Related Posts Plugin for WordPress, Blogger...

ရန်ကုန်မြို့တွင် မိုးရွာသွန်းလျှင် ဖြစ်ပွားလေ့ ရှိသော ရေကြီး ရေလျှံမှုများ လျော့နည်းလာစေရေး အတွက် ပြည်ပနိုင်ငံများသို့ အကူအညီ တောင်းခံ ရန် စီစဉ်နေပြီ ဖြစ်ကြောင်း YCDC မှ သတင်း ရရှိသည်။ ရေကြီး ရေလျှံမှုများ ပပျောက်စေဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက် နေပေမယ့် နည်းပညာ မရှိ လို့ ထိရောက်မှု သိပ်မရှိဘဲ ဖြစ်နေတယ် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာဌာန) လမ်းနှင့် တံတားမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ဇွန်လ(၁၁) ရက်နေ့ မနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်၊ သမိုင်းလမ်းဆုံ၊ ဘူတာရုံလမ်း၊တောင် ဥက္ကလာပ မြို့နယ် များတွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူများ သွားလာရေး ခက်ခဲခဲ့သည်။ ထို့အပြင် ယခုနှစ် မိုးဦးရာသီတွင် မိုးသည်း ထန်စွာ ရွာသွန်းလျှင် ရန်ကုန်မြို့တွင်း ရေကြီးရေ လျှံမှုများ ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ ရေကြီးရေလျှံမှုများ ပပျောက်စေရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် သုံးစွဲခဲ့သည်။ ယခုအခါ ရေကြီးရေလျှံ မှုများ လျှော့ချနိုင်ရန် မြစ်ထွက်ပေါက်အသစ် များ၊ ရေထိန်းတံခါးများ၊ ရေမြောင်းများကိုလိုအပ်သော စက်ကိရိယာများဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ အိမ်တွေကလည်း မြောင်းတွေကို ပတ်ပြီး ဆောက်လုပ် ထားတာရှိနေ သလို ပြည်သူတွေ ကလည်း စည်းကမ်းမရှိတာ တွေပါတယ်။

ဒါကို စစ်တမ်း ကောက်ပြီး အဓိက ဘယ်မှာ ရေအကြီးဆုံး ဖြစ်နေလဲ၊ အဲဒီဖြစ်တဲ့ နေရာကို ဦးစားပေးပြီး တစ်ဆင့်ချင်း ဆောင်ရွက်ရင်တော့ ဒါတွေကို လျော့ကျ လာနိုင်ပါတယ် ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသာအေး က ပြောသည်။ ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုများ လျှော့ချ နိုင်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း တစ်သောင်းကျော် သုံးစွဲခဲ့ပြီး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း ငါးထောင်ကျော် တိုးမြှင့် သုံးစွဲခဲ့ကြောင်း YCDC မှ သိရသည်။

messenger
http://www.lwinpyin.com

Posted by Arakan News on 6/16/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ