Related Posts Plugin for WordPress, Blogger...

ဓါတ်ပုံ - MOI Webportal Myanmar
  မိတ္ထီလာမြို့  ပြည်သာ ယာရပ်ကွက်ရှိ ဗိုလ်မှူးဟောင်း တစ်ဦးနေအိမ်တွင် အကြောင်း ရင်းမသိရသော အလိုအလျောက် မီးထတောက်မှုများ (၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ပုဏ္ဏကတိုက်သည်ဟု မြို့ခံများအကြား ကောလာဟလ ထွက်နေကြောင်း သတင်းရရှိ သည်။

မေလ ၃၀ ရက်က စတင် ဖြစ်ပွားပြီး ဆရာတော်များဖြင့် ပရိတ်ရွတ်သော်လည်း ဆက် လက်ဖြစ်ပွားနေကာ နှစ်ရက်အ  တွင်း နေအိမ်ရှိ ပစ္စည်းများ အလို အလျောက် မီးလောင်မှု (၁၃)ကြိမ်ရှိပြီဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဒီနေ့ နေ့ခင်းနှစ်နာရီအထိ တော့ လေးကြိမ်မီးလောင်တယ်။ အဝတ်အစားတွေ အများဆုံး လောင်တာပါ။ တန်ဖိုးကြီးပစ္စည်း တော့ မလောင်ပါဘူး။ ဖြစ်တဲ့အိမ် က လမ်းမကြီးဘေးမှာရှိနေတဲ့အ ပြင် လာကြည့်တဲ့လူတွေက များ တော့ လုံခြုံရေးစောင့်ပေးနေပါ တယ်။ အခုလည်း ကျွန်တော်တို့ အဲဒီအိမ်မှာပါ’’ဟု မိတ္ထီလာမြို့ အမှတ်(၃)ရဲစခန်းမှ တပ်ကြပ် ညီ ဝင်းထွန်းက မေလ ၃၁ ရက် ည ၁၀ နာရီခန့်တွင် ပြောသည်။

‘‘ဘာမှန်းတော့ ဂဃနဏ မသိဘူး။ အိမ်အထဲမှာပဲ နေရာအ စုံ ထတောက်တာ။ မျက်နှာကြက် ကလောင်လို့ မျက်နှာကြက်ပြားကိုဖြုတ်ပြီး အုတ်ကန်ထဲ ထည့်ထား တာ။ ခဏနေတော့ အဲဒီက ထ လောင်ပြန်တယ်။ အခုချက်ချင်း ကို လောင်နေတုန်း။ ကောက်ရိုး မီးလို ဖြစ်နေတယ်။ တချို့က အောက်လမ်းလို့ ပြောတယ်။ တချို့က ပုဏ္ဏကတိုက်တာလို့ ပြောတယ်။ အထဲမှာ ဘုန်းကြီး တစ်ပါးရောက်နေတယ်။ ပရိတ် ရွတ်နေတာလားမသိဘူး’’ ဟု အ ဆိုပါအိမ်ရှေ့သို့ သွားရောက် ကြည့်ရှုနေသည့် ဒေသခံတစ်ဦး က ဖုန်းဖြင့်ပြောသည်။

 အိမ်ခြံတံခါးနှင့် ပြတင်း ပေါက်များကို ပိတ်ထားသဖြင့် မြို့ခံများမှာ အိမ်ရှေ့တွင် စောင့် ကြည့်နေကြပြီး လူစည်ကားနေ သော ခြံတံခါးဝတွင် ရဲတစ်ဦး စောင့်နေသည်ဟုလည်း သိရ သည်။

‘‘ဗိုလ်မှူးဟောင်းရဲ့ အိမ်ပါ။ သူတော့ မနေဘူး။ သူ့အမေနဲ့ ညီ မတွေနေတယ်။ အခန်းထဲမှာရှိတဲ့ စောင်တွေ၊ ခြင်ထောင်တွေက မီး ထတောက်တယ်လို့ ပြောတယ်။ အကုန်လောင်သွားတာတော့ မဟုတ်ဘူး။ သွားကြည့်တဲ့သူတွေ အများကြီးနဲ့ စည်ကားနေတာ’’ ဟု ပြည်သာယာ (၃) လမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

           အဆိုပါ နေအိမ်သို့ ရဲမှူးကိုယ်တိုင် ရောက်ရှိနေပြီး ဖြေဆိုခွင့် မရှိသောကြောင့် အခြားအရာများ ကို မဖြေဆိုနိုင်ကြောင်း မိတ္တီလာ ရဲစခန်းမှ ရဲအုပ်တစ်ဦးက ဆက် သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

‘‘အခြေအနေက မီးလောင် နေတာမဟုတ်ဘဲ ဟိုတစ်ကွက် ဒီတစ်ကွက် ထလောင်နေတော့ လိုအပ်မှ မီးသတ်ကို ဖုန်းဆက် မယ်ပြောတယ်။ လူတွေကတော့ အများကြီးပဲ။ တစ်ခုခု အမှားလုပ် မိလားဆိုပြီးတော့ လူတွေက ပြောနေကြတယ်။ ငြိမ်းလိုက်၊ ထလောင်လိုက်ဖြစ်နေတာ’’ ဟု သွားရောက်ကြည့်ရှုခဲ့သည့် ကိုဝေ လွင်က ဆိုသည်။

တစ်နေ့လုံး မီးထတောက်မှု များ ခဏခဏဖြစ်ပွားနေသည့် အဆိုပါနေအိမ်ကို အကြောင်းရင်း သေချာစွာ မသိရှိရသေးသော် လည်း မီးမငြိမ်းသဖြင့် ည ၇ နာရီခွဲခန့်တွင်တော့ မီးသတ်ကားများ ရောက်ရှိလာကြောင်း သိရသည်။

‘‘ကျွန်တော်ကတော့ ဒါတွေ ကို အယုံအကြည်မရှိဘူး။ ယုံ လည်းမယုံဘူး။ ဒါကြောင့် သွား ကိုမကြည့်ဘူး’’ ဟု မိတ္ထီလာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းထိန်က ပြောသည်။

Author: ဥက္ကာကိုကို၊ အိဖြူမွန်

7DAY DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ