Related Posts Plugin for WordPress, Blogger...

ခွန်ဘသာ

ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်တဲ့ နိုင်ငံတော် သမ္မတရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ အပေါ်မှာ ဧရာဝတီတိုင်းသားတွေက အမြဲတမ်း ထောက်ခံအားပေးဖို့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောဆိုလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ နောင်ရိုးခန်းမမှာ ဇွန်လ ၁၄ ရက်နေ့က ကျင်းပတဲ့ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးအခမ်းအနားမှာ ဝန်ကြီးချုပ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ တဦးလည်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီရဲ့လုပ်ငန်းတာဝန်တွေကို မဆောင်ရွက်ရဘူးဆိုတဲ့ ကန့်သက်ချက်အရ မဆောင်ရွက်တာသာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ၀န်ကြီးချုပ်က ပြောပါတယ်။

“နိုင်ငံတော်သမ္မတကြီးနဲ့ စောစောက သမ္မတကြီး အမိန့်ရှိသွားခဲ့သလိုပါပဲ အချိန်မအားလပ်တဲ့ ကြားက ဧရာဝတီတိုင်းသား ဖြစ်တာနဲ့အညီ ဧရာဝတီတိုင်းဒေသကြီးကို မိုးထဲလေထဲမှာ ကြွရောက်ပြီးတော့မှ ချီးမြင့်အားပေးခဲ့တာကို ဧရာဝတီတိုင်းသူ/တိုင်းသားများ အနေနဲ့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကျေးဇူးလည်း တင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးဟာ နိုင်ငံတော်ရဲ့အထွတ်အထိပ် သမ္မတတဦး ဖြစ်သကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဋ္ဌလည်းပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီရဲ့ လုပ်ငန်းတာဝန်များကို မဆောင်ရွက်ရဘူးဆိုတဲ့ ကန့်သတ်ချက်အရ မဆောင်ရွက်တာပဲဖြစ်ပြီး ကျနော်တို့ သမ္မတကြီးဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဋ္ဌ တဦးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တိုင်းသားတဦးဖြစ်တဲ့ သမ္မတကြီးရဲ့ နိုင်ငံတော်ရဲ့ အရေးပါတဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နေတဲ့ အပေါ်မှာ နောက် သူတာဝန်ခံရတဲ့ ပါတီရဲ့ အပေါ်မှာ ကျနော်တို့ ခင်ဗျားတို့ ဧရာဝတီတိုင်းသားများက အမြဲတမ်းအားပေးထောက်ခံမှုနဲ့ အောင်မြင်အောင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြဖို့ လိုအပ်ကြောင်း ကျနော့်အနေနဲ့ ပဏာမ ပြောကြားချင်ပါတယ်။”
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စတုတ္ထအကြိမ်မြောက်ကျင်းပတာ ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အတူ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေနဲ့ ဧရာဝတီတိုင်းအတွင်းက သမ၀ါယမ အသင်းသား ၇၀၀ ကျော်လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် အခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၆ မြို့နယ်က သမ၀ါယမ အသင်းသားဦးရေ ၁ သိန်းကျော်အတွက် ချေးငွေ ငွေကျပ် သိန်းပေါင်း ၁ သိန်းကျော် (၁၁၂၄၉၅) ထုတ်ပေးခဲ့သလို လယ်ယာသုံး စက်ကိရိယာတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေနဲ့ ရေလုပ်ငန်းသုံးပစ္စည်းတွေအတွက် စုစုပေါင်း သိန်းပေါင်း ၁ သောင်းကျော် (၁၀၁၅၁ ဒသမ ၇၄၅)ကို အသင်းပေါင်း ၂၅၂ သင်းကို ထောက်ပံ့လိုက်ပါတယ်။

အခုလို ထောက်ပံ့တာဟာ ဧရာဝတီတိုင်းမှာ နာဂစ်ဒဏ်ကြောင့် နာတာရှည်ရောဂါလို စွဲကပ်နေ ဆင်းရဲနွမ်းပါးမှုတွေ လုံးဝ မပျောက်နိုင်ပေမယ့် သက်သာရာရ စေဖို့ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
 
http://abbsoluteright.blogspot.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ