Related Posts Plugin for WordPress, Blogger...

Photo: အရက်နှင့် ဘီယာသောက်သုံးမှု များပြား၍ ယမန်နှစ်ကထက် ဘီယာဂါလန် တစ်သန်းကျော် ပိုထုတ်ထား

၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ ၁၀ လအတွင်း ပြည်တွင်းဘီယာ ထုတ်လုပ်မှုမှာ ဂါလန် ၂၇ သန်းခွဲခန့်ရှိကာ ယခင်တစ်နှစ်လုံး ထုတ်လုပ်မှုထက် ဂါလန်တစ်သန်းကျော် ပိုမိုခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။

ယခင်နှစ်တစ်နှစ်လုံး ထုတ်လုပ်ခဲ့သည့် ဘီယာပမာဏမှာ ဂါလန် ၂၆ သန်းကျော်ရှိပြီး ၁၀ လအတွင်း ဘီယာထုတ်လုပ်မှုမှာ ဂါလန်ပေါင်း ၂၇ သန်းနီးပါးအထိ ရှိခဲ့ခြင်းကြောင့် ဂါလန်တစ်သန်းကျော် ပိုမိုထုတ်လုပ် ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အရက်နှင့်ဘီယာ သောက်သုံးမှုမြင့်မား လျက်ရှိပြီး နှစ်စဉ်ပြည်တွင်း၌ ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း)နှင့် အထက်ရှိကြောင်း သိရသည်။

ဘီယာတစ်မျိုးတည်း ထုတ်လုပ်မှု အနေဖြင့်မူ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း သန်း ၂၀နီးပါးအထိ ထုတ်လုပ်ခဲ့ကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၆ သန်းအထိ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ၁၀ လအတွင်း ထုတ်လုပ်မှုပင်လျှင် ဂါလန်ပေါင်း ၂၇ သန်းခွဲနီးပါး အထိရှိကြောင်း သိရသည်။

အဆိုပါပမာဏမှာ ပြည်တွင်း၌ ထုတ်လုပ်သည့် ပမာဏဖြစ်ပြီး လစဉ်ထုတ်လုပ်သည့် ဘီယာဂါလန်ပေါင်းမှာ နှစ်သန်းခွဲကျော်မှ သုံးသန်းခွဲကျော် အထိရှိပြီး ပြည်ပမှတင်သွင်း ရောင်းချလျက်ရှိသည့် ဘီယာအမှတ်တံဆိပ် များစွာရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင်ဘီယာနှင့် အရက်ချက်စက်ရုံများ ရှိသကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင် အစည်းအဝေးမှ စိစစ်ခွင့်ပြုချက်များအရ ယခုအခါ နိုင်ငံသား ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် ဘီယာကုမ္ပဏီများပါ ၀င်ရောက်လာပြီဖြစ်သည်။

အရက်၊ ဘီယာနှင့် ၀ိုင်အမျိုးမျိုးပေါ်တွင် အခွန်စည်းကြပ် ကောက်ခံရာတွင် ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင်လည်းကောင်း၊ နိုင်ငံတော်အတွင်း ထုတ်လုပ်သော ကုန်စည်ဖြစ်လျှင် ရောင်းရငွေပေါ်တွင် လည်းကောင်း ကောက်ခံမည့် အခွန်နှုန်းထားမှာ ၅၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

(မြ၀တီနယ်စပ်မှတစ်ဆင့် တင်သွင်းလာသည့် ပြည်ပထုတ် ဘီယာများကို တွေ့ရစဉ် (ဓာတ်ပုံ) ရွှေသိန်း (မြ၀တီ))၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ ၁၀ လအတွင်း ပြည်တွင်းဘီယာ ထုတ်လုပ်မှုမှာ ဂါလန် ၂၇ သန်းခွဲခန့်ရှိကာ ယခင်တစ်နှစ်လုံး ထုတ်လုပ်မှုထက် ဂါလန်တစ်သန်းကျော် ပိုမိုခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။

ယခင်နှစ်တစ်နှစ်လုံး ထုတ်လုပ်ခဲ့သည့် ဘီယာပမာဏမှာ ဂါလန် ၂၆ သန်းကျော်ရှိပြီး ၁၀ လအတွင်း ဘီယာထုတ်လုပ်မှုမှာ ဂါလန်ပေါင်း ၂၇ သန်းနီးပါးအထိ ရှိခဲ့ခြင်းကြောင့် ဂါလန်တစ်သန်းကျော် ပိုမိုထုတ်လုပ် ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အရက်နှင့်ဘီယာ သောက်သုံးမှုမြင့်မား လျက်ရှိပြီး နှစ်စဉ်ပြည်တွင်း၌ ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း)နှင့် အထက်ရှိကြောင်း သိရသည်။

ဘီယာတစ်မျိုးတည်း ထုတ်လုပ်မှု အနေဖြင့်မူ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း သန်း ၂၀နီးပါးအထိ ထုတ်လုပ်ခဲ့ကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၆ သန်းအထိ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ၁၀ လအတွင်း ထုတ်လုပ်မှုပင်လျှင် ဂါလန်ပေါင်း ၂၇ သန်းခွဲနီးပါး အထိရှိကြောင်း သိရသည်။

အဆိုပါပမာဏမှာ ပြည်တွင်း၌ ထုတ်လုပ်သည့် ပမာဏဖြစ်ပြီး လစဉ်ထုတ်လုပ်သည့် ဘီယာဂါလန်ပေါင်းမှာ နှစ်သန်းခွဲကျော်မှ သုံးသန်းခွဲကျော် အထိရှိပြီး ပြည်ပမှတင်သွင်း ရောင်းချလျက်ရှိသည့် ဘီယာအမှတ်တံဆိပ် များစွာရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင်ဘီယာနှင့် အရက်ချက်စက်ရုံများ ရှိသကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင် အစည်းအဝေးမှ စိစစ်ခွင့်ပြုချက်များအရ ယခုအခါ နိုင်ငံသား ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် ဘီယာကုမ္ပဏီများပါ ၀င်ရောက်လာပြီဖြစ်သည်။

အရက်၊ ဘီယာနှင့် ၀ိုင်အမျိုးမျိုးပေါ်တွင် အခွန်စည်းကြပ် ကောက်ခံရာတွင် ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင်လည်းကောင်း၊ နိုင်ငံတော်အတွင်း ထုတ်လုပ်သော ကုန်စည်ဖြစ်လျှင် ရောင်းရငွေပေါ်တွင် လည်းကောင်း ကောက်ခံမည့် အခွန်နှုန်းထားမှာ ၅၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

(မြ၀တီ))

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ