Related Posts Plugin for WordPress, Blogger...

From : .. သံတော်ဆင့်


မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးများ၊ ရဟန်းသံဃာတော်များ၏ အရေးကိစ္စများအတွင်း အနုပညာရှင် မင်းသား၊ မင်းသမီးများနှင့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားများ ၀င်ရောက် လုပ်ဆောင်လာခြင်းမှာ နိုင်ငံရေး အမြတ်ထုတ်၍ ပြဿနာပိုမို ရှုပ်ထွေးခြင်းသာ ဖြစ်နိုင်ကြောင်း ပြည်တွင်း ပြည်ပသာသနာပြု၊ ၀ိပဿနာတရား ဟောကြား ပြသရာ၌ အနယ်နယ် အရပ်ရပ် တရားနာ ပရိသတ် များပြားသော အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသက ဇွန်လ ၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။
မဟာသန္တိသုခ ကျောင်းတော်ကြီး စီမံခန့်ခွဲမှု ပိုင်ဆိုင်မှုအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်တို့ အငြင်းပွားနေသော အမှုအခင်းဖြစ်ရပ်၌ ရုပ်ရှင် မင်းသားမင်းသမီးများနှင့် နိုင်ငံရေး သမားများ ပါဝင်၍ ဆောင်ရွက်နေခြင်းကို ရည်ညွှန်း၍ အလိုတော်ပြည့် ဆရာတော်ကြီးက မိန့်ကြားလိုက် ခြင်းဖြစ်သည်။ ဘုန်းကြီးကိစ္စများတွင် မင်းသား မင်းသမီးများနှင့် နိုင်ငံရေးပါတီများ ၀င်ရှုပ်နေခြင်းသာ ဖြစ်ကြောင်း အလိုတော်ပြည့် ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

ပီနန်ဆရာတော် ဦးဆောင်၍ မဟာသန္တိသုခ ကျောင်းတော်ကြီး ကိစ္စနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ တစ်ခု၌ ရုပ်ရှင်မင်းသား မင်းသမီးများ၊ နိုင်ငံရေးသမားများ တစ်ခဲနက် ပါဝင်ခဲ့ကြသည်။ ရုပ်ရှင်မင်းသား မင်းသမီးများ အနက်မှ အများစု အနုပညာရှင်များသည် ခေတ်အဆက်ဆက် နိုင်ငံရေး လှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်လေ့ ရှိပြီး ဦးနေ၀င်း၏ လမ်းစဉ်ပါတီ အစိုးရခေတ် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောက်ခံပွဲ၊ အသုံးလုံး စာတတ်မြောက်ရေး လှုပ်ရှားမှုများ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တပ်မတော် အစိုးရခေတ်တွင် တပ်မတော် အစိုးရ၏ လုပ်ဆောင်ချက်များကို အမွှမ်းတင် ဂုဏ်ပြုဇာတ်လမ်းများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ကြီး နှစ်ပတ်လည် ဂုဏ်ပြုရုပ်ရှင်ဇာတ်လမ်းများ၊ ကြံ့ခိုင်ရေး ဂုဏ်ပြုတေးသီချင်းများကို အဆိုပါ ရုပ်ရှင်ဂီတ အနုပညာရှင်များအနက်မှ အများစုက တစ်ခဲနက် ပါဝင်သီဆို ဂုဏ်ပြုသရုပ်ဆောင် ရိုက်ကူး ထုတ်လွှင့်ခဲ့ကြသည်။၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့် ကာလတွင် တပ်မတော် အစိုးရနှင့် ရန်ဘက်သဖွယ် အတိုက်အခံ ဖြစ်ခဲ့သည့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဖျော်ဖြေခြင်း များကိုလည်း အဆိုပါ ရုပ်ရှင်မင်းသားမင်းသမီးများက ပင်ပါဝင်သီဆို တင်ဆက်ခဲ့ကြသည်။

Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ