Related Posts Plugin for WordPress, Blogger...

ပေါ့လန်း- မော်တော်ကားဖြင့် မောင်းနှင်
သွားလာခြင်းအစား စက်ဘီးစီးသူပိုများ
လာစေရန် ဆန္ဒပြသည့် (၁၁) နှစ်မြောက်
ကမ္ဘာ့အ၀တ်ဗလာဖြင့် စက်ဘီးစီးနေ့တွင်
အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်

ပေါ့လန်းမြို့၏ လမ်းမများတွင် အ၀တ်ဗလာဖြင့် လူထောင်ပေါင်းများစွာသည် စက်ဘီးများ စီး၍ ဆန္ဒပြခဲ့ကြသည်။

၎င်းတို့သည် စက်ဘီးတာယာများတွင် တပ်ထားသော မီးများဖွင့်၍ ခေါင်းလောင်းများတီးကာ ဆန္ဒပြခဲ့ကြပြီး ပရိသတ်များက သြဘာပေးခဲ့သည်။

အလားတူ ဆန္ဒပြပွဲများကို အမေရိကန်နိုင်ငံရှိ မြို့ပေါင်း ၇၅ မြို့နှင့် အခြားနိုင်ငံပေါင်း ၂၀ တို့တွင် ပြုလုပ်ခဲ့သော်လည်း ပေါ့လန်းမြို့တွင် ယမန်နှစ်က ဆန္ဒပြသူ ၈၀၀၀ ခန့်ရှိပြီး အင်အားအများဆုံး ဖြစ်သည်ဟု သိရသည်။

သို့သော် အခြားမြို့များတွင်ကဲ့သို့မဟုတ်ဘဲ ပေါ့လန်းမြို့ စက်ဘီးစီးချီတက်မှုမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတစ်ခုအဖြစ် အများက မှတ်ယူကြသည်။

ယခု ဆန္ဒပြပွဲမှာ စက်ဘီးစီးသူများ၏ ထိခိုက်လွယ်မှုကို ပြသခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

‘‘ဘေးပတ်ဝန်းကျင်က လူနည်းနည်းလောက် ကျွန်တော်တို့ဆီ တိုင်ထားပါတယ်။ ဒါပေမဲ့ အားလုံးခြုံကြည့်ရင် စိုးရိမ်စရာ ကိစ္စ များများစားစား မရှိပါဘူး’’ ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပီတာဆင်ဆွမ်က ယင်းစက်ဘီးစီးဆန္ဒပြပွဲ မတိုင်မီ ပြောကြားပြီး မိမိအနေဖြင့် အကောင်းဆုံး အကြံပေးလိုသည်မှာ အ၀တ်ဗလာဖြင့် စက်ဘီးစီးဆန္ဒပြသူများကို မမြင်တွေ့လိုသူများအနေဖြင့် အိမ်အပြင်မထွက်ကြရန်ပင်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

—Ref: Reuters


(Steve Dipaola/REUTERS)
7 day news daily





၂၀၁၄ ဇွန်လ ၇ ရက်တွင် ကျရောက်သော ၁၁ နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာစက်ဘီးစီးနေ့တွင် ပါဝင်ဆင်နွှဲသူများကို တွေ့ရစဉ် (Steve Dipaola/REUTERS)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ