Related Posts Plugin for WordPress, Blogger...

Photo: သတိ... သတိ.. သတိတော့ထား
----------------------------------
အနောက်ဘက် တံခါး ကျိုးပျက်သွားပြီးနောက်တွင် တရားမ၀င်သူတို့သည် ဒေသခံများထက် များပြားလာသောအခါ အနုနည်းဖြင့် တစ်မျိုး၊ အကြမ်းနည်းဖြင့် တစ်မျိုး နယ်မြေစိုးမိုးရေးကို လုပ်ဆောင်လာကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား နယ်စပ်တစ်လျှောက်တွင်ရှိသော ရွာစဉ် ရွာငယ်များကို ခြိမ်းခြောက်မှုတို့ကြောင့် နေစဉ်နှင့်အမျှ ရပ်ရွာများကို စွန့်ခွါပြီး ပြည်တွင်းထဲသို့ ထွက်ခွါလာနေခြင်းသည် အကြမ်းဖက် နယ်မြေစိုးမိုးချင်သူတို့၏ လုပ်ရပ်အောင်မြင်သည်ဟု ဆိုရမည်။ ယခု တရားမ၀င်သူတို့သည် မြန်မာနိုင်ငံ မြေပုံအား ဖဲ့ထုတ်ပြီး ပါကိစ္စတန် ဂျိန်နာဘတ်ကို တွင်းတွင်းကျယ်ကျယ် လုပ်ဆောင်လာခြင်းဖြစ်သည်။ အစိုးရမှ နယ်မြေလုံခြုံရေးဟု လက်နက်ကိုင်အဖွဲ့အစည်းများကို မေယုမြေသို့ ချပေးထားသော်လည်း လက်နက်ကိုင်ပြီး တစ်ဦးတည်း တစ်ယောက်တည်းဖြင့် ဘင်္ဂလီကုလားများကို မသွားရဲလောက်အောင်ထိ အခြေအနေမှာ ဆိုးရွားနေသည်။ စာရေးသူ မှတ်တမ်းပြုမိသလောက် အစိုးရ၏ ဌာနဆိုင်ရာများနှင့် တရားမ၀င်သူ RSO တို့ကြားတွင် 

၁။ ၂၀၁၃ ခုနှစ်မှ နယ်စပ်ခြံစည်းရိုးကို ပြုပြင်နေသော တပ်တော် ဆောက်လုပ်ရေးမှ တပ်သား (၃) အား RSO ဟုခေါ်သော တာလီဘန်အဖွဲ့အစည်းများ၏ အကြမ်းဖက်သင်တန်းရောက်ထားသည့် အဖွဲ့အစည်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း ယနေ့အချိန်ထိ အစအနကို ရှာမတွေ့သေးခြင်း။

၂။ ၂၀၁၃ ခုနှစ်ထဲတွင် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များကို သုံးသပ်နိုင်ဖို့အတွက် ဆွဲတင်စစ် လ၀က လုပ်ငန်းအား တရားမ၀င် ၀င်ရောက်လာသူများမှ ၀ိုင်းရိုက်ရာ ထွက်ပြေးလာရခြင်း။

၃။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလထဲတွင်ပင် စစ်တွေမြို့နယ်၊ မှန်စီကျေးရွာတွင် လုံခြုံရေး ရဲသားအား ဘင်္ဂလီများမှ ၀ိုင်းရိုက်သဖြင့် (၁)ဦးပွဲချင်းပြီး သေဆုံးခဲ့ရပြီး တစ်ဦးမှာ ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့ခြင်း။

၎။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် မောင်တောမြို့နယ် ဒုချီရားတန်းတွင် လုံခြုံရေးတပ်ကြပ် အောင်ကျော်သိန်း အလောင်းအား ယခုထိတိုင်းရှာဖွေ မတွေ့ရှိသေး။ 

၅။ ၂၀၁၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က မောင်တောမြို့နယ် တောင်ပြိုဒေသတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များနှင့် RSO တို့ တိုက်ပွဲဖြစ်ပွါးခဲ့ရာ အစိုးရအဖွဲ့မှ တပ်ကြပ်(၁)ဦးနှင့် တပ်သား (၂)ကျဆုံးခဲ့ရခြင်း။

၆။ ၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က မောင်တောမြို့နယ်တွင် အစိုးရလုံခြုံရေးတပ်ဖွဲ့နှင့် RSO တို့ တိုက်ပွဲဖြစ်ပွါးရာ (၄)ဦးသေဆုံးပြီး (၂) ဦးပျောက်ဆုံး။ ဒုတပ်ကြပ် နွေဦးမောင်မှာ ဒဏ်ရာပြင်းထန်းစွာရရှိခဲ့ပြီး ၁၉၊ ၅၊ ၂၀၁၄ ရက်နေ့မှာ စစ်တွေပြည်သူ့ဆေးရုံကို တင်ဆောင်ထားရ။ 

ဒီနေရာတွင် စာရေးသူတို့သည် မေယုဒေသတွင် နေထိုင်ကြသော ရခိုင်များကို မိမိတို့ လုံခြုံရေးအတွက် အစိုးရကို အပြည့်အ၀ အားကိုး၍ မရတော့ကြောင်း သတိပြုသင့်သည်။ လူဦးရေ အချိုးအရ တရားမ၀င်သူ ၉၅%တွင် ဒေသခံ ၅% သည် တရားမ၀င်သူ ၉၅ ယောက်တွင် ဒေသခံ ၅ ယောက်နှုန်းဖြစ်နေသည်။ ထို့ကြောင့် မိမိတို့ လုံခြုံရေးအတွက် အရံသင် တူမီလက်နက်၊ တခြားလက်နက်များကို ကိုင်စွဲထားပြီး ညများတွင် ကင်းစောင့်ကြရန် တိုက်တွန်းဖို့လိုလာပြီးဖြစ်သည်။ သွားသတိ လာသတိများကို အယင်းခါထက် နှစ်ဆတိုး သတိထားသင့်သည်။ မြစ်ကမ်းစပ်တစ်လျှောက်တွင် လောင်းလှေအခွံများများကို မကြာခဏ ဖမ်းမိခြင်းသည် ပြည်တွင်းထဲရောက်ရှိနေသော တရားမ၀င်သူများကိုလည်း သတိပြုသင့်သည်။ တရားမ၀င်သူများသည် ဟိုဘက် ပေါက်ဖော်နိုင်ငံနှင့် နှစ်နိုင်ငံ တစ်နိုင်ငံပုံစံမျိုးဖြစ်သည်။ ဒီဖက်ကို ကူးလာလျှင်လည်း ဒီစကား၊ ဒီဘာသာ ၊ ဒီလူမျိုး၊ ဟိုဖက်နိုင်ငံကို ကူးသွားလျှင်လည်း ဒီဘာသာ၊ ဒီစကား၊ ဒီလူမျိုးဖြစ်နေသည့်အတွက် တပ်ဖျောက်ရ လွယ်ကူးနေသည်။ ရန်သူသည် ပရိယာယ်များသည်။ သူတို့အကြောင်းကို ရခိုင်တို့ ကောင်းကောင်းသိကြသည် မဟုတ်လား။ သမိုင်းနဲ့ချိန်ပြီး သိခြင်းမျိုးသည် ယခုပိုပြီး သတိထားရတော့မည်ဖြစ်သည်။ ယခု အကြမ်းဖက်သူများသည် လုံခြုံရေးတပ်ဖွဲ့များကိုတောင် ပေါ်တင်တိုက်ခိုက်လာလျှင် အကြမ်းဖက်သူတို့၏ အထာအရ အရပ်သားများကို များမကြာမှီများ အုံ့လိုက် ကျင်းလိုက် တိုက်ခိုက်လာနိုင်သည်။ သက်သေ သာတကအဖြစ် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ကို နမူနာယူထားသင့်သည်။ သိပ်မကြာခင် နှစ်နှစ်တင်းတင်းပြည့်တော့မည်ဖြစ်သည်။ ထို့ကြောင့် ပြည်ပရောက်၊ ပြည်တွင်းနေ၊ အင်တာနက် သုံးစွဲသူများ၊ တစ်ဆင့်စကား တစ်ဆင့်နား၊ ကြားသူများအနေဖြင့် နယ်စပ်ဒေသများကို ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်သောအခါ မိမိတို့ ကျေးရွာလုံခြုံရေးအတွက် မိမိတို့ဘာသာ ဆောင်ရွက်ကြဖို့ ဆော်အော်ကြပေတော့ဟု တိုက်တွန်းလိုပါသည်။ 

အစိုးရအား ၂၀၁၃ ခုနှစ်မှ ရခိုင်ပြည်သူလူထုအပါအ၀င် ပြည်သူကိုယ်စား လွတ်တော်ကိုယ်စားလှယ်များမှ မောင်တောမြို့နယ် နယ်စပ်တစ်လျှောက်ကျေးရွာများကို ပြည်သူ့စစ်ဖွဲ့ဖို့ တောင်းဆိုခဲ့သည်ကိုလည်း အစိုးရမှ ပယ်ချခဲ့ပြီးဖြစ်သည်။ ထိုပြင် ၂၀၁၃ ခုနှစ်မှာပင် ရက္ခိုင့်တပ်မတော် AA ကို နယ်ခြားစောင့်တပ်ဖွဲ့ပေးဖို့အတွက် RNDP ဥက္ကဌ ဒေါက်တာအေးမောင်မှ လွတ်တော်တွင် တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ထို့ကြောင့်အစိုးရမှ ရခိုင်ပြည်နယ်၏ လုံခြုံရေးကို သူတို့ တာဝန်ယူမည်ဟု အသံကောင်းဟစ်နေသော်လည်း ထင်သလောက် အလုပ်မဖြစ်သည်ကို သက်သေပြနေသည်။ ထို့အတွက်ကြောင့် မိမိတို့အသက်ကို မိမိတို့နည်းဖြင့်လည်း ကာကွယ်ရတော့မည်ဖြစ်သည်။ လိုအပ်လာလျှင် ရခိုင်လူငယ်တိုင်း မေယုမြေလုံခြုံရေးအတွက် အသင့်အနေအထားဖြစ်နေအောင် အဆင့်သင့် လိုအပ်သည်များကိုလည်း လုပ်ထားကြရမည်ဟု တိုက်တွန်းလိုပါသည်။ ပြည်ပရောက် လူငယ်များသည်လည်း ပြည်ပမှ အတွေ့အကြုံများ၊ အသိပညာဗဟုသုတများကို သယ်ဆောင်ပြီး ပြည်ပတွက် (၅)နှစ်နေပြီးသူတိုင်း ပြန်လာသင့်ပြီးဖြစ်သည်။ ရခိုင်အရေးကို ရခိုင်မလုပ်လျှင် မည်သူလုပ်မည်နည်း။ တခြားလူများကို အပြစ်ဖို့ခြင်းထက် ငါရခိုင်ဖြစ်သည့်အတွက် ငါကို ငါသာ အပြစ်တင်သင့်သည်ဟု မှတ်ယူလျှက် အချိန်တန် အိမ်ပြန်လာကြဖို့လည်း တိုက်တွန်းလိုပါသည်။

ဝေဟင်အောင်
၂၀၊ ၅၊ ၂၀၁၄။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ