်း ဘယ်သူက တာဝန်ရှိတယ်၊ ဘယ်သူက တာဝန်ယူရမယ် ဆိုတာတွေကို ဒီလိုနည်းတွေ နဲ့ပဲ ဆုံးဖြတ်တာပဲ။ ဒါကြောင့် အမေရိကန်ဟာ အိုင်စီစီကို အခုထိ အပြည့်အဝ လက်မခံသေးတာကိုပဲ ကြည့်လေ။ အဲဒီတော့ ပြောချင်တာက တိုင်းပြည်ကို ခေါင်းဆောင်မယ့် သူတွေ ဆိုတာ တိုင်းပြည် အကြောင်းကို ခရေစေ့တွင်းကျ သိသင့်တယ်။ စာများများ ဖတ်ကြပါ။ ကိုယ်တိုင် မဖတ်နိုင်တော့ရင်လည်း စာဖတ်အားကောင်းတဲ့ လူတော်တွေ ကိုယ့်အနားမှာ ဝိုင်းရံနေဖို့လိုတယ်။ ကိုယ်က ချီးစားဆို စားမယ့် အရက်သမားတွေ ကိုယ့်အနားမှာ ဝိုင်းနေတာ မကောင်းဘူးတော့ မဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမယ့် လူနဲ့သူနဲ့ စကားပြောရတဲ့ အခါ ဒီလူတွေ ဘာမှ သုံးမရဘူး။ အလကားပဲ။


ရာဇ်ဓိရာဇာ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ