Related Posts Plugin for WordPress, Blogger...


မင်းမင်း| ဗုဒ္ဓဟူးနေ့၊ မေလ ၂၈ ရက် ၂၀၁၄ ခုနှစ်

သမ္မတဖွဲ့စည်းထားသော လူမှုရေး၊ ဘာသာရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲရေးကော်မရှင်က မေ ၂၇ ရက်တွင် အများပြည်သူသိရှိရန် ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်သော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းပါ အချက်များသည် ဘာသာအားလုံးအတွက် တန်းတူအခွင့်အရေး ရနိုင်မည်မဟုတ်ဟု ဥပဒေပညာရှင်များနှင့်NLD မှ ဦးကိုနီ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်လိုက်သည်။

“ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာဥပဒေ” မူကြမ်းကို မေ ၂၇ ရက်က နိုင်ငံပိုင်သတင်းစာများ တွင် ထုတ်ပြန်လိုက် ခြင်းဖြစ်ပြီး ယင်းဥပဒေမူကြမ်းအရ ကိုးကွယ်ရာဘာသာတစ်ခုမှ အခြားဘာသာတစ်ခု ခုသို့ ကူးပြောင်းမည်ဆိုပါက အဖွဲ့ဝင်ခြောက်ဦးပါသည့် “မှတ်ပုံတင်ရေးအဖွဲ့” သို့ လျှောက်ထားကာသက် သေခံလက်မှတ် ရယူရမည်ဖြစ်သည်။ အဆိုပါ “မှတ်ပုံတင် ရေးအဖွဲ့”သည် ဘာသာပေါင်းစုံပါဝင်ခြင်း မရှိ သည့်အတွက် ဘာသာတစ်ခုအတွက် အခြေခံထားသည့် ဥပဒေသာဖြစ်သည်ဟု ဝေဖန်လိုက်ခြင်းဖြစ် သည်။

“ခွဲခြားဆက်ဆံမှုကို တွန်းအားပေးနိုင်တဲ့ ဥပဒေတစ်ခုသာဖြစ်တယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အဖွဲ့ဝင်ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက မဇ္ဈိမကို ပြောသည်။

ဘာသာတစ်ခုသို့ ကူးပြောင်းလိုပါက သွားရောက်လျှောက်ထားရမည့် မှတ်ပုံတင် ရေးအဖွဲ့တွင် မြို့နယ် သာသနာရေးမှူးက ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးက တာဝန်ပေးထားသည့် ပညာရေးဝန်ထမ်းတစ်ဦးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး မြို့နယ် လ၀ကဦးစီးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးက ရွေးချယ် သော မြို့မိ၊ မြို့ဖနှစ်ဦးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်သည်

ယင်းအပြင် ဘာသာကူးပြောင်းလိုသူ ကို မှတ်ပုံတင်ရေးအဖွဲ့က သက်သေခံ လက်မှတ်ချက်ချင်းထုတ်ပေး မည် မဟုတ်ဘဲ ကူးပြောင်းလိုသည့်ဘာသာ၏ အနှစ်သာရ၊ ဓလေ့ထုံးတမ်းများကို အနည်းဆုံး သုံးလ လေ့ လာရမည်ဟု ဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

ဥပဒေမူကြမ်း၏ ပုဒ်မ ၁၆ တွင်လည်း “မည်သူမျှ တစ်ဦးတစ်ယောက်၏ ကိုးကွယ်ရာဘာသာကူးပြောင်း ခြင်းကို ဟန့်တားခြင်း၊ ပိတ်ပင်ခြင်း၊ သို့မဟုတ် နှောက်ယှက် ခြင်းမပြုရ” ဟု ရေးဆွဲထားပြီး ထိုပုဒ်မကို ဖောက်ဖျက်ပါက အများဆုံးထောင်ဒဏ် ခြောက်လကျခံရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

“ဘာသာတစ်ခုကို တကယ်ပဲယုံကြည် သက်ဝင်စွာနဲ့ ပြောင်းချင်နေတာကို လေ့လာရဦးမယ်ဆိုတော့
ဒီရက် ပေါင်း ကိုးဆယ်(သုံးလ)အတွင်း မသေဘူးလို့ အာမခံမှာလား။ မပြောင်းပေးဘူးဆိုရင်လည်း ဒီ အဖွဲ့  (မှတ်ပုံတင်ရေးအဖွဲ့) ကို အပြစ်ပေးမှာ လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေ တယ် ” ဟု ဦးကိုနီက ဆို သည်။

ထို့ပြင် မှတ်ပုံတင်ရေးအဖွဲ့အတွင်း ဘာသာပေါင်းစုံပါဝင်မှုမရှိပါက ဗုဒ္ဓဘာသာအတွက်သာ ရေးဆွဲထား သည့် ဥပဒေ မူကြမ်းတစ်ရပ် ဖြစ်လိမ့်မည်ဟု HREIB မှ ဒါရိုက်တာဦးအောင်မျိုးမင်းက ပြောသည်။

“အခြားဘာသာ ကူးပြောင်းချင်တဲ့ သူတွေကို ဗုဒ္ဓဘာသာကပဲ စိစစ်မယ်ဆို ရင်တော့ သတိထားစရာဖြစ် နေတယ်” ဟု ၎င်းကပြောသည်။

သို့သော် ယခုထွက်ရှိလာသည့် ဥပဒေ မူကြမ်းမှာမူ ရှိသင့်ရှိထိုက်သည့်အတွက် ကြိုဆိုသည်ဟု အမျိုးဘာ သာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ သာကီသွေး ဂျာနယ်တာဝန်ခံဖြစ်သည့် ဒေါက်တာ သောပါ က က မဇ္ဈိမကို မိန့်သည်။
 
 
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ