Related Posts Plugin for WordPress, Blogger...

လာမယ့် ဇွန်လ၉ရက်နေ့ မကွေးတိုင်း ဒေသကြီး မကွေးမြို့မှာ ပြုလုပ်မယ့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲ အတွက် ကျင်းပ ခွင့် တင်ပြရာမှာ တိုင်းရဲတပ်ဖွဲ့မှူးက ခွင့်မပြု ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က တင်ပြခဲ့တာကို တိုင်းရဲတပ်ဖွဲ့မှူးက ငြင်းပယ်လိုက်တာဖြစ်ကြောင်း မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအတွင်းရေးမှုး ဦးနေမျိုးကျော်က ပြောပါတယ်။

"မကွေးမြို့ ကန်သာယာကွင်းမှာ ကျနော်တို့ ကျင်းပဖို့ စီစဉ်ထားပါတယ်၊ သက်ဆိုင်ရာ ဘုရားဂေါပဂ၊ သက်ဆိုင်ရာရပ်ကွက်ရဲ့ ထောက်ခံမှုနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှာ စုဝေးခွင့်တရားဝင်တင်ထားတယ်၊ ဒါကို ၅ ရက်နေ့က ငြင်းပယ်မိန့်ထုတ်တယ်၊ ၆ ရက်နေ့မှာ အယူခံလာတင်သွင်းတာကို တိုင်းရဲတပ်ဖွဲ့မှူးကနေပြီးတော့ ထပ်မံပြီးတော့ ငြင်းပယ်လိုက်ပါတယ်"

မကွေးမြို့နယ်ရဲတပ်ဖွဲ့ကို RFA က မေးကြည့်ရာမှာ မကွေးမြို့ မြသလွန်ဘုရားဝင်းထဲမှာ ဟောပြောခွင့်ပြုထားကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှုး ဦးကျော်ဝင်းချစ်က အခုလို ပြောပါတယ်။

"သူတို့လုပ်မယ့်နေရာက သာသနာ့နယ်မြေဖြစ်တယ်၊ ဘုန်းကြီးကျောင်းတွေနဲ့ နီးတယ်၊ နောက်ပြီးတော့ ကလေးတွေ ကျောင်းတက်ကျောင်းဆင်; နေရာလေးက တော်တော်ကျဉ်းမြောင်းတာပေါ့၊ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့အစည်းကနေ မြသလွန်ဘုရားဆိုရင် ခွင့်ပြုမယ်လို့ တွေ့ဆုံပြီးတော့ ခေါ်ပြောတာကို မရဘူးခင်ဗျ၊ သူတို့ကလည်း ဒီနေရာမှ ဒီနေရာဖြစ်နေတယ်"

အဲဒီပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတွေက ပူးပေါင်းကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ