Related Posts Plugin for WordPress, Blogger...


မေလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန် အစည်းအဝေး ခေတ္တနားချိန်မှာ သတင်းမီဒီယာသမားတွေကို ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်ရဲ့အထက်မှာ တပ်မတော် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ လွှတ်တော်က အဆိုတင်သွင်းတဲ့ ဥပဒေတစ်ခု အတည်ပြုဖို့ တပ်မတော်သားတွေရဲ့ ဆန္ဒက အဓိကမူတည်နေပြီး တပ်မတော်သားတွေ ရဲ့သဘောထားက ကာချုပ်ရဲ့ သဘောထားဖြစ်တာကြောင့် လွှတ်တော်ရဲ့ အထက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိနေကြောင်း၊ တပ်မတော်က လွှတ်တော်ရဲ့အထက်မှာ ရှိနေကြောင်း စသည်ဖြင့် မီဒီယာသမားများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန် အလှန်ပြောဆိုခဲ့ကြပြီး ဂျာနယ်၊ သတင်းစာများနဲ့ အင်တနက် စာမျက်နှာများပေါ်မှာ လွှတ်တော်အထက်တွင် တပ်မတော်ရှိကြောင်း ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။ ဝါရင့်၊သဘာရင့် ကျွမ်းကျင်တဲ့ ဆောင်းပါးရှင် အများအပြားကလည်း ထောက်ခံဆွေးနွေးရေးသားမှုတွေ တွေ့ခဲ့ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ပြီး ရက်သတ္တပတ် (၂) ပတ်မပြည့်ခင်မှာ အမျိုးသား လွှတ်တော်အတွင်း ဥပဒေတစ်ခု အတည်ပြုဖို့ မဲခွဲရာ တပ်မတော်သားတွေ ဝက်ဝက်ကွဲ ရှုံးနိမ့်ခဲ့ပြီး  တပ်မတော်သား အမတ်အားလုံး မတ်တတ်ရပ် ကန့်ကွက်တဲ့အဆိုတစ်ခုကို အမျိုးသားလွှတ်တော်က အတည်ပြုသွားပါတယ်။

PR စနစ်ကို ကန့်ကွက်ကြောင်း တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦး၊ ဗိုလ်မှူးကျော်နိုင်ဌေး၊ ဗိုလ်မှူးတိုးမင်းထွန်း နှင့် ဗိုလ်မှူးဝင်းသိန်း တို့မှ သာဓကများ၊ အထောက်အထားများဖြင့် အကျယ်တဝင့် စိတ်ဝင်စားစွာဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ချိန်မှာလည်း တပ်မတော်သားအားလုံး မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြပါတယ်။ ဆွေးနွေးမှု တတိယမြောက်နေ့တွင် အမျိုးသား လွှတ်တော်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ် ၂၀၄ ဦးတွင် တပ်မတော်သား ၅၆ ဦးအပါအဝင် ကန့်ကွက်မဲ ၈၅ ဦးရှိခဲ့ပြီး ထောက်ခံမဲ ၁၁၉ မဲဖြင့် သဘောတူ အတည်ပြုလိုက်ကာ PR စနစ် အကောင်အထည် ဖော်ဆောင်ရေး ကော် မတီ တရပ်အား ကိုယ်စားလှယ် ၄၀ ကျော်ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

တပ်မတော်သားတွေအတွက် ရှက်ဖို့ကောင်းလောက်အောင် ဆိုးဆိုးရွားရွား ရှုံးနိမ့်မှုတစ်ခုဖြစ်ပေမယ့် အဆိုးထဲက အကောင်းအဖြစ် လွှတ်တော်မှာ ဥပဒေတစ်ခု အတည်ပြုဖို့အတွက် တပ်မတော်သားတွေရဲ့ ဆန္ဒသည့် အဓိကမဟုတ်တဲ့အကြောင်း၊ တပ်မတော်ဟာ အခွင့်ထူး၊ အာဏာထူး ဘာမှပိုင်ဆိုင်ထားခြင်း မရှိကြောင်း ထင်ရှားစေခဲ့ပါတယ်။ တပ်မတော်ဟာ လွှတ်တော် ရဲ့ အထက်မှာ မရှိတဲ့အကြောင်းနဲ့ တပ်မတော်ရဲ့အထက်မှာ ပြည်သူ့ဆန္ဒစစ်စစ်များ ရှိနေကြောင်း တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးက သိစေခဲ့ခြင်းဟာ ကြီးမားတဲ့ သက်သေပြချက် တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ယခုလို နှိုင်းယှဉ်သုံးသပ်ချပ်မျိုးကိုတော့ ဘယ်နေရာမှာမှ မတွေ့ရသေးပါဘူး။ တပ်မတော်သားတွေဟာ အရှုံးကို ကျေနပ်စွာရယူခဲ့ပါတယ်။ အကြောက်အကန်ငြင်းတာတွေ၊ ရှက်ရမ်းရမ်းတာတွေ၊ ရှုံးမဲမဲပြီး တဖက်သားကို စွပ်စွဲပြောဆိုတာတွေ၊ စိန်ခေါ်တာမျိုးတွေ မရှိခဲ့ပါဘူး။

 ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို ချစ်တယ်၊ ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ကို သံယောဇဉ်ရှိတယ်လို့ နှုတ်မှ တဖွဖွပြောဆိုပေမယ့် Myanmar National Network အဖွဲ့သားများလို ရှေ့တန်းရောက် တပ်မတော်သားများအတွက် လှူဒါန်းထောက်ပံ့တာမျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသေးပါဘူး။ လွှတ်တော်မှာ ဥပဒေတစ်ခု အတည်ပြုဖို့ တပ်မတော်ဆန္ဒအဓိကဖြစ်ကြောင်း၊ တပ်မတော်က လွှတ်တော်အထက်မှာရှိကြောင်း၊ တပ်မတော်သားများကို စိန်ခေါ်ကြောင်း များကိုလည်း ပြောဆိုခဲ့ပါတယ်။ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လိုချင်တာမရလို့ ကလေးတစ်ယောက်လို ပူဆာသလိုဖြစ်နေကြောင်း မှတ်ချက်ပေးခဲ့ပြီး အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းငွန်ကျုံးလန်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် တပ်မတော်သား တစ်ဦးရဲ့ ဆန္ဒသာ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။ မည်သို့ပင်ဖြစ်စေ PR နှင့်ပတ်သက်ပြီး တပ်မတော်သားများ၏ ရှုံးနိမ့်မှုသည် စွပ်စွဲခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေခဲ့ပါတယ်။
 
.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ