Related Posts Plugin for WordPress, Blogger...



ကလေး၊ ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သစ်ချောက်ကျေးရွာတွင် နှင်းလူဟု ယူဆရသည် ဆိုသော ကျောက်ဖြစ်ရုပ်ကြွင်းများကို တစ်ပိဿာလျှင် ကျပ်ငါးထောင်ဖြင့် တူးဖော်ရောင်းချလျက် ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောကြားသည်။


“ရောင်းလို့ရမှန်း သိလို့ တူးနေကြတာ။ ရွာမှာ အလုပ်မရှိတဲ့သူတိုင်း တူးနေကြတာ။ တစ်မနက်ခင်းကို နှစ်ပိဿာလောက် ရရင် နေ့တွက်ကိုက်သွားပြီ” ဟု သစ်ချောက်ကျေးရွာမှ ဦးအောင်ဆန်းက ပြောဆိုသည်။

ယခုကဲ့သို့ တူးဖော်မှုများကို ဇွန်လ ဒုတိယပတ်မှ စတင်ခဲ့ကြရာ တစ်ပတ်ခန့် ရှိပြီ ဖြစ်ကြောင်း၊ မည်သည့် ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်ကြောင်း သုတေသန ပြုလုပ်နိုင်ရန် တူးဖော်ရရှိသော အရာများကို ပြင်ပသို့ ရောင်းချခြင်း မရှိဘဲ လာရောက်အပ်နှံရန် စည်းရုံးထားကြောင်း သစ်ချောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်လွင်က ပြောဆိုသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လောက်တုန်းက မင်းကင်းဘက်က တောင်တွင်းချောင်မှာ နှင်းလူနှစ်ကောင်ရဲ့ အရိုးတွေ ရခဲ့ဖူးတယ်။ အခုသစ်ချောက်မှာ တွေ့တာကိုလည်း သေချာ သုတေသနလုပ်ပြီး ရှေးသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဆိုရင် သေချာထိန်းသိမ်းသင့်တယ်” ဟု အသက် ၆၀ ကျော်အရွယ်ရှိ ကလေးမြို့ ဒေသခံ ဦးမျိုးသိန်းက ပြောကြားသည်။

တူးဖော်ရရှိသော အရာများတွင် ဦးခေါင်းခွံ ပုံသဏ္ဌာန်များ၊ နံရိုးပုံသဏ္ဌာန်များ၊ သွားပုံသဏ္ဌာန်များ၊ အဆစ်ရိုးပုံ သဏ္ဌာန်များ တွေ့ရကြောင်း၊ ပုံသဏ္ဌာန် မူတည်၍ ဈေးကောင်းရပြီး အတိုအစများကိုမူ တစ်ပိဿာလျှင် ကျပ်ငါးထောင်ဖြင့် သစ်ချောက်ကျေးရွာရှိ ကိုယ်စားလှယ်တစ်ဦးက ဝယ်ယူလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဝယ်မယ်ဆို ပုံစံမပျက် တွေ့ထားတာ ရှိတယ်။ လိုက်ပြမယ်” ဟု သစ်ချောက် ဒေသခံတစ်ဦးက ၎င်းရှာဖွေ တွေ့ရှိထားမှုကို ပြောပြသည်။

ယင်းပစ္စည်းများကို ဝယ်ယူသည် ဆိုသော ကိုယ်စားလှယ်မှာ ခရီးလွန်နေသောကြောင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ယင်းကျောက်ဖြစ်ရုပ်ကြွင်းများ ပြင်ပသို့ ရောက်ရှိမသွားစေရန် ထိန်းသိမ်းရမည် ဖြစ်ရာ ဓာတ်ပုံ အထောက်အထားများနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တင်ပြနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်နိုင်လင်းက ပြောဆိုသည်။
 
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ