Related Posts Plugin for WordPress, Blogger...



မေလ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စိန်ခေါ်တဲ့အကြောင်း၊ သတ္တိရှိရှိ လုပ်ဖို့ လိုတဲ့အကြောင်း၊ နိုင်ငံရေးလုပ်ဖို့ ဥပဒေနဲ့ ကိုက်ညီအောင် မိမိကိုယ်ကိုယ်ပြင်ဖို့ (ဥပမာ-နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်ကထွက်) ဆိုပြီး ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာရော အဲလို သတ္တိရှိရဲ့လား၊ ဥပဒေနဲ့ ကိုက်ညီအောင် မိမိကိုယ်ကိုယ် ပြုပြင်နိုင်ရဲလား ကျွန်မစိန်ခေါ်ပါရစေ။

သတ္တိမရှိတာဘယ်သူလဲ။ မိမိကိုယ်ကိုယ် သေချာမေးကြည့်ပါ။ ကိုယ့်ကိုယ်ကို မလိမ်ပါနဲ့ ဒေါ်စု။ လုပ်ချင်တာက သမ္မတ။ ပြင်ချင်တာက ၅၉(စ)။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြည်သူကို ချမပြရဲဘူး။ “ကျွန်မ သမ္မတလုပ်ချင်လို့ ၅၉(စ) ပြင်ဖို့ လက်မှတ်ထိုးပါ”     ဆိုပြီး အမှန်အတိုင်း ပြောဖို့ သတ္တိမရှိဘူး။ ကိုနေမျိုးဇင်နဲ့ ကိုဝင်းချိုတို့က ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲလုပ်တာတွေ့တော့မှ သတိရပြီး ၄၃၆ ဆိုပြီး ခေါင်းစဉ်တပ် လက်မှတ်ထိုးပွဲလုပ်တယ်။ လူထုခေါင်းဆောင် ဆိုတဲ့လူက အဲ့လောက်တော့ သူရဲပေါ မကြောင်သင့်ဘူး။ ဘာဖြစ်လဲ.. သမ္မတလုပ်ချင်ရင် လုပ်ချင်တယ်ပေါ့.. လက်မှတ်ထိုးပေးကြပါ.. ပြောရဲရမှာပဲ။ ကိုယ့်ကိုယ်ကို လူထု သန်း ၆၀ က အမှန်တကယ် ထောက်ခံတယ်လို့ ယုံကြည်ရင် ဒဲ့လုပ်ရဲရမှာပဲ။ အခုတော့ ခိုးချောင်ခိုးဝှက်နဲ့ ပြည်သူကို ၄၃၆ ဆိုပြီး မလှိမ့်တပတ်လုပ်တယ်။ ဒါမျိုးလုပ်တာ ရှက်ဖို့လည်းကောင်းပါတယ်။ ဒီတော့ သတ္တိရှိပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးချင်တယ်။

နောက်တစ်ခုက နိုင်ငံရေးလုပ်ဖို့ ဥပဒေနဲ့ ညီအောင် မိမိကိုယ်ကိုယ် ပြုပြင်ဖို့ ဆိုတာပဲ။ ဒေါ်စု ပြောတာ မှန်ပါတယ်။ နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်က ထွက်ရမယ်။ သိပ်ကောင်းတယ်။ ဒါပေမယ့် စစ်သားဖြစ်နေတဲ့လူက စစ်တပ်က ထွက်တာ လွယ်တယ်။ ဒေါ်စုလည်း သမ္မတလုပ်ချင်ရင် နိုင်ငံခြားသားနဲ့ ပတ်သက်နေတာတွေ အကုန်ဖြတ်လေ။ ဘယ်လိုလဲ..။ လူအတွက် ဥပဒေကို မပြင်ပါနဲ့။ ဥပဒေနဲ့ ဘောင်ဝင်အောင် လူကို ပြင်ပါ။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ကိုယ်ကျိုးတွေ အရမ်းစွန့်ခဲ့တယ်လို့ လော်ဘီတွေက အမြဲရေးနေကြတယ်။ အခု သမ္မတလုပ်ဖို့တောင် မြန်မာစကားမတတ်တဲ့ သားတွေကို မစွန့်နိုင်ပါလား။ သေသွားတဲ့ တိုင်းတပါးသား ယောင်္ကျားကို မစွန့်နိုင်ပါလား။  ကိုယ်တိုင်ကတော့ မပြင်နိုင်၊ မပြောင်းနိုင်ပဲ တခြားလူကိုတော့ ဘယ်ပြောင်း၊ ဘာလုပ် လို့ အော်ဟစ်နေတဲ့ ဒေါ်စုပုံက ရန်လိုမှုတွေ၊ အာဏာမက်မောမှုတွေကို ထင်သာနေတယ်။ ခေါင်းဆောင်ဆိုတာ ကိုယ်တိုင်အရင် လုပ်ပြီးမှ သူများကို ခိုင်းရတယ်။ ကိုယ်မလုပ်နိုင်တာကို သများအတင်းခိုင်းတာ အောက်တန်းစားဆန်တယ်။ အသက်လည်း မငယ်တော့တာမို့ ဒါမျိုးအလုပ်တွေကို ရှောင်ကြဉ်ပါ ဒေါ်စု။

နောက်ဆုံးတစ်ခုကတော့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ကိုယ့်အခြေအနေကို သိပါ။ ပြည်သူဆီက ရတဲ့ လက်မှတ်တွေက ပုဒ်မ ၄၃၆ ကို နားလည်လွန်းလို့၊ ပြင်ချင်လွန်းလို့ လာထိုးတာ မဟုတ်ဘူးဆိုတာကို သတ္တိရှိရှိလက်ခံပါ။ ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ် မှာ လူသိန်းချီလာတယ်လို့ မီဒီယာတွေက ရေးကြတယ်။ ရှေ့ဆုံးက ထိုင်တဲ့ ကလေးတွေကို ပုဒ်မ ၄၃၆ ဆိုတာ သိလားလို့ ဒေါ်စု မမေးရဲဘူး။ မီဒီယာတွေကလည်း မမေးရဲဘူး။ အလားတူ လက်မှတ်လာထိုးတဲ့လူတွေကို ၄၃၆ ဘာကြောင့် ပြင်ချင်တာလဲဆိုတာ ဘယ်သူမှမမေးရဲဘူး။ လူထု တစ်ရပ်လုံးက ၄၃၆ ကို ပြင်ချင်တယ်လို့ ပြောပြန်တယ်။ တကယ်ဟုတ်တယ်ဆိုရင် ဒေါ်စု အိမ်မှာထိုင်နေပြီး လက်မှတ် ကောက်ခိုင်းလိုက်ပါ။ မြို့နယ်လိုက်က NLD ရုံးတွေကို မိမိဆန္ဒအလျှောက် လက်မှတ်သွားထိုးဖို့ ကြေညာလိုက်ပါ။ မြန်မာပြည်သူ ဘယ်နှယောက် လက်မှတ် သွားထိုးမယ် ထင်ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် အဲလို လုပ်ရဲပါသလား။

၁။ အမှန်တကရားကို လက်ခံပါ။ ပြည်သူ့ဆန္ဒအမှန်ကို လေးစားပါ။ ကိုယ်တိုင်လိုက်မထည့်ခိုင်းပဲ ပြင်ချင်စိတ်ရှိတဲ့လူကို ရုံးကို လာထည့်ခိုင်းပါ။
၂။ ဥပဒေကို လေးစားပါ။ သမ္မတလုပ်ချင်ရင် လင်တွေ၊ သားတွေကို စွန့်ပါ။ ဥပဒေကို မပြင်ပါနဲ့။
၃။ သတ္တိရှိပါ။ "သမ္မတလုပ်ချင်လို့ ၅၉(စ) ပြင်ဆင်ရေးလက်မှတ်ထိုးပါလို့" ပေါ်တင်ပြောပါ။

ဒေါ်စု စကားအတိုင်းပြောရရင် ဒါဟာ တိုက်တွန်းတာ ဖြစ်တယ်။ တနည်းအားဖြင့် စိန်ခေါ်တာ ဖြစ်တယ်။ 
- www.MyanmarExpress.net

Posted by Unknown on 5/29/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ