Related Posts Plugin for WordPress, Blogger...

From : .. 7day

ယမန်နေ့က ပြည်လမ်း အေဒီမီးပွိုင့်တွင် ကားများပိတ်ဆို့နေစဉ် ကားတစ်စီးခေါင်မိုးပေါ်သို့တက်ကာ မိုးရေချိုးသည်ဆိုသော အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တစ်မြို့ ကားများပိတ်ဆို့နေစဉ် ယင်းအမျိုးသမီးသည် မော်တော်ယာဉ်ကို မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ် အေဒီမီးပွိုင့်ထိပ်တွင်ရပ်ကာ လမ်းပိတ်ရပ်ထားခဲ့ကြောင်း၊ ထို့အပြင် အခြားယာဉ်များ၏ ဝိုက်ဘာအား ဆွဲလှန်ခြင်း၊ ကားတံခါးများအား လက်ဖြင့်ပုတ်ခြင်းများ ပြုလုပ်ခဲ့ပြီး မီးနီတွင်ရပ်နေသည့် အနက်ရောင် ယာဉ်ပေါ်သို့တက်ခြင်း၊ ယာဉ်အတွင်းသို့ တံခါး ဆွဲဖွင့်ဝင်ခြင်း များ ပြုလုပ်ခဲ့ကြောင်းလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအမျိုးသမီးကို မရမ်းကုန်းရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာ စကားပြောဆိုခြင်းမရှိ၍ ၎င်း၏ ဖခင်အား ခေါ်ယူမေးမြန်းရာတွင် လှိုင်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး စိတ်ကြွ/စိတ်ကျရောဂါဝေဒနာ ခံစားနေရ သူဖြစ်ကြောင်း သူမ၏ဆရာဝန်နှင့် ဖခင်တို့၏ပြောကြားချက်များကို ကိုးကားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးရေထဲတွင် ကားခေါင်မိုးပေါ်၌ တက်ရောက်နေထိုင်သည့် ယင်းအမျိုးသမီး၏ ဓာတ်ပုံများ သည် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုသူများအကြား ဇွန်လ ၁၂ ရက်တွင် ရေပန်းအစားဆုံးပုံ ဖြစ်ခဲ့သည်။ 

.. www.MyanmarExpress.net

Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ