Related Posts Plugin for WordPress, Blogger...

By Nyo Nyo Win စစ်တွေ ၊ ၂၉ မေလ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]
ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးကျော်ခင်သည် ပညာရေးဌာန ပြည်နယ်အဆင့် အရာရှိတစ်ဦးအား မိမိ၏ ရုံးခန်းအတွင်းသို့ ခေါ်ယူဆဲဆိုပြီး၊ ထိုအရာရှိ၏ ကိုယ်ရေးလက်ထောက်အား မျက်နှာကို လက်သီးဖြင့် ထိုးခြင်း၊ နောက်မှ ပြေးလိုက်ကာ ပါးရိုက်ရန်ကြိုးစားခြင်းတို့ ပြုမူခဲ့သည် ဟု သိရသည်။
လွန်ခဲ့သော သုံးရက်ခန့်က ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးကျော်ခင်သည် ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးလှစိန်ထွန်း နှင့် ၄င်း၏ လက်ထောက်အား မိမိ၏ ရုံးခန်းသို့ ဆင့်ခေါ်ပြီး အထက်ပါအတိုင်း ပြုမူခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။ 

ထို့အပြင် ထို့အပြင် ရာထူးအပြောင်းအရွှေ့အတွက် ၄င်းယူလာသော စာရင်းရှည်ကြီးထဲမှ နာမည် နှင့် ကျောင်းများအတိုင်း ပြောင်းပေးရမည် ဟု အမိန့်ပေးကာ ခိုင်းစေသဖြင့် လုပ်သက်အနုအရင့် အစဉ်ထားခြင်း အစရှိသည့် လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ကာလုပ်ပေးရမည့် အခြေအနေရောက်နေသဖြင့် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးအနေဖြင့် ရာထူးအပြောင်းအရွှေ့ အော်ဒါများထုတ်ရန် များစွာ အခက်အခဲဖြစ်နေသည် ဟု သိရသည်။ ဦးကျော်ခင်ကြောင့် ပင် ယမန်နှစ်က ရခိုင်ပြည်နယ်အတွင်း ရာထူးအပြောင်းအရွှေ့အော်ဒါများ မထွက်နိုင်ခဲ့ ဟု ဆိုသည်။

ထို့အပြင် မူလတန်းဆရာများအပြောင်းအရွှေ့ကို မြို့နယ်အဆင့် အရာရှိများက လက်မှတ်ထိုးထုတ်ပေးရမည်ကို လုပ်ထုံးလုပ်နည်းများ အတိုင်းမဟုတ်ဘဲ ပြည်နယ်ရုံးက လက်မှတ်ထိုးထုတ်ပေးရန် ဦးကျော်ခင်က အမိန့်ပေး သည် ဟုလည်း သိရသည်။
ဦးကျော်ခင်၏ အဖန်ဖန်နှိပ်စက်မှုများကို ခံစားနေကြရသော ရခိုင်ပြည်နယ် ပညာရေးမှူး ရုံးအဖွဲ့၏ ၀န်ထမ်းများအားလုံး လက်မှတ်ထိုးကာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံ တိုင်ကြားစာပေးပို့ရန် ပြင်ဆင်နေကြသည်ကို ကြားသိရသော ဦးလှမောင်တင်က ထိုကဲ့သို့တိုင်ကြားစာဖြင့် တရားဝင် တိုင်ကြားခြင်းမပြုလုပ်ရန် အသိပေးပြီးနောက် ဦးကျော်ခင်အား ခေါ်ယူတွေ့ဆုံဆွေးနွေး ခဲ့သော်လည်း ဦးကျော်ခင်မှာ နဂိုအချိုးအတိုင်း မင်းမူနေဆဲပင်ဖြစ်သည် ဟု သိရသည်။
( Coral Arakan News အတွက် ညိုညိုဝင်း ရေးသားသည်။ )

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ