Related Posts Plugin for WordPress, Blogger...

ပေါက်တောမြို့နယ် ၊ ကြိမ်ခွေမော်ကျေးရွာ
အံ့ဖွယ်လူဝင်စားထူးခြားဖြစ်စဉ်
ပေါက်တောမြို့တွင် လွန်ခဲ့သော (၄)နှစ်ခန့်က
 ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာမှ
ချစ်သူနှစ်ဦး


(ထိုချစ်သူနှစ်ဦး၏မိဘအမည်နှင့်ကာယကံရှင်အမည်နှင့်မှတ်တမ်းဓါတ်ပုံများနောက်တင်ပြပေးပါမည်) မှာ အကြောင်းအမျိုးမျိုးကြောင်း မဆုံဖြစ်ကြ၍ ရွာအပြင်ဘက်ကောက်ရိုးပုံဘေးတွင် အဆိပ်စား
သေဆုံးပြီးနောက် ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာနှင့် (၂)မိုင်ခန့်ဝေးသော ကြိမ်ခွေမော်ကျေးရွာနေ ဦးမောင်ညွန့်တင် နှင့် ဒေါ်သန်းသန်းယဉ်တို့ထံတွင် ယောင်္ကျားဖြစ်သူက၀င်စားပြီး ၊ တစ်ရွာတည်းနေ ဦးဦးသန်းမောင် ဇနီး ဒေါ်ခင်ခင်သန်း တို့ထံတွင် မိန်းခလေးဖြစ်သူဝင်စားကာ ယခုအချိန် (၃)နှစ်အရွယ်ကလေးအဖြစ် ကျန်းမာစွာရှင်သန်လျက်ရှိပါသည်။ အဆိုပါချစ်သူနှစ်ဦး၏
ယခုဘ၀အမည်များမှာ မောင်ဖြူသန်းလင်း နှင့် မပုပုသန်း တို့ဖြစ်ကြသည်။

သူတို့နှစ်ဦးသည် အသက်အရွယ်နှင့် မလိုက်အောင် လူကြီးဆန်ကြပြီး တစ်ဦးနှင့်တစ်ဦးချိန်းတွေ့ခြင်းများပြုလုပ်ခဲ့ကြသည်။

ချိန်းတွေ့သည်ဆိုရာတွင် ကလေးမပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ယောင်္ကျားကလေးအိမ်ကိုရောက်နေတတ်ခြင်းယောင်္ကျားကလေးပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ကောင်းမလေးအိမ်ကိုရောက်နေတတ်ခြင်းများဖြစ်ပြီး နောက်ဆုံးစကားပြောတတ်အရွယ်(ယခု ၃ နှစ်အရွယ်) သို့ရောက်သောအခါ ယခုဘ၀မိဘများကို ကိုယ်စီကိုယ်စီဘ၀ဟောင်းအကြောင်းများကို ဖွင့်ပြောကြပြီး လက်ထပ်ပေးရန်အတင်းတောင်းဆိုကြောင်း ၊

လက်ထပ်မပေးပါက ယခင်ဘ၀ကကဲ့သို့ အဆုံးသတ်သေမည်ဖြစ်ကြောင်း အကြိမ်ကြိမ်
တောင်းဆိုသဖြင့် အထက်ဖေါ်ပြပါဖိတ်စာအစီအစဉ်များအတိုင်း နှစ်ဘက်မိဘများမှ (၃)နှစ်အရွယ် ကလေးနှစ်ဦးအား တရားဝင်လက်ထပ်ပေးမည်ဖြစ်ပါသည်။

လက်ထပ်မှတ်တမ်းဓါတ်ပုံများ ထပ်မံတင်ပြပါမည်။ စိတ်ဝင်စားသူများ ဖိတ်စာပါအစီအစဉ်အတိုင်း
လာရောက်ကြည့်ရှုလက်ဖွဲ့ပေးကြရန် တိုက်တွန်းပါသည်။

စိန်ဒေါင်း FACEBOOK စာမျက်နှာမှ ကူယူဖော်ပြသည်။
http://www.shwemyanmarmediagroup.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ