Related Posts Plugin for WordPress, Blogger...

Photo: တယ်လီနောဆင်းမ်ကတ် စတင်ရောင်းချိန်တွင် မြို့အားလုံးအသုံးပြုနိုင်မည် မဟုတ်
Friday, June 13, 2014

တယ်လီနောမှ ဆင်းမ်ကတ်များစတင်ရောင်းချသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့နှင့် အခြားမြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ရဲ့ ကွန်ရက် ကို မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီး သုံးခုအပေါ်မှာ အခြေခံပြီးတော့ ကွန်ရက်ဖြန့်ကြက်သွားမှာဖြစ်တဲ့အတွက် ဆင်းမ်ကတ်စရောင်းတဲ့ အချိန်မှာ အဲဒီမြို့တွေနဲ့ တခြားမြို့ကြီးတွေမှာပဲ ကနဦးအသုံးပြုနိုင်ဦးမှာပါ။ မြို့ဘယ်နှခုပါမယ် ဆိုတာတော့ မသိသေးဘူး’’ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တယ်လီနောမြန်မာအနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာအတွင်း ငွေကျပ် ၁၅၀၀ ဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး စတင်အသုံးပြုနိုင်မည့် မြို့ကြီးများကိုလည်း ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ရှိသူတိုင်း လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကန့်သတ်ထားခြင်းမရှိကြောင်းသတင်းရရှိသည်။

လက်ရှိတွင် တယ်လီနော အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အထက်မြန်မာပြည်မန္တလေးနှင့် အောက်မြန်မာပြည် ရန်ကုန်တို့တွင် အမြဲတမ်းပြန်လည်အဆင့်မြှင့်တင်နိုင်မည့် ဒေတာစင်တာနှစ်ခုတည်ဆောက်ထားပြီး ဆင်းမ်ကတ်များစတင်ရောင်းချမည့်အချိန်တွင် တာဝါတိုင်ပေါင်း၈၀၀ နှင့် ၁၀၀၀ ကြား တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းတွေကို နောက်ပိုင်းမှာ တစ်လကို ၃၀၀ နဲ့ ၄၀၀ လောက်ထိတိုးချဲ့တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် ကျန်တဲ့မြို့တွေမှာလည်း မကြာခင်ကာလမှာပဲ အသုံးပြုလို့ ရသွားမှာပါ’’ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တယ်လီနောအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးရာတွင် 2G နှင့် 3G ကွန်ရက် နှစ်ခုစလုံး ပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင်လည်း ပိုက်ဆံကုန်မည်ကို စိုးရိမ်စရာမလိုအောင် သက်သာသော နှုန်းထားဖြင့် ပေးသွားမည်ဟုတယ်လီနောမြန်မာဥက္ကဋ္ဌ Mr.Petter Furberg က Net Mon-day တွင် တတိယအကြိမ်မြောက် ပြောကြားထားသည်။

7Day Daily

တယ်လီနောဖုန်းကွန်ရက်အား စမ်းသပ်အသုံးပြုနေစဉ်(Telenor Myanmar)
တယ်လီနောဖုန်းကွန်ရက်အား စမ်းသပ်အသုံးပြုနေစဉ်(Telenor Myanmar)
တယ်လီနောမှ ဆင်းမ်ကတ်များစတင်ရောင်းချသည့် အချိန်တွင် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့နှင့် အခြားမြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း တယ် လီနော မြန်မာ ကုမ္ပဏီမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ရဲ့ ကွန်ရက် ကို မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီး သုံးခုအပေါ်မှာ အခြေခံပြီးတော့ ကွန်ရက် ဖြန့်ကြက် သွားမှာဖြစ်တဲ့အတွက် ဆင်းမ်ကတ်စရောင်းတဲ့ အချိန်မှာ အဲဒီမြို့တွေနဲ့ တခြားမြို့ကြီးတွေမှာပဲ ကနဦး အသုံးပြုနိုင်ဦးမှာပါ။ မြို့ဘယ်နှခုပါမယ် ဆိုတာတော့ မသိသေးဘူး’’ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
တယ်လီနောမြန်မာအနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာအတွင်း ငွေကျပ် ၁၅၀၀ ဖြင့် စတင် ရောင်းချပေးသွားမည်ဖြစ်ပြီး စတင်အသုံးပြုနိုင်မည့် မြို့ကြီးများကိုလည်း ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန် သွားမည်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ရှိသူတိုင်း လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကန့်သတ် ထားခြင်းမရှိကြောင်းသတင်းရရှိသည်။
လက်ရှိတွင် တယ်လီနော အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အထက်မြန်မာပြည် မန္တလေးနှင့် အောက်မြန်မာပြည် ရန်ကုန်တို့တွင် အမြဲတမ်းပြန်လည်အဆင့်မြှင့်တင်နိုင်မည့် ဒေတာ စင်တာနှစ်ခုတည်ဆောက်ထားပြီး ဆင်းမ်ကတ်များစတင်ရောင်းချမည့်အချိန်တွင် တာဝါတိုင်ပေါင်း၈၀၀ နှင့် ၁၀၀၀ ကြား တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့အနေနဲ့ တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းတွေကို နောက်ပိုင်းမှာ တစ်လကို ၃၀၀ နဲ့ ၄၀၀ လောက်ထိတိုးချဲ့တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် ကျန်တဲ့မြို့တွေမှာလည်း မကြာခင်ကာလမှာပဲ အသုံးပြု လို့  ရသွားမှာပါ’’ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တယ်လီနောအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးရာတွင် 2G နှင့် 3G ကွန်ရက် နှစ်ခုစလုံး ပေးသွား မည်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင်လည်း ပိုက်ဆံကုန်မည်ကို စိုးရိမ်စရာမလိုအောင် သက်သာသော နှုန်းထားဖြင့် ပေးသွားမည်ဟုတယ်လီနောမြန်မာဥက္ကဋ္ဌ Mr.Petter Furberg က Net Mon-day တွင် တတိယအကြိမ်မြောက် ပြောကြားထားသည်။
7Day Daily

Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ