Related Posts Plugin for WordPress, Blogger...

ယနေ. သင်္ဃန်းကျွန်းမြို.နယ်၊ ဇ/မြောက်
ရပ်ကွက်တွင် ဘာသာခြားလူမျိုးတစ်ဦး
တရားရုံးမှ အနိုင်ဒီဂရီရမှုအပေါ် နှစ်ပေါင်း
(၆၀) ကျော်နေထိုင်လာခဲ့ကြသည့်
နေအိမ်(၆၂)လုံးအား ရဲတပ်ဖွဲ.၀င်များမှ
အင်အားသုံးဖယ်ရှားရန် ရောက်ရှိ


လာသည့်အတွက် ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်းကန်.ကွက်မှုဖြစ်ပွားခဲ့
ကြောင်းသတင်းရရှိပါသည်။

သင်္ဃန်းကျွန်းမြို.နယ်၊ ဇ/မြောက်ရပ်ကွက်အတွင်းမြေနေရာတစ်ခုတွင် ၁၉၆၂ ခုနှစ်ကဦးမိုဟာမက်ဟာရှင်အာရစ်(ခ) ဦးမာမွတ် ပိုင်ဆိုင်အမည်ပေါက်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်နောက်ပိုင်းအဆိုပါ လူမျိုးခြားပုဂ္ဂိုလ်မှ နိုင်ငံခြားသို.ပြန်သွားခဲ့ပြီး၊ အပိုင်ပေးခဲ့သည်ဆိုသောစာရွက်စာတမ်းများ အဆင့်ဆင့်ဖြင့် နောက်ဆုံး ဒေါ်အုန်းခင်
(ခ)ဒေါ်ချိုတီ ဆိုသူ၏ သားဖြစ်သူဦးသန်.ဇင်ဆိုသူမှာ နှစ်ပေါင်း(၆၀)ကျော် နေထိုင်လာ
ခဲ့ကြသူများအပေါ် တရားစွဲဆိုလျက်၁၉၉၆ ခုနှစ်တွင် တဖက်သတ်အနိုင်ဒီဂရီ ရရှိခဲ့ပြီး၊

ယခု ၂၀၁၄ ခုနှစ်အရောက်တွင်ကျူးးကျော်သူများအားဖယ်ရှားရန်ဟုဆိုကာ ရဲတပ်ဖွဲ.၀င်အင်အား ရာချီဖြင့် အကြိမ်ကြိမ်လာရောက် ဖယ်ရှားရန် ကြိုးစားနေခဲ့ဖြင်းဖြစ်သည်ဟုအဆိုပါရပ်ကွက်နေပြည်
သူတစ်ဦးမှပြောကြားခဲ့ပါသည်။

ယနေ. (၁၃-၆-၂၀၁၄) နေ.လည် ၁၁ နာရီခန်.တွင်လည်း ရဲတပ်ဖွဲ.၀င်
အင်အား (၂၀၀)ခန်.သည် အပြန်အလှန်အမှုဖြစ်ပွားနေသောသင်္ဃန်းကျွန်း
မြို.နယ်၊ ဇ/မြောက်ရပ်ကွက်သို.ရောက်ရှိလာပြီး အတင်းဖယ်ရှားရန် ကြိုးစားခဲ့သည့်အပေါ် ရပ်ကွက်နေပြည်သူများမှမခံမရပ်နိုင်သဖြင့်သင်္ဃန်းကျွန်းမြို.နယ်တရားရုံးသို. ဥပဒေနှင့်အညီ သွားရောက်တင်ပြလျှောက်ထားရာနေ.လည်(၁၂း၁၅)တွင် တရားရုံးမှ မူလအနိုင်ရ
အမိန်.ဒီဂရီက ပြန်လည်ဆိုင်းငံတားမြစ်ကြောင်း နှုတ်မိန်.ပေးလျက် (၂၆-၆-၂၀၁၄) နေ.တွင် တရားနိုင်-တရားရှူံးတို.မှရုံးတော်သို. အပြန်အလှန်ပြန်လည် တင်ပြကြရန် အမိန်.ပေးခဲ့ကြောင်း သိရှိရပါသည်။

နေ.လည် (၁၂း၁၅ ) မိနစ်ခန်.တွင် အင်အားသုံးရောက်ရှိလာသော ရဲတပ်ဖွဲ.၀င်(၂၀၀)ခန်.ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

သတင်းဓါတ်ပုံ- Linn Kon
Tomorrow News Journal


Posted by Arakan News on 6/14/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ