Related Posts Plugin for WordPress, Blogger...

သာမန် လူတစ်ယောက်ရဲ့ နံပါတ်တစ် လိုအပ်ချက်က အသက်ရှင်သန် လိုမှုဖြစ်တယ်။ ဒုတိယ လိုလားချက်ကတော့ ခြေလက်အင်္ဂါ အစုံအလင်နဲ့ ကျန်းမာရေးကောင်းဖို့ ဖြစ်ပြီးတတိယ လိုလား ချက်ကတော့ စားဝတ်နေရေး အဆင်ပြေဖို့ ဖြစ်တယ်။အဲဒါတွေပြီးမှ လူ့ အခွင့်အရေးတို့  လွတ်လပ် စွာ ပြော ဆိုရေးသားခွင့်တို့ ကို လိုအပ်ကြပါတယ်။

သမိုင်းဦးဘုံမြေခေတ်၊ကျေးပိုင်ကျွန်ပိုင်ခေတ်၊မြေရှင်ပဒေသရာဇ်ခေတ်၊အရင်းရှင်ခေတ်၊ဆိုရှယ် လစ်ခေတ်ဆိုတဲ့ခေတ်ကြီးငါးခေတ် ဟာလဲ ဒီလူ့ သဘာဝ လိုလားချက် အဆင့် ဆင့်တွေ အရ ပေါ်ပေါက်ခဲ့ တာ တွေ့ ရမှာဖြစ်ပါတယ်။လူ့ အလိုနတ်မလိုက်နိင် ဆိုတဲ့ အတိုင်း ဘယ်တော့မှ မပြည့် နိင်တဲ့ လူ့ အတ္တဆန္ဒ အရ ဆိုရှယ်လစ်စံနစ်ကနေ အရင်း ရှင်စံနစ်ကို နောက်ကြောင်းပြန်လှည့် တဲ့အ ခါ လူထုကြိုက် ဒီမိုကရေစီ ဆိုတဲ့စကားလုံး ကိုကြားခံပြီး ဒီမိုကရေစီ ဈေးကွက် စီးပွားရေး စံနစ် လို့  အမည်တပ်ပြီး ယနေ့ ချီ တက်နေ တဲ့ လမ်းကြောင်း ဟာ တကယ်တော့ အရင်းရှင်စီးပွားရေး စံနစ် သာဖြစ်ပါတယ်။ခေတ်စံနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း မပြောင်းလဲတာ ကတော့ ခေတ်တိုင်းမှာ ဆင်းရဲ ချမ်းသာ လူတွေရှိနေတာဖြစ်ပါတယ်။ အခု ဖြစ်နေတာက ဒီမိုကရေစီရရင် ချမ်းသာပြီ ဆိုတဲ့ အတွေးအမြင်မျိုး လူထု ခေါင်းထဲ ရိုက်သွင်းနေခြင်းမျိုးဟာ ဒီမိုကရေစီ အစိုးရတက်လာတဲ့အခါ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်တဲ့ ကိန်းဖြစ်လာပါလိမ့်မယ်။ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့သလို ပဒေသာပင် မြေက ပေါက်လာမှာ မဟုတ်ဘူး ဆိုတာ လူထု အနေနဲ့ရှင်း ရှင်းလင်းလင်းသဘောပေါက် ထားအောင်ရှင်းပြထားဖို့ လိုပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ လူထု အများစု ဒီမိုကရေစီ လိုချင်နေကြတယ် ဆိုတာ ဒီမိုကရေစီ ရရင်ချမ်းသာပြီ လို့ထင်နေကြ လို့ သာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး၊စစ်တပ်က လွှမ်းမိုးတဲ့ အုပ်ချုပ်ရေး ကို တွန်းလှန်ရမှာဖြစ်ပေမယ့် ဒီလိုတွန်းလှန် လို့ လူထုကြီး ချမ်းသာမလာဘဲ နံပါတ်တစ် လိုအပ်ချက်ဖြစ်တဲ့  အသက်ရှင်သန်ရေးအတွက် ပြေးလွှား နေရတဲ့ အဖြစ်ကို ရောက်နေတာ ယနေ့ မျက်မှောက် ကာလ ကမ္ဘာတ၀ှမ်းမှာ အထင်အရှား တွေ့  နေရပါတယ်။ လက်ရှိအာဏာရ ဦးသိန်းစိန် အစိုးရဟာဒီမိုကရေစီ အကူးအပြောင်းကာလမှာ စီးပွားရေး တရားဥပဒေ စိုးမိုးေ၇း ပြည်တွင်းငြိမ်း ချမ်းရေး စတဲ့ ဘက်ပေါင်းစုံမှာ အားရစရာကောင်း လောက် အောင် လျင်လျင်မြန်မြန် လုပ်နိင်တာ မတွေ့ ရပေမယ့် နယ်စပ်ဒေသ တွေကလွဲလို့  ပြည်တွင်းမှာ ပြေးလွှားနေရတာမျိုး မဖြစ်စေဘဲ တည်တည်ငြိမ်ငြိမ် ထိန်းထားနိင်တာကတော့ အသိအမှတ် ပြုရ မှာဖြစ်ပါတယ်။ ယခင်စစ်အစိုးရ ၊လက်ရှိ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ပြည်ခိုင်ဖြိုးအစိုးရ ပါတီ ကို အများစု က မကြိုက်တာ တကယ့်အရင်းအမြစ်က ဒီမိုကရေစီ မရ လို့ မဟုတ်ပါဘူး။ တိုင်းပြည်စီးပွားရေး ကောင်း အောင်မလုပ်ပေးနိင် လို့ သာဖြစ်ပါတယ်။တိုင်းပြည်ကို စစ်ရေး၊နိင်ငံရေး အရ ထိန်းသိမ်း အုပ်ချုပ် နိင်ပေမယ့် စီးပွားရေး ကောင်းအောင်မ လုပ်ပေးနိင်တာ အဓိက အားနဲချက်ဖြစ်ပါတယ်။အခု ပြည်ခိုင်ဖြိုးပါတီ အာဏာရတဲ့(၅)နှစ် အတွင်း တိုင်းပြည်စီးပွားရေးကောင်းအောင်ထိထိရောက်ရောက် လုပ်ပြနိင်ခဲ့ရင် အများကြီး အလားအလာကောင်းနိင်ပေမယ့် ဒီအခွင့် အချိန်ကောင်းတွေကိုလည်း ပြည်ခိုင်ဖြိုးပါ တီက ဖြုန်းတီးပစ်ခဲ့လို့ ကျန်တဲ့တစ်နှစ်အတွင်း ထူးထူးခြားခြား စီပွားရေး ထိုးတက်လာ အောင် လုပ်နိင် စရာသိပ် မရှိတော့ပါဘူး။လက်ရှိ အခြေအနေ အရ ရိုးရိုးသား သား ယှဉ်ပြိုင်ရွေး ကောက်ပွဲ ပြိုင်ကြရင်တော့ ပြည်ခိုင်ဖြိုး ပါတီ အခြေအနေ မကောင်းနိင်ပါဘူး။အဓိက အားနဲချက်ဖြစ်တဲ့ တိုင်းပြည်စီးပွားရေးကောင်းအောင် မလုပ်ပေး နိင်လို့ သာဖြစ်ပါတယ်။

၂၀၁၅ တက်လာတဲ့ ပါတီ အစိုးရ ဟာတိုင်းပြည်ကို လူ့ အခွင့်အရေးတွေ လွတ်လပ်စွာ ပြောဆို ရေးသား ခွင့်တွေ ကမ္ဘာ့ နံပါတ်တစ်အဆင့် ထိပ်ဆုံးက ပေး ထားရင်လည်း တိုင်းပြည်စီးပွားေ၇း ကောင်း အောင်မလုပ်နိင်ရင်တော့ (၅)နှစ်သက် တမ်းအပြည့်ရပ်တည်နိင်ဖို့ မလွယ်ပါဘူး။ဒီမိုကရေစီ ရရင်ချမ်းသာပြီ လို့ အခု မြှောက် ပင့် ဆွဲဆောင်စည်းရုံးခဲ့တဲ့ညောင်ပင် မျိုးစေ့ ဟာ အဲဒီအချိန်မှာ ကြီးထွား ရှင်သန်လာပြီး အာဏာရလာတဲ့ ဒီမိုကရေစီ လူ့ အခွင့်အရေး ပါတီ ကို ၀ါးမျိုသွားပါလိမ့်မယ်။ လက်လုပ်လက်စားလူထုရဲ့ လိုလားချက်နံပါတ်တစ် ဟာ အလုပ်အကိုင် အခွင့်အလမ်းပေါ များပြီး စီးပွား ရေး ကောင်းဖို့ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ထူးခြားတဲ့ ၀ိသေသ လက္ခဏာ အရ လက်နက်ကိုင် သူပုန် များလှတဲ့အတွက် စားဝတ်နေရေး စီးပွားရေး ကောင်းမွန်ဖို့ မျှော်လင့်ချက် နံပါတ်တစ် အဖြစ်ကနေ အသက်ရှင်သန်ရေး အတွက် ပြေးလွှားနေရတဲ့စစ်ဘေးစစ်ဒဏ် ခံ အသက်လု ပြေးနေရမယ့် အဖြစ်တွေက နံပါတ်တစ် ဦးစားပေးဖြစ်မလာဘူးလို့ လျှော့တွက်လို့ တော့မရပါဘူး။ ပြည်တွင်းသောင်း ကျန်းမှုမရှိတဲ့တိုင်းပြည်တွေမှာတောင် ဒီမိုကရေစီရေးလှုပ်ရှားမှုကနေ ပြည်တွင်းစစ်တွေ အကြီးအ ကျယ်ဖြစ်နေကြလို့ မြန်မာပြည်လို ယမ်းအိုးကြီး အဆင်သင့် ရှိနေတဲ့ တိုင်းပြည်မှာ မီးစလေးတစ်စက် ကျရုံနဲ့ တစ်နိင်ငံလုံး စစ်မီးကြီး တဟုန်းဟုန်း ထ တောက်သွားနိင်ပါတယ်။

တော်လှန်ရေး ဆိုတာ ခေတ်စံနစ်တစ်ခုကနေ တစ်ခုကို ကူးပြောင်းရာမှာ ပိုကောင်းတဲ့ ရည်မှန်းချက် အတွက် မျော်မှန်း လုပ်ကိုင်ကြတာဖြစ်ပါတယ်။ အာဏာရ အစိုးရကို အပြစ်တင် နေရုံနဲ့  တော်လှန်ရေးမအောင်မြင်နိင်ပါဘူး ။အောင်မြ င်အောင် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ နည်းဗျုဟာ ရှင်းရှင်းလင်းတွေ လူထုဆီပြန့် နှံ့ အောင် လုပ်ဖို့ လိုသလို ဒီမိုကရေစီရရင် ချမ်းသာပြီ လို့  လွဲမှားတဲ့ အပေါစား စည်းရုံးမှုတွေ အစား ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ ခေါင်းဆောင်တွေ ဖြစ်အောင် အရင် တည်ဆောက်ကြပြီး ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ လူထုကြီးဖြစ်အောင်မှန်မှန်ကန်ကန် ဦးဆောင်စည်းရုံး ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ။

ဦးသောင်းအေး

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ