Related Posts Plugin for WordPress, Blogger...

မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်) ရပ်ကွက်၊ (၃) လမ်းရှိ ဒေါ်မြင့်မြင့်စိုး၏ အိမ်အမှတ် (157) တွင် မေလ (၃၀) ရက်နေ့ နံနက်က အိမ်အတွင်းရှိ ဖက်လုံး၊ ခေါင်းအုံးနှင့် မွေ့ယာများ ထူးဆန်းစွာအလိုအလျှောက် မီးလောင်မှုဖြစ်ပွားနေသဖြင့် ဒေါ်မြင့်မြင့်စိုးအဖြစ် လူအများလာရောက် ၀ိုင်းအုံကြည့်ရှုနေကြသည်။

ဖြစ်ပွားပုံမှာ ဒေါ်မြင့်မြင့်စိုး၏(၂)ထပ်တိုက်၏ အောက်ထပ်ရှိ ၄င်း၏မိခင်ဒေါ်စောလှ အိပ်သည့် အခန်းအတွင်းရှိ ခေါင်းအုံးနှင့် စောင်မှာ လူမအိပ်သည့်အခန်းအတွင်းမှ ဖက်လုံးနှင့် လိုက်ကာ အလိုအလျောက်လောင်ကျွမ်းသဖြင့် အိမ်နီးချင်း ဦးထွန်းငြိမ်းနှင့် အိမ်ရှင် ဒေါ်မြင့်မြင့်စိုးက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းထံ အကြောင်းကြား၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရောက်ရှိနေစဉ် ၁၂း၃၀ နာရီခွဲအချိန်တွင် အိမ်အပေါ်ထပ်ရှိ ဖက်လုံးနှင့် ခေါင်းအုံးမီးလောင်ရာ အိမ်ရှင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ၀ိုင်းဝန်းငြိမ်းသက်လိုက်ကြရသည်။ အိမ်ပိုင်ရှင် ဒေါ်မြင့်မြင့်စိုး၏ ထွက်ဆိုချက်အရ မီးလောင်ကျွမ်းခဲ့သည့်ပစ္စည်းများသည် မည်သူတစ်ဦးတစ်ယောက်မှ မီးရှို့ခြင်းမဟုတ်ဘဲ အလိုအလျောက် မီးစွဲတောက်လောင်ခဲ့ခြင်းဖြစ်သည်ဆို၏။

မီးလောင်သည့်အကြောင်းအရင်းအဖြစ်အမှန်အား သိရှိရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးနေစဉ် (၃း၂၀)အချိန်တွင် အပေါ်ထပ်ကုတင်ပေါ်ရှိ စောင်နှစ်ထည်မှာ အလိုအလောက်မီးအနည်းငယ်လောင်ကျွမ်းခဲ့သည်။ (၃း၃၀)အချိန်တွင် ခုံတန်းလျားပေါ်တွင် တင်ထားသည့် ဖက်လုံးမှာ အလိုအလျောက်မီးအနည်းငယ် ထပ်မံလောင်ကျွမ်းခဲ့သည်။ (၄း၄၀)နာရီတွင် အောက်ထပ်လူမနေသော အိပ်ခန်း၌ အ၀တ်ထားသည့် စင်ပေါ်ရှိ လုံချည်မှာ အလိုအလျောက်မီးအနည်းငယ်ထပ်မံလောင်ကျွမ်းခဲ့သည်။ (၆း ၄၅)နာရီအချိန်တွင် အုတ်ရေကန်အနီး မီးဖိုမျက်နှာကျက်မှ ဖြုတ်ချထားသော ပလပ်စတစ်ပီနံစ အနည်းငယ်မီးထပ်မံလောင်ကျွမ်းသဖြင့် မီးသတ်ဆေးဘူးဖြင့် ငြိမ်းသတ်းခဲ့ရသည်။

မေလ (၃၀)ရက်နေ့က အလိုအလျောက် မီးကိုးကြိမ်လောင်ကျွမ်းခဲ့သဖြင့် အိမ်ရှင်ဒေါ်မြင့်မြင့်စိုးက တောင်ပုလုလမ်း သစ္စာပြုဆရာတော် အမှူးပြုသော ပင့်သံဃာငါးပါးအား ပင့်ဖိတ်၍ နေအိမ်တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာ ဆရာတော်များ ပဋ္ဌာန်းရွတ်ဖတ်ချိန်မှစ၍ နောက်ပိုင်းတွင် အလိုအလျောက်မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခြင်းမရှိတော့ချေ။
မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မီးလောင်မှုဖြစ်ပွားသောနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ရွှေ၊ ဒုမြို့အုပ်ချုပ်ရေးမှူးဦးမျိုးမင်း၊ အမှတ်(၃)စခန်းမှူး ရဲအုပ်လေးအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ မီးလောင်ကျွမ်းသည့် အိမ်တွင် မေလ (၃၀)ရက်နေ့က မီးငြိမ်းသတ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် သန္ဓေမီးသတ် ၂ ဦး၊ အရန်မီးသတ် ၈ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂ ဦးတို့ ညလုံခြုံရေးအတွက် ကူညီစောင့်ရှောက်ပေးခဲ့သည်။

မေလ (၃၁)ရက်နေ့ နံနက်တွင် အလိုအလျောက်မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။ မီးလောင်ရာအိမ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြို့နယ်ဖွဲ့ဖြိုးတိုးတက်ရေးအထောက်အကူအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မီးလောင်သည့်တိုက်အိမ်မှာ အမွေဆိုင်တိုက်ဖြစ်ပြီး ပုဏ္ဏကအတိုက် အခံဖြစ်ဖြစ်ကြောင်း ပြောဆိုနေကြသည်။ ထို့အပြင် ယခင်သုံးလခန့်ကလည်း သိန်း(၅၀)ပေးရန် ခြိမ်းခြောက် ခံရသော အိမ်ဖြစ်သည်ဆို၏။ ယခုမီးမလောင်ခင် အိမ်ရှိ ခွေးငယ်ကလေးမှာ ထူးဆန်းစွာဟောင်ပြီး မကြာမီ မီးလောင်ခဲ့ခြင်းဖြစ်သည်ဆို၏။

ဤကဲ့သို့ ထူးဆန်းအံ့သြဖွယ်မီးလောင်မှုကို တစ်မြို့လုံးက ကားများ၊ ဆိုင်ကယ်များဖြင့် စိတ်ဝင်တစား လာရောက်ကြည့်ရှုနေကြသည်။

ဦးတင်လှိုင်(မိတ္ထီလာ)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ