Related Posts Plugin for WordPress, Blogger...

တောင်ကြီး၊ မဇ္ဈိမ။           ။ မူးယစ်ဆေးဝါးများကို ဆိုင်ကယ်ဖြင့် သယ်ဆောင်ရောင်းချသည်ဟု သတင်းရရှိထားသဖြင့် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဘာဂါဟောက် စားသောက်ဆိုင်အနီးတွင် စောင့်ဖမ်းရာ ဆိုင်ကယပေါ်ပါသူ နှစ်ဦးထံမှ ၎င်းတို့နှင့်အတူ ပါလာသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၅၉၄ဝပြားနှင့် WY စာတမ်းပါ အစိမ်းရောင် စိတ်ကြွဆေးပြား ၆ဝပြားတို့ကို မေလ ၃၁ရက်က ဖမ်းမိခဲ့သည်ဟု တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေးဌာနခွဲမှ တာဝန်ခံ ရဲအုပ် ဝင်းနိုင်က မဇ္ဈိမကို ပြောသည်။
"ဆိုင်ကယ်နဲ့ ရပ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါး လိုက်ရောင်းနေတယ်လို့ စုံစမ်းသိရှိ သတင်းရလို့ ဒီဆိုင်ကယ်နံပတ်ကို မှတ်ပြီးတော့ ကျွန်တော်တို့စောင့်ဆိုင်းပြီး ဖမ်းဆီးလို့ အခုလို မူးယစ်ဆေးဝါး ရောင်းချနေသူတွေကို ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်၊ တောင်ကြီးမြို့ပေါ်မှာ ဒီတစ်လအတွင်း ဖမ်းဆီးရမိမှု ပမာဏ အများဆုံးလည်းဖြစ်ပါတယ်"ဟု တောင်ကြီးခရိုင် မှုခင်းနှိမ်နှင်းရေး ဌာနခွဲမှ  တာဝန်ခံ ရဲအုပ်ဝင်းနိုင်က မဇ္ဈိမကိုပြောသည်။
မေလ ၃၁ရက် နံနက် ၁၁နာရီ ၅မိနစ် အချိန်ခန့်က ဆိုင်ကယ်စီးနင်းနောက်တွင် လိုက်ပါလာသူ၏ ရှမ်းအလံတံဆိပ်ပါ အဝါရောင်လွယ်အိတ်အတွင်းမှ အပြာရောင် ပလတ်စတစ်ကပ်ခွာအိပ်ဖြင့် ထည့်ထားသည့် အဆိုပါ ဆေးပြားများကို ဖမ်းမိလိုက်ခြင်း ဖြစ်သည်ဟု ရဲအုပ်ဝင်းနိုင်က ပြောသည်။
WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြားများနှင့် အစိမ်းရောင် စိတ်ကြွ ဆေးပြားများကို အပြား ၂ဝဝခန့်စီ ထည့်ကာ  အထုပ် ၁ဝ ထုပ် ပေါင်းထုပ်ထားသည့် အထုပ်ကြီး ၃ထုပ် စုစုပေါင်း အပြား (၆ဝဝဝ) ကာလတန်ဖိုး ကျပ်သိန်း ၁၈ဝခန့်ရှိသည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချနေသူ နှစ်ဦးအား တောင်ကြီးမြို့၊ မြို့မ ရဲစခန်းမှ မယ (ပ) ၂၆ /၂ဝ၁၄ မူး၊စိတ် ၁၅ /၁၉ (က) / ၂၁ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

မဇ္ဈိမ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ