Related Posts Plugin for WordPress, Blogger...

ပုသိမ်၊ မဇ္ဈိမ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းလူငယ်ညီလာခံကို မေလ ၃၁ရက်က ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် အင်အန်လ်ဒီ လူငယ်များထဲမှ လူငယ်လုပ်ငန်းတာဝန်ခံအဖွဲ့ကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်ဟု ဧရာဝတီတိုင်း လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးအောင်ကျော်စိုးက မဇ္ဈိမကို ပြောသည်။
“ညီလာခံက ရွေးချယ်ပေးလိုက်တယ် လူငယ်လုပ်ငန်းတာဝန်အဖွဲ့ ဝင်တွေပေါ့၊ ကျေနပ်ပါတယ်၊ နောင်တစ်ချိန်မှာ သူတို့ ခေါင်းဆောင်နေရာကို ယူလာရမယ့်လူငယ်တွေဖြစ်တယ်၊ ကျွန်တော်တို့ NLDပါတီအနေနဲ့  ဒီမိုကရေစီစနစ်အတိုင်း မဲစနစ်နဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်၊ သူတို့ အားလုံးဟာ ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေပါ သံသရာဖြစ်စရာမရှိပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မရှင် အတွင်းအရေးမှူး ဦးအောင်ကျော်စိန်က ပြောသည်။
ဇွန်လတွင် ကျင်းပမည့် အင်အန်လ်ဒီ ဗဟိုညီလာခံသို့ ဧရာဝတီတိုင်းအတွင်းမှ ကိုယ်စားလှယ် ၁၅ဦး တက်ရောက်ရမည်ဖြစ်ရာ တိုင်းလူငယ်လုပ်ငန်းတာဝန်ခံ အဖွဲဝင် ၁၉ဦးနှင့် အရံအဖွဲ့ ဝင် ၅ဦးကို ရွေးချယ်ခဲ့သည်။
“ကျွန်တော်တို့ လုပ်ခွင့်ရတဲ့နေရာ တိုင်းပြည်အတွက် ကိုယ်စွမ်းဥာဏ်စွမ်းစိုက်ထုတ်ပြီး လုပ်ကိုင်သွားမှာပါ၊ ကျွန်တော့်ကို ယုံကြည်ပြီး တာဝန်ပေးသူအားလုံးကို တာဝန်ကျေအောင်ဆောင်ရွက်ပါမယ်လို့ ကတိပေးပါတယ်” ဟု ဧရာဝတီတိုင်း လူငယ်လုပ်ငန်း တွဲဘက်တာဝန်ခံ ကိုတင်ထွဋ်လင်းက မဇ္ဈိမကို ပြောသည်။
ဧရာဝတီတိုင်း လူငယ်ညီလာခံကို တိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၂၆မြို့နယ်က ကိုယ်စားလှယ် ၁ဝ၁ဦး တက်ရောက်ခွင့်ရှိပြီး၊ ကိုယ်စားလှယ် ၇၅ ဦးတက်ရောက်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၇၄ ရာခိုင်နှုန်းရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ မြို့နယ်ညီလာခံများကို မတ်လနှင့် ဧပြီလတွင်ကျင်းပခဲ့ပြီး၊ ခရိုင်ညီလာခံများကို မေလတွင်ကျင်းပခဲ့သည်။ တိုင်းနှင့်ပြည်နယ် လူငယ်ညီလာခံများကိုမူ မေလနှင့် ဇွန်လတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုညီလာခံကို ဇွန်လအတွင်း ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းလူငယ်ညီလာခံအား ရန်ကုန်တိုင်း လူငယ်ညီလာခံကျင်းပရေးကော်မရှင်က  လာရောက်ကျင်းပပေးပြီး၊ ဧရာဝတီတိုင်း လူငယ်ညီလာခံကျင်းပရေးကော်မရှင်မှာ မန္တလေးတိုင်း လူငယ်ညီလာခံအား ဇွန်လ ၅ ရက်တွင် သွားရောက်ကျင်းပပေးမည်ဖြစ်သည်။
မေလ ၃၁ ရက်ကပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပုသိမ်မြို့နယ်လူငယ် လုပ်ငန်းတာဝန်ပေးအပ်ပွဲကို ပြုလုပ်ခဲ့သေးသည်။

...............
မဇ္ဈိမ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ